နားဟိုင်းလုံကျေးရွာ သဲမြှုပ်နေအိမ်များကို ရွှေတူးဖော်မှုကုမ္ပဏီက တာဝန်ယူပေးခြင်းမရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် နားဟိုင်းလုံကျေးရွာတွင် ရေ ၊ သဲ မြှုပ်နေသော နေအိမ်များကို ရွှေတူးဖော်သည့် ကုမ္ပဏီမှ တာဝန်ယူ လျော်ကြေးပေးမှုမရှိသေးကြောင်း စုံစမ်းသိရသည်။

နားဟိုင်းလုံကျေးရွာသည် ပြီးခဲ့သည့် ဇူလိုင်လမှစပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူနေအိမ်များတစ်ချို့ ရေမြှုပ်သွားပြီး၊ တစ်ချို့နေအိမ်များသည် သဲမြှုပ်နေကြောင်း သိရသည်။

အဆိုပါ ရေကြီးမှုကြောင့် နားဟိုင်းလုံကျေးရွာသည် နေအိမ် စုစုပေါင်း ၃၀ ကျော် ရေကြီးပြီး လက်ရှိမှာ နေအိမ် (၃) လုံးက သဲဝင်နေပြီး နေထိုင်လို့ မရသေးကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နားဟိုင်းလုံကျေရွာ

“အခုထိ အိမ် (၃) လုံးက ဝင်နေလို့ မရသေးဘူး။ သဲတွေဝင်ကုန်တာ။ အခုထိက အိမ်ထဲ သဲတွေ ရွှံ့တွေ ရှိနေသေးတယ်။ ကုမ္ပဏီဘက်ကလည်း တာဝန်ယူ ဖြေရှင်းပေးတာမရှိသေးဘူး။ လျော်ကြေးတွေလည်း ဘာမှ မပေးသေးဘူး” ဟု ၎င်းကပြောသည်။

အဆိုပါ နေအိမ် (၃) လုံးက ပြည်သူများသည် လက်ရှိမှာ ဆွေမျိုး မိတ်ဆွေအိမ်တွေမှာ လိုက်နေထိုင်နေရကြောင်း သိရသည်။

ထိုအပြင် ရေကြီးပြီးနောက်ပိုင်း ကုမ္ပဏီများဘက်မှ ရေဝင်သွားသည့် နေအိမ်တစ်ချို့ကို လျော်ကြေးအနည်းငယ်ပေး သော်လည်း လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။

နားဟိုင်းလုံ ကျေးရွာ

လက်ရှိမှာ ပြည်သူများက စားဝတ်နေရေး ခက်ခဲသောကြောင့် ကုမ္ပဏီဘက်မှာ လျော်ကြေးလာပေးမှာကိုလည်း စောင့်မျှော်နေကြသည်။

“ ကျနော်တို့ ကျေးရွာဒေသခံတွေကတော့လည်း မျှော်လင့်တာပေါ့။ ဟိုတုန်းကတော့ လာပေးသွားလည်း နည်းနည်းပဲလာ ပေးသွားတာ။ လုံလောက်မှုမရှိဘူးလေ။ ထိခိုက် နစ်နာမှုကလည်း အိမ်တိုင်းက မတူဘူးလေ။ သူတို့က ဒီတိုင်းကြည့် ပြီးတော့ပဲ ပေးချင်သလောက်ပေးသွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နားဟိုင်းလုံကျေးရွာသည် ရေကြီးမှုကြောင့် ပြည်သူများ နေအိမ်ထဲ ရေဝင်ပြီး အိမ်သုံးပစ္စည်းများလည်း အများပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နားဟိုင်းလုံကျေးရွာသည် ရွှေတူးဖော်မှုကစပြီး နှစ်စဉ်ရေကြီးမှုဖြစ်သည့်အပြင် သဲများ နေအိမ်ထဲဝင်လာသော်လည်း ကုမ္ပဏီဘက်မှ ပြန်ရောက်လာကူပေးခြင်းလည်း မရှိသေးပေ။

၂၀၁၆ ခုနှစ်မှစတင်ပြီး နားဟိုင်းလုံကျေးရွာသည် ရေကြီးလာပြီး တစ်နှစ်ထက်တစ်နှစ် ရေကြီးမှုက ပိုဆိုးလာပြီး ပြည်သူများနေရာသစ်ပြောင်းရွှေ့ရန် အတွက် ခက်ခဲနေသေးသဖြင့် ထိုနေရာတွင်သာ ဆက်လက်နေထိုင်ရကြောင်း သိရသည်။

ကုမ္ပဏီဘက်မှ ကူညီပေးသော်လည်း အနည်းငယ်သာရသောကြောင့် နေရာသစ်သို့ ပြောင်းရွှေ့ရန် အတွက် မြေကွက်ဝယ်ယူရာအတွက်လည်း မလုံလောက်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...