Friday, April 26, 2024

မိုင်းဖြတ်မြို့ အ.ထ.က ကျောင်းအုပ်ရုံးခန်းမီးလောင်

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဖြတ်မြို့ ယနေ့ ( ဩဂုတ် ၃၀) ရက် မနက် ၂ နာရီခွဲဝန်းကျင်တွင် အ.ထ.က. ကျောင်းအုပ်ရုံးခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုအပြီး မီးသတ်နိုင်ချိန်တွင် စာရွက်စာတမ်းပေါ် ဒီဇယ်နံ့ကျန်ရှိထားကြောင်းသိရသည်။

မိုင်းဖြတ် မြို့

“ဘာကြောင့် မီးလောင်လဲတော့ ကျနော်တို့လည်းမသိဘူး။ မီးလောင်တာတော့သေချာတယ်။ ရှို့မီးလား၊ သာမာန်မီးလောင်မှုလားတော့ ကျနော်တို့လည်း မသိဘူး။ ကျောင်းအုပ်ရုံးခန်းမှာ မီးလောင်တယ်လို့ပြောတယ်။ မီးသတ်နိုင်တော့ အခန်းထဲမှာ ဒီဇယ်နံ့တွေရနေတယ်လို့ပြောကြတယ်” ဟု မိုင်းဖြတ်မြို့ ပရဟိတ အဖွဲ့တစ်ခုက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒုတိယနှစ်ဝက်ဆုံး ကျောင်းတွင်းစစ် စာမေးပွဲ စာရွက် (၉၃၀) စောင်၊ သစ်သားကုလားထိုင် (၁) လုံး၊ ကွန်ပျူတာ ၊ ပြတင်းပေါက် နှင့် ဗီဒိုမှန်များ ပျက်စီးသွားကြောင်း ဒေသတွင်း မီဒီယာကဖော်ပြထားသည်။

Leave a Comments

- Advertisement -spot_img

Latest article