Wednesday, January 28, 2026

မိုင်းရယ် ပန့်ဆီဆိုင်ပိုင်ရှင် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့ အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင် ပိုင်ရှင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (သြဂုတ် ၂၈) ရက် ည ၁၀ နာရီဝန်းကျင်တွင် မိုင်းရယ်မြို့ အမှတ် ၁ ရပ်ကွက် မိုင်းရယ် – သီပေါ လမ်းမကြီးဘေးရှိ 909 ပန့်ဆီဆိုင် ပိုင်ရှင်အမျိုးသား ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ည ၁၁ နာရီတုန်းက တံခါးကန်ဖွင့်သံတွေကြားရတယ်။ အဲ့နောက်မှာ သေနတ်သံ ထပ်ကြားရတယ်။ သေနတ်သံက စုစု ပေါင်း ၁၃ ချက်ပါ။ ဒီမနက် အလောင်းကိုသွားကြည့်တော့ ကျည်ဒဏ်ရာတွေက ခန္ဓာကိုယ်အနှံ့ပဲ။ ပြီးတော့သူဝတ် ထားတဲ့ ဆွဲကြိုးတွေ လက်ကောက်တွေ လက်စွပ်တွေလည်း အကုန်ချွတ်ယူသွားတယ်” ဟု အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo: CJ/ 909 ပန့်ဆီဆိုင်

ပစ်သတ်ခံရသည့် ဆိုင်ရှင်အမျိုးသားသည် အသက် (၃၀) ကျော်ရှိ ကိုအောင်အောင် ဟုအမည်ရပြီး သေနတ်ထိမှန် ဒဏ်ရာများဖြင့် ညာဘက်လက်ချောင်းတချို့လည်း ပြတ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် သေဆုံးသူ ရုပ်အလောင်းကို မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ဌာနဆိုင်ရာများ မှ စစ်ဆေးမှု ပြုလုပ်နေသည်။

အဆိုပါ ပစ်ခတ်မှုသည် မိုင်းရယ်မြို့တွင်း ပထမဆုံး ပစ်သတ်လုပ်ကြံမှုများဖြစ်နေပြီး လက်ရှိတွင် ဒေသခံပြည်သူများက စိုးရိမ်စိတ်များစွာဖြင့် ထိတ်လန့်နေကြကြောင်း သတင်းသိရသည်။

“မဖြစ်စဖူး ဖြစ်လာတာ မြင်ရတော့ အရမ်းကို စိတ်ပူမိတယ်၊ ရဲတွေကို အားကိုးရအောင်လည်း သူတို့က ဘာမှ လုပ်ပေးတာ မတွေ့ရဘူး၊ အရင်က သူခိုးတွေရှိပေမဲ့ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတဲ့ သတ်ပစ်ရမှုတွေ အထိ တစ်ခါမှ မကြုံဖူးဘူး၊ လုံခြုံရေးတွေ တော်တော်ကင်းမဲ့လာပြီလို့ ခံစားရတယ်” ဟု မိုင်းရယ်မြို့ အမှတ် (၁) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပြည်သူ့လုံခြုံရေးကို အဓိကထား လုပ်ဆောင်ပေးကြရန်နှင့် မတရားမှုများကို စုံစမ်းဖော်ထုတ် အရေးယူပေးရန်လည်း တောင်းဆိုလိုကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...