နောင်ချိုမြို့ ဂုတ်ထိပ်တံတားအောက်တွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာနေထိုင်သည့် အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားကျောင်းရာမှ မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဇွန် ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဂုတ်ထိပ်တံတားအောက် မိုင်းဆွဲထားသည့်နေရာကို ကျွဲသွားကျောင်းသည့် အသက် (၄၈) နှစ် အရွယ်ရှိ ဦးစိန်ဝင်းသည်...
တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ
SHAN -
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ်ပြီး အမိန့်မချခင်ကာလမှာ စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင်...
နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲ၊ဝန်ထမ်း (၅) ဦး ဒဏ်ရာရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ပညာရေးမှူးရုံးတွင် ယနေ့ (မေလ ၃၁) ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း (၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ဝန်ထမ်း (၅) ဦး အစည်းဝေးလုပ်နေချိန်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ပြင်းထန်သည့်...
မူဆယ်မြို့ အသက် ၃ နှစ် အရွယ်ကလေးတစ်ဦး လျှပ်စစ်ဓာတ်လိုက် သေဆုံး
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပျက်စီးနေသည့် ဝါယာကြိုးကိုကိုင်မိပြီး ဓာတ်လိုက်ကာ ချက်ချင်းသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ (မေလ ၃၀) ရက် ညနေ (၅) နာရီဝန်းကျင်တွင် ဓာတ်လိုက်သေဆုံးသွားသည့် ကလေးငယ်၏ မိခင်သည် အိမ်ရှေ့၌ ဈေးရောင်းနေချိန်...
လင်းခေးမြို့ ထီးတော်တင်ပွဲမှာ SSS ပြည်သူ့စစ် လောင်းကစားဝိုင်း လချီဖွင့်လှစ်
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့တို့ ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၁၇ ရက်မှ စတင်ပြီး လင်းခေးမြို့နယ်အတွင်း စတင်ဖွင့်လှစ်ကာ လောင်းကစားဝိုင်းများသည် လာမည့် ဇွန်လ ၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း...
တောင်ကြီးဆေးတက္ကသိုလ်အနီး အမျိုးသားတစ်ဦး အလောင်းတွေ့
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဆေးတက္ကသိုလ် အနီးတွင် အသက် (၄၀)အရွယ်ရှိ အမျိုးသား၏ အလောင်း တစ်လောင်းတွေ့ရှိကြောင်းစုံစမ်းသိရသည်။ ယမန်နေ့ (မေ ၃၀)ရက် မနက်ပိုင်းတွင် တောင်ကြီး ဆေးတက္ကသိုလ် အမျိုးသမီးအဆောင်၏ တောင်တက်လမ်း အနီးတဝိုက်တွင် အသက် ၄၀ ကျော် အမျိုးသားတစ်ဦး အလောင်းကိုတွေ့ရှိခဲ့ကြောင်း တောင်ကြီးတွင်...
လူငယ်များကို နိုင်ငံရေးစိတ်၀င်စားမှုလျော့နည်းလာစေရန် လောင်းကစားဝိုင်းများ ပိုမိုဖွင့်လာ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှုမရှိစေရန် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ပါဝင်လာမှုမရှိစေရန်အတွက် လောင်းကစားပွဲများ ပိုမိုဖွင့်လာနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။နမ့်စန်မြို့အနီး၀န်းကျင်ရှိ လူငယ်များ နိုင်ငံရေး နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ၀င်ရောက်လာမှုမရှိစေရန်အတွက် လောင်းကစား၀ိုင်းများကို တွင်ကျယ်စွာ...
အောင်ပန်းမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရွာသစ်ရပ်ကွက် နေအိမ်တည်းခိုခန်းတစ်ခုတွင် ယနေ့ (မေ ၃၀)ရက် မနက် ၁၁နာရီ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်မှု ပါဝင်ကူညီခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ ယနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်မှ ပြည်ထောင်စု လမ်းမဘေးရှိတော်ဝင်ဧည့်ရိပ်သာ အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း...
အင်းလေးဒေသ ကွာရန်တင်းစင်တာမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာမြောက်ပိုင်းရှိ ကွာရန်တင်းစင်တာတစ်ခုမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ ဟဲယာရွာမကျေးရွာရှိ အောင်ပင်လယ် အိမ်ဝန်းအတွင်းမှ ကွာရန်တင်းစင်တာ 10kv မီးစက် ဘထ္ထရီ များ အပါအဝင် စုစုပေါင်း သိန်း ၅၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများ ခိုးယူခြင်းခံလိုက်ရ ကြောင်း...
မူဆယ်မြို့ ပြည်သူ့စစ် လောင်းကစားဖွင့်လှစ်နေရာအနီး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ...





