Wednesday, January 28, 2026

ချယ်ရီမြေမှာ တိုးတိတ်သွားသော ကျောင်းတက်ခေါင်းလောင်းသံများ

စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်မှာ ရှမ်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာ/မ အများစု အလုပ်ထုတ်ခံရပြီး တစ်ချို့မှာ ဖမ်းဆီးထိန်းသိမ်းခံနေကြရပါတယ်။

တစ်ချို့သော ကျောင်းဆရာ/မ များကတော့ အာဏာသိမ်းမှုအစပိုင်းမှာ CDM လှုပ်ရှားမှုပါဝင်ခဲ့ပေမဲ့ မိသားစုအလိုက် စစ်ကောင်စီလက်က အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင်နိုင်ဖို့ အခက်အခဲများရှိလာသည့်အပြင် မျိုးစုံသောခြိမ်းခြောက်မှုများနဲ့လည်း ကြုံတွေ့ရတယ်လို့ ကြားသိရပါတယ်။

ထို့ပြင် ကလေးများ ကျောင်းတက်ရန် လုံခြုံရေးအရအပြင် ကျန်းမာရေးဆိုင်ရာများပါ စိန်ခေါ်မှုများရှိနေသည့် ယခုအချိန်တွင်စာသင်ဖို့ဆိုသည်မှာ လုံးဝမဖြစ်နိုင်ကြောင်း CDMကို အဆုံးထိပါဝင်ပြီး အလုပ်ထုတ်ခံထားရတဲ့ သျှမ်းတောင်မြို့နယ်တစ်ခုမှ ဆရာမတစ်ဦးဖြစ်သည့် ဒေါ်နွယ်နီခိုင် (အမည်လွှဲ) က ပြောပါတယ်။

“ပညာတတ်တွေကို ဖမ်းဆီးအကျဉ်းချ၊ လူတွေကို မထင်ရင်မထင်သလို ပစ်သတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ကျမတော့အလုပ်မလုပ်နိုင်ဘူး၊ စာသင်လဲ စိတ်ဖြောင့်မှာမဟုတ်ဘူး။ စာသင်ကျောင်းမှာ မရှိသင့်တဲ့မရှိအပ်တဲ့ စစ်သားတွေ သေနတ်တကားကားနဲ့ စိတ်ပိုင်းဆိုင်ရာ။ ရုပ်ပိုင်းဆိုင်ရာ ဘာလုံခြုံမှုမှမရှိတဲ့နေရာ စာသင်ဖို့မပြောနဲ့ ဖြတ်လျောက်ဖို့တောင်မသင့်တော်ဘူး” လို့ ပြောပါတယ်။

ဒေါ်နွယ်နီခိုင် (အမည်လွှဲ) ဟာ စစ်ကောင်စီအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ သပိတ်တွေမှာ အစဉ် တစ်စိုက်ပါဝင်ခဲ့ပြီး လက်ရှိ တိမ်းရှောင်နေရတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလဆန်းပိုင်း သပိတ်စစ်ကျောင်းမှာ ပါဝင်ခဲ့တဲ့ ဆရာ/မတွေကို ဓါတ်ပုံမှတ်တမ်းရယူထားပြီး နောက်ပိုင်းမှာ လိုက်လံဖမ်းဆီးနေတယ်လို့ CDM ဝင်ထားတဲ့ ဆရာ/မ အသိုင်းအဝိုင်းက ကောက်ချက်ချနေကြပါတယ်။

သျှမ်းပြည်တွင် စစ်ကောင်စီကို အဆုံးထိရင်ဆိုင်ရန် ပြင်ဆင်ထားသည့် ဒေါ်နွယ်နီခိုင်လို ဆရာမများရှိသလို စစ်ကောင်စီရဲ့လက်ပါးစေ ပညာရေးဝန်ထမ်းများရဲ့ ခြိမ်းခြောက်မှုများကြောင့် CDM လှုပ်ရှားမှုပါဝင်ခဲ့သော်လည်း လက်ရှိတွင် ကျောင်းပြန်တက်နေရတဲ့ သျှမ်းတောင်ရဲ့ နယ်မြို့လေးတစ်မြို့မှာ တာဝန်ကျနေတဲ့ ဒေါ်ဝါဝါအောင် (အမည်လွှဲ) လို ဆရာမမျိုးတွေလည်း ရှိနေပါတယ်။

