မူဆယ်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်း ပြန်မရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းကိုလည်း မိသားစုဝင်ထံ ပြန်မပေးကြောင်း သတင်းသိရသည်။

ယမန်နေ့( သြဂုတ် ၉) ရက် ည ၈ နာရီတွင် မူဆယ်မြို့ တိန်းလုံကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်မှ ထွက်လာစဥ် ရွာထိပ်အဝင်လမ်းအနီး၌ စစ်ကောင်စီတပ်သားတို့က အကြောင်းမဲ့ ပစ်သတ်လိုက်ပြီး လက်ရှိအချိန်အထိ အလောင်းပြန်မရသေးကြောင်း နီးစပ်သည့်မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကားနှစ်စီးနဲ့ ရဲကားတစ်စီးက တိန်းလုံရွာဘက် ရောက်လာတယ်၊ အဲ့ထဲမှာ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့တွေ လည်း ပါတယ်၊ သေနတ်နှစ်ချက်နဲ့ သူ့ကို ပစ်သတ်သွားတာ၊ အကြောင်းရင်းတော့ မသိရသေးဘူး” ဟု ၎င်းမိသားစုဝင်တစ်ဦးက ဆိုသည်။

  လက်နက်ထိမှန်သည့် မူဆယ်ဒေသခံ အမျိုးသား

အဆိုပါ ပစ်သတ်ခံရသူ အမျိုးသားသည် စိုင်းအိုက်ဖွယ်ဟု အမည်ရရှိပြီး သာမာန်အရပ်သား ပြည်သူ ဖြစ်ကြောင်း နှင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသပေးစဥ် သေဆုံး သွားရကြောင်း သိရသည်။

“ပစ်သတ်ခံရပြီးနောက် ပရဟိတသမားတွေ လာသယ်ဖို့လုပ်တာလည်း စစ်ကောင်စီ တပ်သားတွေက ambulance ကားတွေကို ပြန်လှည့်ခိုင်းတယ်၊ နောက်တော့ စကစတွေပဲ ဆေးရုံကို ပို့ပေးတာ၊ ဆေးရုံရောက် တော့ မမှီတော့ဘူးလေ၊ ဆေးရုံမှာပဲ သေဆုံးသွားပါတယ်” ဟုလည်း နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိအချိန်တွင် စိုင်းအိုက်ဖွယ်၏ ရုပ်အလောင်းသည် စစ်ကောင်စီတို့လက်ထဲတွင် ရှိနေပြီး အမျိုးသမီး နှင့် ဒေသအတွင်းမှ အရပ်ဘက်အဖွဲ့အစည်းများ သွားရောက်တောင်းဆိုသော်လည်း စစ်ကောင်စီတို့ ပြန်မပေးသည့် အပြင် တွေ့ခွင့်လည်း မရကြောင်း သိရသည်။

ယင်းကဲ့သို့ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားတို့မှ အကြောင်းမဲ့ ပစ်သတ်ခြင်းနှင့် ပတ်သက်ပြီး တိန်းလုံဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သတင်းသိရသည်။

မူဆယ်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှာလည်း မူဆယ်မြို့ အမှတ် ၁ ဈေးနားသို့ ကားတစ်စီး နှင့် ရောက်လာသည့် ပြည်သူ့စစ်ဝတ်စုံနှင့် တရုတ်စကားပြော အမျိုးသားနှစ်ဦးသည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ပစ်ခတ်ခြင်းကို ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...