Thursday, January 29, 2026

မူဆယ်မြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်း ပြန်မရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတို့မှ သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းကိုလည်း မိသားစုဝင်ထံ ပြန်မပေးကြောင်း သတင်းသိရသည်။

ယမန်နေ့( သြဂုတ် ၉) ရက် ည ၈ နာရီတွင် မူဆယ်မြို့ တိန်းလုံကျေးရွာမှ ဒေသခံအမျိုးသား တစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် နေအိမ်မှ ထွက်လာစဥ် ရွာထိပ်အဝင်လမ်းအနီး၌ စစ်ကောင်စီတပ်သားတို့က အကြောင်းမဲ့ ပစ်သတ်လိုက်ပြီး လက်ရှိအချိန်အထိ အလောင်းပြန်မရသေးကြောင်း နီးစပ်သည့်မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကားနှစ်စီးနဲ့ ရဲကားတစ်စီးက တိန်းလုံရွာဘက် ရောက်လာတယ်၊ အဲ့ထဲမှာ မြို့မ ပြည်သူ့စစ်တပ်ဖွဲ့တွေ လည်း ပါတယ်၊ သေနတ်နှစ်ချက်နဲ့ သူ့ကို ပစ်သတ်သွားတာ၊ အကြောင်းရင်းတော့ မသိရသေးဘူး” ဟု ၎င်းမိသားစုဝင်တစ်ဦးက ဆိုသည်။

  လက်နက်ထိမှန်သည့် မူဆယ်ဒေသခံ အမျိုးသား

အဆိုပါ ပစ်သတ်ခံရသူ အမျိုးသားသည် စိုင်းအိုက်ဖွယ်ဟု အမည်ရရှိပြီး သာမာန်အရပ်သား ပြည်သူ ဖြစ်ကြောင်း နှင့် ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကုသပေးစဥ် သေဆုံး သွားရကြောင်း သိရသည်။

“ပစ်သတ်ခံရပြီးနောက် ပရဟိတသမားတွေ လာသယ်ဖို့လုပ်တာလည်း စစ်ကောင်စီ တပ်သားတွေက ambulance ကားတွေကို ပြန်လှည့်ခိုင်းတယ်၊ နောက်တော့ စကစတွေပဲ ဆေးရုံကို ပို့ပေးတာ၊ ဆေးရုံရောက် တော့ မမှီတော့ဘူးလေ၊ ဆေးရုံမှာပဲ သေဆုံးသွားပါတယ်” ဟုလည်း နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိအချိန်တွင် စိုင်းအိုက်ဖွယ်၏ ရုပ်အလောင်းသည် စစ်ကောင်စီတို့လက်ထဲတွင် ရှိနေပြီး အမျိုးသမီး နှင့် ဒေသအတွင်းမှ အရပ်ဘက်အဖွဲ့အစည်းများ သွားရောက်တောင်းဆိုသော်လည်း စစ်ကောင်စီတို့ ပြန်မပေးသည့် အပြင် တွေ့ခွင့်လည်း မရကြောင်း သိရသည်။

ယင်းကဲ့သို့ အရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားတို့မှ အကြောင်းမဲ့ ပစ်သတ်ခြင်းနှင့် ပတ်သက်ပြီး တိန်းလုံဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့်နေကြကြောင်းလည်း သတင်းသိရသည်။

မူဆယ်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့မှာလည်း မူဆယ်မြို့ အမှတ် ၁ ဈေးနားသို့ ကားတစ်စီး နှင့် ရောက်လာသည့် ပြည်သူ့စစ်ဝတ်စုံနှင့် တရုတ်စကားပြော အမျိုးသားနှစ်ဦးသည် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ပစ်ခတ်ခြင်းကို ခံရပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိသွားသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...