“အာဏာသိမ်းခါစကနေ မတ်လလောက်အထိ CDM မှာ ပါဝင်ခဲ့ပေမဲ့ ကျမတို့မြို့လေးက သိပ်ကျဉ်းလွန်းတဲ့အတွက် ဘယ်သူက ဘယ်အိမ်မှာနေထိုင်တယ်။ မိသားစုဝင်တွေကအစ ဘယ်သူတွေဆိုတာ သူတို့အကုန်လုံးသိနေပါတယ်။ အစပိုင်းမှာတော့ ကျမ CDM ဝင်ပြီး တစ်ခြားမြို့တစ်မြို့ကို တစ်လကျော် ရှောင်တိမ်းနေထိုင်ခဲ့ပါတယ် ကလေးသုံးယောက်နဲ့ဆိုတော့ နောက်ပိုင်းမှာ အဆင်မပြေဘူး။ ပညာရေးဝန်ထမ်းအချင်းချင်းကပဲ ဖုန်းဆက်ပြီး ကျောင်းမလာရင် တစ်ခုခုဖြစ်တော့မယ်ဆိုပြီး ပြောလာတာမျိုးတွေရှိပါတယ်” ဟု ကျောင်းပြန်တက်ရခြင်းနဲ့ ပတ်သက်ပြီး ၎င်းက ရင်ဖွင့်ခဲ့ပါတယ်။

ဆရာမ ဒေါ်ဝါဝါအောင် (အမည်လွှဲ) နည်းတူ Non CDM ပြန်လုပ်ဖြစ်တဲ့ ကျောင်းဆရာမတွေအနေနဲ့ အကြောင်းပြချက်ကိုယ်စီ အခက်အခဲကိုယ်စီရှိကြမှာပါ။ တစ်ချို့ ဆရာမတွေဟာ ပင်စင်နားနီးနေပြီဖြစ်တဲ့အတွက် အာဏာရှင်ဆန့်ကျင်ရေးမှာ မပါဝင်ခဲ့ကြပါဘူး။ ဘယ်သူ့လက်အောက်ဖြစ်ဖြစ် ဆရာမဆိုတာ စာသင်ခန်းထဲမှာပဲ စာသင်ရမယ့်တာဝန်ရှိတယ်လို့ ခံယူထားကြတဲ့ ဆရာ/ဆရာမတွေလည်း ရှိပါတယ်။

CDM ဝင်တဲ့ ဆရာ/ဆရာမတွေကြောင့် ကျောင်းမှာ စာသင်ပေးမယ့် ဆရာမတွေ အလုံအလောက်မရှိသဖြင့် သင်ကြားရေးပိုင်းမှာ ထိခိုက်နိုင်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ကျောင်းသားအများစုဟာလဲ ကျောင်းမတက်တဲ့ ကမ်ပိန်းလုပ်နေကြပါတယ်။ အထူးသဖြင့် အထက်တန်းကျောင်းသား/ကျောင်းသူတွေဖြစ်ပါတယ်။

သျှမ်းပြည်ရဲ့မြို့တော် တောင်ကြီးမှာတော့ လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်းကျော်ကျော်သာ ရှိနိုင်တယ်လို့ မြို့ခံကျောင်းသားမိဘတစ်ဦးက သုံးသပ်ထားပါတယ်။

“အတိအကျကတော့ မပြောနိုင်ပေမဲ့ နေ့တိုင်းမြင်တွေ့နေရတာကတော့ ကျောင်းလာတက်တဲ့ ကျောင်းသားရာခိုင်နှုန်းဟာ ၃၀ ရာခိုင်နှုန်ူးသာသာလောက်ပဲရှိနိုင်တယ်။ မူလတန်းနဲ့ အလယ်တန်းလောက်ပဲ ရာခိုင်နှုန်းပိုများမယ်။ အထက်တန်းကလေးတွေကတော့ သိပ်မတွေ့ရသလောက်ပဲ” လို့ ကျောင်းအနီးမှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောဆိုပါတယ်။

