မိုင်းရယ် ပန့်ဆီဆိုင်ပိုင်ရှင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင် ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက် မိုင်းရယ် – သီပေါ လမ်းမကြီးဘေးရှိ 909 ပန့်ဆီဆိုင် ပိုင်ရှင်အမျိုးသား ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည ၁၁ နာရီတုန်းက တံခါးကန်ဖွင့်သံတွေကြားရတယ်။ အဲ့နောက်မှာ သေနတ်သံ ထပ်ကြားရတယ်။ သေနတ်သံက စုစု ပေါင်း ၁၃ ချက်ပါ။ ဒီမနက် အလောင်းကိုသွားကြည့်တော့ ကျည်ဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့ပဲ။ ပြီးတော့သူဝတ် ထားတဲ့ ဆွဲကြိုးတွေ လက်ကောက်တွေ လက်စွပ်တွေလည်း အကုန်ချွတ်ယူသွားတယ်” ဟု အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo: CJ/ 909 ပန့်ဆီဆိုင်

ပစ်သတ်ခံရသည့် ဆိုင်ရှင်အမျိုးသားသည် အသက် (၃၀) ကျော်ရှိ ကိုအောင်အောင် ဟုအမည်ရပြီး သေနတ်ထိမှန် ဒဏ်ရာများဖြင့် ညာဘက်လက်ချောင်းတချို့လည်း ပြတ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်းကို မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဌာနဆိုင်ရာများ မှ စစ်ဆေးမှု ပြုလုပ်နေသည်။

အဆိုပါ ပစ်ခတ်မှုသည် မိုင်းရယ်မြို့တွင်း ပထမဆုံး ပစ်သတ်လုပ်ကြံမှုများဖြစ်နေပြီး လက်ရှိတွင် ဒေသခံပြည်သူများက စိုးရိမ်စိတ်များစွာဖြင့် ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။

“မဖြစ်စဖူး ဖြစ်လာတာ မြင်ရတော့ အရမ်းကို စိတ်ပူမိတယ်၊ ရဲတွေကို အားကိုးရအောင်လည်း သူတို့က ဘာမှ လုပ်ပေးတာ မတွေ့ရဘူး၊ အရင်က သူခိုးတွေရှိပေမဲ့ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတဲ့ သတ်ပစ်ရမှုတွေ အထိ တစ်ခါမှ မကြုံဖူးဘူး၊ လုံခြုံရေးတွေ တော်တော်ကင်းမဲ့လာပြီလို့ ခံစားရတယ်” ဟု မိုင်းရယ်မြို့ အမှတ် (၁) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြည်သူ့လုံခြုံရေးကို အဓိကထား လုပ်ဆောင်ပေးကြရန်နှင့် မတရားမှုများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန်လည်း တောင်းဆိုလိုကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...