ရွှေတူးဖော်မှုပြုလုပ်သည့် နားဟိုင်းလုံ နေအိမ်ရေဝင်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလေမြို့ နားဟိုင်းလုံကျေးရွာအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နေအိမ်တစ်ချို့ထဲ သဲ၊ ရွှံ့ ဝင်ပြီး ပျက်စီးမှုရှိကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဇူလိုင် ၁၉) ရက် ည ၉ နာရီဝန်းကျင်တွင် ရွှေတူးဖော်မှုများ လုပ်ဆောင်နေသည့် နားဟိုင်းလုံကျေးရွာတွင် မိုးရွာသွန်းမှုကြောင့် နေအိမ်ထဲ သဲ နှင့် ရွှံ့များနှင့်အတူ ရေဝင်လာကြောင်း နားဟိုင်းလုံ ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက မိုးအရမ်းကြီးတာ။ မိုးကြီးပြီး ရေချောင်းက မြင့်တက်လာတယ်။ ကျေးရွာထဲကို ရေဝင်လာတာ။ ရေ ပဲဝင်လာတာမဟုတ်ဘူး။ သဲတွေကောပါတယ်။ ရွှံ့တွေ ကောပါတယ်။ တစ်ချို့အိမ်တွေက အိမ်တစ်ဝက်လောက်ထိ မြှုပ်သွားတယ်။ ပျက်စီးမှုတွေလည်းရှိတယ်” ဟု နားဟိုင်းလုံ ဒေသခံ အမျိုးသား ကဆိုသည်။

လက်ရှိတွင် ရေကျဆင်းသွားသော်လည်း နေအိမ်ထဲတွင် သဲ နှင့် ရွှံ့များ ကျန်ရှိနေကြောင်း၊ လမ်းလည်း ရွှံ့များ ထူထပ်နေကြောင်း သိရသည်။

နားဟိုင်းလုံကျေးရွာတွင်း ရေကြီးမှု

“အခုတော့ ရေကျသွားပါပြီ။ ဒါပေမဲ့ လမ်းတွေမှာ၊ နေအိမ်တွေ တစ်ချို့ကတော့ သဲတွေ၊ ရွှံ့တွေ အထူထပ်ကြီး ကျန်နေသေးတယ်။ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူး။ အိမ်ထဲမှာ သဲတွေလည်းဝင်လို့ ပြန်ယူထုတ်ဖို့ ခက်ခဲတာပေါ့” ဟု ၎င်းက ပြောသည်။

နားဟိုင်းလုံကျေးရွာအနီး တဝိုက်တွင် ရွှေတူးဖော်မှုများရှိသည့်အပြင် သစ်တောဖြုန်းတီးမှုကြောင့် နှစ်စဉ် ရေကြီးမှုဖြစ်ပွားခဲ့ပြီး ယခုနှစ်သည် ယခင်နှစ်တွေထက် ရေပိုကြီး လာကြောင်းသိရသည်။

ထို ရေကြီးမှုနှင့် ပတ်သက်ပြီး ကျေးရွာဥက္ကဌ နှင့် သက်ဆိုင်ရာ ကုမ္ပဏီများက ပျက်စီးဆုံးရှုံးများ ကို လာကောက်သွားပြီး ကြောင်းသိရသည်။

နားဟိုင်းလုံ ကျေးရွာတွင်း ရေကြီးမှု

“ ဒီနေ့ ဥက္ကဌတွေတော့ နာမည်စာရင်းတွေ လာကောက်သွားတာတော့ရှိတယ်။ ရွှေတူးဖော်တဲ့ ကုမ္ပဏီကလည်း လာကြည့်သွားတယ်။ ပျက်စီးမှုစာရင်းတော့ လာကောက်သွားပါတယ်။ လျော်ကြေးတော့ ပြန်ရမလားမသိဘူး။ အရင်နှစ်တွေကတော့ ရပါတယ်။ ရလည်း နည်းနည်းပဲရတာ” ဟု အသက် (၃၅)နှစ်အရွယ်ရှိ နားဟိုင်းလုံကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် အာဏာသိမ်းပြီးနောက်ပိုင်း နားဟိုင်းလုံကျေးရွာဘက်တွင် ရွှေတူးဖော်မှု ပိုများလာကြောင်း သိရသည်။ ယခင်နှစ်တွေထက်လည်း ရေပိုကြီးလာပြီး နေအိမ်ပျက်စီးမှု ပိုမိုများပြားလာကြောင်းသိရသည်။ ယခုနှစ် ရေကြီးမှုကြောင့် နေအိမ် (၃၀) သဲ ဝင်သွားကြောင်းသိရသည်။

“ လျော်ကြေးတော့ အရင်နှစ်တွေကပေးပါတယ်။ ပေးလည်း (၅) သိန်းလောက်ပေါ့။ တစ်ခါထဲမရဘူး။ ၂ – ၃ လ လောက်ကြာမှ ရတာပေါ့။ ပြီးတော့ ဒီနှစ်လည်း ရေပိုကြီးတယ်။ နေအိမ် (၃၀) လောက်လည်း ပျက်စီးတယ်။ အရင်နှစ်က နေအိမ် (၅) အိမ်လောက်ပဲ ပျက်စီးသွားတာ” ဟု ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဆက်လက် ပြောသည်။

ယခင်က ၂၀၂၀ ခုနှစ်အထိ နားဟိုင်းလုံကျေးရွာတွင် ရွှေတူးဖော်သည့် ကုမ္ပဏီ (၉) ခုသာရှိပြီး ယခုနောက်ပိုင်း ပိုများလာသည်။ ထို့အပြင် နားဟိုင်းလုံကျေးရွာသည် ၂၀၁၈ ခုနှစ်မှစပြီး ရေနှစ်စဉ်ကြီးလာပြီး နေအိမ်များလည်း ပျက်စီးလာကြောင်း သိရသည်။

ထိုသို့ ရေကြီးမှုသည် တနှစ်ထက် တနှစ် ပိုဆိုးလာသဖြင့် ပြည်သူများလည်း တစ်နှစ်ထက်တစ်နှစ် ကျေးရွာတွင် နေထိုင်ရန်အတွက် ပိုခက်ခဲလာခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...