ယာဉ်ထိန်းရဲများ နည်းမျိုးစုံတပ်ပြီး ပြည်သူထံ ပိုက်ဆံအတင်းအဓမ္မကောက်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ယာဉ်ထိန်းရဲများသည် ပြည်သူထံ နည်းမျိုးစုံ ခေါင်းစဥ် တပ်ပြီး ပိုက်ဆံအတင်းအဓမ္မ ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီးမြို့ အေးသာယာ ထုံးဖိုဂိတ်နှင့် ( ပ ) ကွေ့ တွင်ရှိသော ယာဉ်ထိန်းရဲများက ဆိုင်ကယ် ဦးထုပ်မဆောင်းသူများ ၊ ဆိုင်ကယ် နံပါတ်ပြား မတပ်သူများကို ပိုက်ဆံကောက်ခံနေသည့်အပြင် နည်းမျိုးစုံဖြင့် အတင်းအဓမ္မ လုပ်ယူပြီး ယခုကာလတွင် နှာခေါင်းစည်း (Mask) မပါသည့် သူများထံ ပိုက်ဆံကောက်ခံနေကြောင်း တောင်ကြီးဒေသခံ အမျိုးသား တစ်ဦးထံမှ သိရသည်။

“ Mask မပါတဲ့ ကိစ္စက ဒီ အေးသာယာ ထုံးဖိုဂိတ် နဲ့ အဲ့ဒီ (ပ) ကွေ့မှာပေါ့၊ အဲ့နားက သူတို့ရစ်ချင်သလို ရစ်နေတာ၊ mask မပါလို့ ၊ မှတ်ပုံတင် မပါလို့ ၊ကာကွယ်ဆေးထိုး လက်မှတ် မပါလို့ ရစ်နေတာ၊ အဓိက လူငယ်ကိုပိုပြီး ရစ်တယ်။ သူတို့ကို ဆုံးမ မယ့်သူမရှိတော့ လုပ်ချင်သလိုလုပ်နေတယ်“ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယာဥ်ထိန်းများမှ ဆိုင်ကယ်များကို စစ်ဆေးနေ

ဆိုင်ကယ် ဦးထုပ်မပါလျှင် မြန်မာငွေ (၃၀,၀၀၀) ကျပ်၊ ဆိုင်ကယ် နံပါတ်ပြား (ရှေ့၊နောက်) မပါလျှင် (၂၀,၀၀၀) ကျပ်၊ ဆိုင်ကယ်ဘတ်မှန် နှင့် Mask မပါရှိသူများကိုလည်း ရသမျှနည်းမျိုးစုံဖြင့် (၁၀,၀၀၀) ကျော် အထက် ကောက်ခံနေကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တောင်ကြီးမြို့ နှင့် အေးသာယာမြို့ ယာဉ်ထိန်းရဲများက ယာဉ်စည်းကမ်း နှင့် ပတ်သတ်၍ ကိုယ်ကျိုးအတွက် လုပ်စားနေခြင်းမျိုး ဖြစ်ကြောင်းလည်း တောင်ကြီး ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဦးထုပ်ဆောင်းတာ စည်းကမ်းစနစ်တကျတော့ တစ်ခု ဖြစ်သွားတာကောင်းတယ်။ အခုသူတို့က လုပ်စားနေတာပဲ၊ တကယ် လုပ်မယ်ဆိုရင်လည်း ဆက်တိုက်မလုပ်နဲ့၊ တပြေးညီ တစ်ချိန်ပဲလုပ်ပေါ့ကွာ၊ တရားဝင် တိတိကျကျ နဲ့ ဒဏ်ငွေဆောင်ခိုင်းပေါ့၊ အခုက သူတို့ အိတ်ထဲထည့်တဲ့ ပုံစံမျိုးလုပ်နေတယ်။ လုပ်စားချက်ကို ထွန်နေတယ်“ ဟု ၎င်းအမျိုးသမီး တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် (၂) ရက်တွင်လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ထဲတွင် လူစုဝေးခြင်း၊ လူ ၅ ဦး ထက်ပိုပြီး လူမစုရခြင်း၊ ည ၁၂ နာရီ မှ မနက် ၄ နာရီထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ကို ထပ်မံထုတ်ပြန် ကြေညာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...