လဲချားမြို့တွင် ယခုရက်ပိုင်း သူခိုးများ ပိုမိုသောင်းကျန်းလာ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လဲချားမြို့တွင် ယခုရက်ပိုင်းအတွင်း သူခိုး၊ ဓားပြများ ပိုမိုသောင်းကျန်း လာသဖြင့် ပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

လဲချားမြို့ရှိ နောင်ပန်ကျေးရွာတွင် ယခု ရက်ပိုင်းအတွင်း ပြည်သူနေအိမ်များ မကြာခဏ ဖောက်ထွင်းခိုးခံနေရကြောင်း သူခိုး၊ ဓားပြသည် အဖွဲ့လိုက်ဖြင့် လိုက်လံခိုးယူနေသဖြင့် ပြည်သူများက လုံခြုံရေးအတွက် စိုးရိမ်နေသည်ဟု နောင်ပန်ဒေသခံ တစ်ဦးက ပြောသည်။

“လွန်ခဲ့တဲ့ (၄-၅) ရက်လောက်ကပဲ ရွာထဲကနေအိမ်မှာ ပစ္စည်းတွေ ခဏခဏခိုးခံရတယ်။ နေ့ကော၊ ညကော အခိုးခံနေရတယ်။ စျေးသွားတာပဲ ဖြစ်ဖြစ်၊ ခြံသွားတာ ဖြစ်ဖြစ်၊ အိမ်ကိုခဏပစ်ပြီး သွားလို့မရတဲ့ ကာလဖြစ်လာပြီ။ ကျနော်တို့ကော ရွာကလူတွေကော လုံခြုံရေးအတွက် စိုးရိမ်နေကြတယ် “ ဟု ဒေသခံတစ်ဦးက ပြောသည်။

လဲချားမြို့

အဆိုပါ သူခိုး၊ ဓားပြ များလာပြီး သောင်းကျန်းနေချိန် ယခုရက်ပိုင်းတွင် မည်သည့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖမ်းဆီး ဆောင်ရွက်မှုများ မပြုလုပ်ပေးကြောင်း သိရသည်။

အလားတူ လက်ရှိကာလမှာ ဆန်ဈေးနှုန်း၊ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေပြီး ဆန် (၁၀) တင်း ကို (၃၂၀,၀၀၀) ကျပ် ၊ ဆန် (၈) ပြည်လျှင် (၁၅,၀၀၀) ကျပ်အထိ မြင့်တက်နေသောကြောင့် ဒေသခံများက ပိုမိုကြပ်တည်း လာနေကြောင်း သိရသည်။

“ကုန်ဈေးနှုန်း၊ ဆန်ဈေးနှုန်း တွေက တအားတက်နေတယ်။ စားဖို့သောက်ဖို့အတွက် အလုပ်လုပ်ဖို့ကလည်း အလုပ်ကလည်း မရှိဘူး။ တစ်ဖက်ကလည်း သူခိုးတွေက များလာတယ်။ ရှာစားနေရတဲ့ကြားထဲ သူခိုးကြောင့် ပါသွားကြတယ်။ သူခိုး တင်မကဘူး မူးယစ်ဆေး ကြောင်တဲ့သူတွေလည်း များလာတယ် “ ဟု ၎င်းဒေသခံတစ်ဦး ကပြောသည်။

စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော် ကာလအတွင်း သူခိုး၊ ဓားပြသည် ပြည်သူများကို လိုက်လံဒုက္ခပေးနေသော်လည်း သက်ဆိုင်ရာ ရဲများက ဖမ်းဆီးမှုမပြုလုပ်ခြင်း၊ မူယစ်ဆေးဝါးများ ရောင်းချနေသော လောင်းကစားဝိုင်း နေရာတွင် စစ်ကောင်စီ ရဲများကပါ လောင်းကစားဝိုင်းများကို ဦးဆောင်ဖွင့်လှစ်လာနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...