သျှမ်းပြည်အတွင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများဖွင့်
သျှမ်းပြည်အတွင်းတွင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသအာဏာပိုင် အမိန့်အရ လောင်းကစားရုံများ တရားဝင်ဖွင့်လာနိုင်ကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် အမိန့်ရ လောင်းကစားဖွင့်လာနိုင်ပြီး လွတ်လွတ်လပ်လပ်ဖွင့်လာနိုင်ကြောင်း သိရသည်။ “ဖွင့်နေကြတာပဲ။ လွတ်လွတ်လပ်လပ် ဖွင့်နေနိုင်တယ်။ အမိန့်အရ ဖွင့်နိုင်တယ်လို့ ပြောတာပဲ။ တကယ်တော့ အမိန့်ကို စောင့်စရာတောင် မလိုဘူး။ ကျနော်အခု ဖွင့်ချင်ရင်...
လောက်ကိုင်မြို့ ကလပ်တခု ရဲနှင့် စစ်သားပါ ရန်ပွဲ မှ သေနတ်ပစ်ခတ်၊ သေဆုံးသူရှိ
သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ရှိ နိုက်ကလပ် တစ်ခုတွင် ရဲ နှင့် စစ်သားပါဝင်သော ရန်ပွဲတစ်ခုဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုထိ ဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် လောက်ကိုင်မြို့ ဆင်ဖြူအဝိုင်းနား၊ မြင်ကြွယ်ဟိုတယ် အရှေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတစ်ဦး...
ကျိုင်းတုံ တပ်ကျောင်းများ ဗုံးဖေါက်ခွဲမည့် သတင်းထွက်ပေါပြီး လုံခြုံရေးတင်းကြပ်
SHAN -
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း (တပ်ကျောင်း) တို့တွင် ဗုံးဖောက်ခွဲမည့် သတင်း ထွက်ပေါ်ပြီးနောက် မြို့တွင်းလုံခြုံရေးတင်းကြပ်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၃ )ရက်နေ့တွင် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့မှ အခြေခံပညာအထက်တန်းကျောင်း အမှတ် ၁၊ အမှတ် ၄၊ အမှတ် ၅ (တပ်ကျောင်း)တို့ကို...
မုဒိမ်းကျင့်ခံရသည့် နမ္မတူ အမျိုးသမီးငယ်တစ်ဦး သေကြောင်းကြံရန်ကြိုးစား
SHAN -
မုဒိမ်းကျင့်မှုခံရသည့် သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာက အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ်သည် ပိုးသတ်ဆေးသောက်ပြီး သေကြောင်းကြံရန် ကြိုးစားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာနေ အသက် (၁၅)နှစ် အရွယ်ရှိ အမျိုးသမီးငယ် နှင့် TNLA...
လွိုင်လိန်းတောင်ပေါ် အလှူငွေပုံး ဖျက်ဆီးခိုးယူခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်ကြားရှိ လွိုင်လိန်းတောင်ပေါ် သာသနာပြုရန်အတွက် ထားရှိသည့် အလှူငွေပုံးသည် ဖျက်ဆီး ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ မိုင်းဖုန်းဆရာတော်နှင့် တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း)တို့၏ သာသနာပြု လုပ်ငန်းဖြစ်သော သျှမ်းပြည် အမြင့်ဆုံး လွယ်လိန်းတောင်အတွက် တောင်တက်လမ်းလှေခါး၊ စေတီ ၉ ဆူ နှင့် ရေအားလျှပ်စစ်အတွက်...
မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ တရုတ်နှစ်သစ်ကူးကြိုသည့် အိမ်ဝန်းထဲ သေနတ်ကျည်ဆံကျ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာတွင် တရုတ်နှစ်သစ်ကူးကြိုဆိုပွဲ ပြုလုပ်နေသည့် အိမ်ဝန်းထဲသို့ သေနတ်ကျည်ဆံ ကျရောက်လာကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၃၁)ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်အချိန် ပန်ခမ်းကျေးရွာ အိမ်တစ်အိမ်တွင် တရုတ် နှစ်သစ်ကူးကြိုဆိုပွဲ ဗြောက်အိုးများဖောက်ပြီးနောက်ပိုင်းတွင် မည်သည့်အရပ်မှ ပစ်လိုက်မှန်းမသိရသည့် ကျည်ဆံ အိမ်ဝန်းထဲသို့ ရောက်ရှိလာကြောင်း...
ကျောက်မဲမြို့ ဖုန်းစစ်ဟန်ဆောင်ပြီး ဓားထောက် ဖုန်းလုယူမှု ဖြစ်ပွား
သျှမ်းမြောက် ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ (၂၉)ရက်နေ့ ညပိုင်းက ဓားထောက်ပြီး ဖုန်းလုယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် ည (၆)နာရီ ဝန်းကျင် ကျောက်မဲမြို့ သီဟိုရ်တောင်ခြေအနီးတွင် လူငယ်နှစ်ဦးထံမှ ဓားထောက်ဖုန်းလုယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ “သူတို့ကို တားပြီး ဖုန်း စစ်မယ်လို့...
မူဆယ် မြို့မဈေး အနီး ကောင်းခါးပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ် မြို့မဈေးကြီးအတွင်းတွင် ယနေ့ (ဇန်နဝါရီ ၃၁)ရက် နေ့လည် ၁၂ နာရီခွဲကျော်တွင် ကောင်းခါးပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၁ )ရက် နေ့လည် ၁၂ နာရီ ၄၂ မိနစ်အချိန်တွင် မူဆယ်မြို့ မြို့မဈေးဘေးလမ်း ကားပေါ်တွင် ရှိနေသည့်...
မိုင်းရှူးလူငယ်တဉီးအား စစ်ကောင်စီကားဖြင့်တိုက်မိ သေဆုံး
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်ရှိ စစ်ကောင်စီတပ်မှ ကားတစ်စီးသည် ယနေ့ (ဇန်နဝါရီ ၂၉)ရက် နေ့လည် ၁နာရီ ဝန်းကျင်တွင် သျှမ်းလူငယ်တစ်ဦးကို ကားဖြင့်တိုက်ကာ လူငယ်သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ နေ့လည် ၁နာရီဝန်းကျင်တွင် မိုင်းရှူးမြို့နယ် ဝမ်လုံပန်စွဲကျေးရွာမှ မင်္ဂလာဆောင် တခုမှအပြန် စိုင်းမောင်ညို (ခ) စိုင်းနော်ခမ်းသည် ခြေလျင်တပ်ရင်း...
နောင်ချိုမြို့နယ် ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာ အမှတ် (၄)ရပ်ကွက်ရှိ ကျော်ဇော်လင်းရွှေဆိုင်သည် ယမန်နေ့ (ဇန်နဝါရီ ၂၅)ရက် နေ့လည် ၂ နာရီခွဲ ဝန်းကျင်က ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ နေ့လည် ၂ နာရီခွဲဝန်းကျင်တွင် အမည်မသိ အမျိုးသား (၄)ဦး ဆိုင်ထဲဝင်လာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်များကို...





