တန့်ယန်းမြို့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့မှ ဓားထောက်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် တန့်ယန်းမြို့ အမှတ် ရပ်ကွက် ၂ ဘက်သို့ ကားမောင်းလာသည့် ကိုယ်ဝန်သည် အမျိုးသမီးကို အမည်မသိလက်နက်ကိုင် ၂ ဦးက ဓားကိုင်ဆောင်လာပြီး ဓားထောက်ကာ ဓားပြတိုက်သွားကြောင်း ဓားပြတိုက်ခံရသူ၏ ဆွေမျိုးတော်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အမျိုးသမီးက ကိုယ်ဝန်နဲ့ဆိုတော့ ဆေးခန်းသွားနေချိန်မှာ ရပ်ကွက် ၂ ဘက်ရောက်တဲ့ အခါမှာတော့ ဆိုင်ကယ် စီးလာတဲ့ အမျိုးသားလူငယ် နှစ်ယောက်က ကားရှေ့ပိတ်ရပ်တားပြီး သူ့ကိုကားပေါ်ကဆင်းခိုင်းတယ်၊ နောက်တော့ ဓား ထောက်ခြိမ်းခြောက်တဲ့အပြင် သူတို့ကားပေါ်တက်ခါနီး ခြေထောက်နဲ့ပါ ကန်လိုက်လို့ သူကလမ်းဘေးကို လဲကျသွားတယ်” ဟု နီးစပ်သူ အမျိုးသားက ပြောသည်။

ဓားပြခိုးယူသွားတဲ့ ကား

အဆိုပါ ခိုးယူလုယက်သူတို့သည် click အမျိုးအစား ဆိုင်ကယ်အဖြူရောင်စီး အမျိုးသားလူငယ် နှစ်ယောက်အပြင် Mark II အဖြူရောင်ကားတစ်စီးနှင့်လည်း အတူရောက်လာကြောင်း သိရသည်။

ယင်းကဲ့သို့ ဓားထောက် လုယက်မှု နှင့် ပတ်သက်ပြီး ဒေသခံပြည်သူများသည် စိုးရိမ်မှုများ မြင့်တက်နေပြီး အပြင်ထွက် သွားလာရန်လည်း စိုးရိမ်ထိတ်လန့်နေကြကြောင်းကို တန့်ယန်းမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလို နေ့ခင်းအချိန်မှာ ကားနဲ့သွားတာတောင် လုယက်ခံရတယ်၊ ကိုယ်ဝန်သည် အမျိုးသမီးကိုပါ ဓားပြတိုက် တဲ့အပြင် ကိုယ်ထိလက်ရောက် အန္တရာယ်ပြုခံရတယ်ဆိုတော့ ဆိုင်ကယ် သွားရင် ပိုပြီးတော့ စိုးရိမ်ရတယ်၊ ကလေးတွေ ကျောင်းကြို၊ ပို့ဖို့ အပြင်ထွက်ဖို့ မလုံခြုံသလို ခံစားရလို့ စိုးရိမ်ရတယ်၊ ဘယ်အဖွဲ့အစည်းကမှလည်း ဒေသလုံခြုံရေး ပြည်သူ့ကာကွယ်ရေးအတွက် မလုပ်ပေးကြဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

တန့်ယန်းမြို့အတွင်းတွင် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်တွင်လည်း လက်နက်ပြ ခြိမ်းခြောက် လုယက်ခံရမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဒေသအတွင်း မူးယစ်ဆေးဝါးပေါများလာမှုနှင့် တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ စစ်ကောင်စီမှ လုံခြုံရေး တာဝန်ယူမှုကင်းမဲ့ခြင်း တို့ကြောင့် ဒေသခံပြည်သူများမှ စိုးရိမ်စိတ်မြင့်တက်နေကြောင်း တန့်ယန်းဒေသခံများက ပြောသည် ။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တန့်ယန်းမြို့နယ်အတွင်း၌ ယခုကဲ့သို့ သူခိုးဓားပြများ ပေါများလာသည့် အပြင် ဌာနေပြည်သူ့စစ်များက တပ်သားသစ်စုဆောင်းမှုများကို အတင်းလုပ်ဆောင်ခြင်းများ ရှိနေပြီး ဒေသအတွင်း သွားလာလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ဒဏ်များကိုလည်း တိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ ကျောက်တံတိုင်းပြိုကျ အမျိုးသမီးတစ်ဦး သေဆုံး

0
 သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် မိုးသည်းထန် ရွာသွန်းမှုကြောင့် မြေထိန်းနံရံ (ကျောက်တံတိုင်း)ပြိုကျပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၈ ရက်) မနက် ၄ နာရီ ဝန်းကျင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တန့်ယန်းမြို့ ၊ ရပ်ကွက် (၆) နယ်မြေ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...