Wednesday, January 28, 2026

မူဆယ်မြို့ စစ်ကောင်စီ အကောက်ခွန်အရာရှိတစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့ ဖမ်းဆီး၊ နှစ်ဦးပျောက်ဆုံးနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်အကောက်ခွန်အရာရှိ တစ်ဦး ကို လက်နက်ကိုင်တပ်ဖွဲ့က ဖမ်းဆီးသွားပြီး၊ နှစ်ဦးပျောက်ဆုံးနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၈ ရက် (နံနက် ၉) နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ပီတိလဖ္ဘက်ရည်ဆိုင်၌ မနက်စာ လာစားသည့် စစ်ကောင်စီ အခွန်ဦးစီးဌာနမှ အရာရှိတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူ ၃ ဦးက သေနတ်ပြ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။

“သူက ဒီဆိုင်မှာ မနက်စာ လာစားနေကျဖြစ်တယ်၊ အဲ့နေ့က သူဆိုင်ကို ရောက်လာပြီး မကြာဘူး။ ကားတစ်စီး မျက်နှာဖုံးစွပ် လူ ၃ ဦးက သူ့ကို သေနတ်ပြ ဖမ်းခေါ်သွားတယ်၊ အစက သူ့ကားကိုလည်းယူသွားဖို့ လုပ်ကြပေမဲ့ စက်နှိုးမရလို့ ကားကိုထားပြီး လူကိုပဲ ဖမ်းခေါ်သွားတယ်” ဟု ပီတိလဖ္ဘက်ရည်ဆိုင် ရောက်နေသည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အကောက်ခွန် အရာရှိ တစ်ဦး ဖမ်းဆီးခံရ

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူသည် အခွန်ကောက်ဌာနမှ ဦးစီးအရာရှိ ဦးစိုးမိုးအေး ဟု အမည်ရှိပြီး လက်ရှိတွင် ၎င်း၏ မိသားစုဝင်များက လိုက်လံရှာဖွေ စုံစမ်းနေသော်လည်း သတင်း အစအနမရှိသေးကြောင်း သတင်းသိရသည်။

အလားတူပင် အဆိုပါ သြဂုတ်လ ၈ ရက်နေ့မှာလည်း စစ်ကောင်စီ အကောက်ခွန်ဌာန မှ တခြား ဝန်ထမ်းနှစ်ဦး လည်း ပျောက်ဆုံးသွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်း နီးစပ်သူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက်ပိုင်းမှာ ရုံးသွားမယ်ဆိုပြီးတော့ အိမ်ကနေထွက်သွားကြတာ၊ ညဘက်အထိ အိမ်ပြန်မလာကြတော့ မိသားစုဝင်တွေက ရုံးကို မေးကြပေမဲ့ ရုံးကို မရောက်ဘူးတဲ့၊ အခုထိ အဆက်အသွယ်မရကြသေးဘူး၊ ဘယ်ကို ရောက်သွားမှန်းလည်း မသိရဘူး” ဟု ပျောက်ဆုံးနေသည့် ဝန်ထမ်းများ၏ မိသားစု နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံရသည့် ဦးစီးအရာရှိ နှင့် ပျောက်ဆုံးသူများ၏ မိသားစုဝင်များသည် စိုးရိမ်မှုမြင့်တက်နေပြီး ဖမ်းဆီးခေါ်ဆောင်ထားသည့် အဖွဲ့အစည်းအနေဖြင့် မိသားစုဝင်များထံ အကြောင်းကြား ပေးရန် တောင်းဆိုလိုကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည် လပိုင်းတွင်လည်း မူဆယ်မြို့မှ ရဲတပ်သား ၅ ဦးပျောက်ဆုံးခဲ့ပြီး နောက်ပိုင်း ရဲတပ်သား ၃ ဦး၏ ရုပ်အလောင်းကို ပြန်လည်တွေ့ခဲ့ရပြီး၊ ကျန်ရှိသည့် ရဲ ၂ ဦးကမူ ဒီကနေ့အထိ ပျောက်ဆုံးနေသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

မူဆယ်မြို့နယ်သည် တရုတ် – မြန်မာ နယ်စပ် မြို့တစ်မြို့ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ လုယက်မှုများ၊ ဓါးပြတိုက်မှုများ နှင့် လက်သည်မပေါ်သည့် လူသတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...