မူဆယ်မြို့ စစ်ကောင်စီ အကောက်ခွန်အရာရှိတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီး၊ နှစ်ဦးပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်အကောက်ခွန်အရာရှိ တစ်ဦး ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားပြီး၊ နှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် (နံနက် ၉) နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပီတိလဖ္ဘက်ရည်ဆိုင်၌ မနက်စာ လာစားသည့် စစ်ကောင်စီ အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူ ၃ ဦးက သေနတ်ပြ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“သူက ဒီဆိုင်မှာ မနက်စာ လာစားနေကျဖြစ်တယ်၊ အဲ့နေ့က သူဆိုင်ကို ရောက်လာပြီး မကြာဘူး။ ကားတစ်စီး မျက်နှာဖုံးစွပ် လူ ၃ ဦးက သူ့ကို သေနတ်ပြ ဖမ်းခေါ်သွားတယ်၊ အစက သူ့ကားကိုလည်းယူသွားဖို့ လုပ်ကြပေမဲ့ စက်နှိုးမရလို့ ကားကိုထားပြီး လူကိုပဲ ဖမ်းခေါ်သွားတယ်” ဟု ပီတိလဖ္ဘက်ရည်ဆိုင် ရောက်နေသည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အကောက်ခွန် အရာရှိ တစ်ဦး ဖမ်းဆီးခံရ

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူသည် အခွန်ကောက်ဌာနမှ ဦးစီးအရာရှိ ဦးစိုးမိုးအေး ဟု အမည်ရှိပြီး လက်ရှိတွင် ၎င်း၏ မိသားစုဝင်များက လိုက်လံရှာဖွေ စုံစမ်းနေသော်လည်း သတင်း အစအနမရှိသေးကြောင်း သတင်းသိရသည်။

အလားတူပင် အဆိုပါ သြဂုတ်လ ၈ ရက်နေ့မှာလည်း စစ်ကောင်စီ အကောက်ခွန်ဌာန မှ တခြား ဝန်ထမ်းနှစ်ဦး လည်း ပျောက်ဆုံးသွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်းမှာ ရုံးသွားမယ်ဆိုပြီးတော့ အိမ်ကနေထွက်သွားကြတာ၊ ညဘက်အထိ အိမ်ပြန်မလာကြတော့ မိသားစုဝင်တွေက ရုံးကို မေးကြပေမဲ့ ရုံးကို မရောက်ဘူးတဲ့၊ အခုထိ အဆက်အသွယ်မရကြသေးဘူး၊ ဘယ်ကို ရောက်သွားမှန်းလည်း မသိရဘူး” ဟု ပျောက်ဆုံးနေသည့် ဝန်ထမ်းများ၏ မိသားစု နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ဦးစီးအရာရှိ နှင့် ပျောက်ဆုံးသူများ၏ မိသားစုဝင်များသည် စိုးရိမ်မှုမြင့်တက်နေပြီး ဖမ်းဆီးခေါ်ဆောင်ထားသည့် အဖွဲ့အစည်းအနေဖြင့် မိသားစုဝင်များထံ အကြောင်းကြား ပေးရန် တောင်းဆိုလိုကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည် လပိုင်းတွင်လည်း မူဆယ်မြို့မှ ရဲတပ်သား ၅ ဦးပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း ရဲတပ်သား ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ခဲ့ရပြီး၊ ကျန်ရှိသည့် ရဲ ၂ ဦးကမူ ဒီကနေ့အထိ ပျောက်ဆုံးနေသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့နယ်သည် တရုတ် – မြန်မာ နယ်စပ် မြို့တစ်မြို့ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ လုယက်မှုများ၊ ဓါးပြတိုက်မှုများ နှင့် လက်သည်မပေါ်သည့် လူသတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...