တောင်ကြီးမြို့ပေါ်က အ.ထ.က ကျောင်းဝန်းရှေ့တွေမှာလည်း အကာအရံ အတားအဆီးတွေချထားပြီး ကျောင်းဝန်းထဲမှာ စစ်ကောင်စီက သေနတ်တွေနဲ့ နေရာယူထားကာ ကျောင်းတက်တဲ့ ကျောင်းသားစရင်းကို စစ်ဆေးသွားမယ့်အခြေအနေတွေ ရှိနေတယ်လို့ ကျောင်းတက်နေတဲ့ ဆရာမတွေက ပြောနေကြပါတယ်။

“ကျမရဲ့ ကလေးက ဒီနှစ်ဆယ်တန်းတက်မှာ ကျွန်မအသိ မိတ်ဆွေတွေရဲ့ကလေးတွေ အဖမ်းခံရတဲ့မြင်ကွင်း မျက်လုံးထဲကကို မထွက်သေးဘူး။မြင်ရကြားရတာတွေက အားလုံးလဲသိတဲ့အတိုင်းပဲ။ အဓိကဘာလဲဆိုရင် သူတို့ကို နည်းနည်းလေးမှမယုံတာ။ ဒီစစ်တပ်တွေ အုပ်ချုပ်နေသ၍ ကျမရဲ့ကလေးကို ကျောင်းသွားမအပ်နိုင်ဘူး။ အပြင်ကျူရှင်လဲ မထားဘူးခုချိန်မှာ ပညာရေးထက် ကလေးရဲ့ အသက်အန္တရယ်လုံခြုံရေးက ပိုအရေးကြီးတယ်” ဟု တောင်ကြီးဒေသခံ မိခင်တစ်ဦးက သူ့အမြင်ကို ပြောပါတယ်။

လက်ရှိ တောင်ကြီးမြို့ပေါ် အ.ထ.က ကျောင်းမှာ ကျောင်းတက်နေကြတဲ့ ကျောင်းသား/ကျောင်းသူများရဲ့ စာရင်းတွေကို စစ်ကောင်စီဖက်က ဇွန် ၁၇ ရက်မှာ စစ်ဆေးတော့မယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွေ့နေရပါတယ်။

မည်သို့ပင်ဆိုစေကာမူ စစ်တပ်က အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့ သို့မဟုတ် ချယ်ရီမြေရဲ့ ကျောင်းဖွင့်ချိန်ဟာ ခါတိုင်းနှစ်တွေလို ကျောင်းရှေ့မှာ တာဝန်ကျယာဉ်ထိန်းရဲ့ တစ်ဝီဝီနဲ့ဝီစီမှုတ်သံ မကြားရတော့လောက်တဲ့အထိ မစည်ကားတော့တာ အမှန်အကန်ပါပဲ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

0
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...

တော်လှန်ရေးကို အရှက်ရစေတဲ့ လိင်ပိုင်းကျူးလွန်မှု အချုပ် (၆)လ ချမှတ်မှု

0
“ကျောင်းသားလေးတွေကို ကျောင်းဆရာက လိင်ပိုင်းဆိုင်ရာ ပြုကျင့်မယ်လို့ မထင်ခဲ့သလို ကျောင်းဆရာကို ၆လပဲ ပြစ်ဒဏ်ပေးတာကမဖြစ်သင့်ဘူး” ဟု ဖယ်ခုံမြို့ ကလေးတစ်ဉီး၏ မိခင်က ရင်ဖွင့်ပြောလာသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂၄ )ရက်တွင် ဖယ်ခုံမြို့နယ် လယ်ထွန်ကျေးရွာမှ ကျောင်းတာဝန်ခံ ခွန်ဇော်ဇော်(ခ) ဇော်ဇော်ထွန်းသည် အသက်(၁၆)နှစ်အောက် Grade-9, နဲ့...