ဖယ်ခုံမြို့ ကယန်းစာပေ ယဉ်ကျေးမှု ဥက္ကဌ ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းတွင် နေထိုင်သည့် ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌ ကို ယနေ့ (ဩဂုတ် ၁၁) ရက် မနက်ပိုင်းတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်ပစ်သတ်သွားကြောင်း စုံစမ်းသိရသည်။

အဆိုပါ ပစ်သတ်ခံရသည့် ကယန်းစာပေ နှင့် ယဉ်ကျေးမှု ဥက္ကဌ ဆရာဖရန်စစ္စကို သည် ယနေ့ (သြဂုတ် ၁၁) ရက် မနက်ပိုင်း ပြောင်းခြံသွားချိန်တွင် ဆိုင်ကယ်တစ်စီးမှ လူနှစ်ယောက်စီးလာပြီး သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဖယ်ခုံမြို့နယ် အသက် (၄၀) အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနေ့ မနက်ပိုင်း သူပြောင်းခြံကိုသွားကြည့်ချိန်မှာ ပစ်သတ်ခံလိုက်ရတာ။ ဘယ်သူလာပစ်လည်းတော့ အခုချိန်မှာ စုံစမ်းနေဆဲဖြစ်တယ်။ ဆိုင်ကယ်တစ်စီး နဲ့ လူနှစ်ယောက် လာပစ်သွားတယ်လို့သိရတယ်” ဟု ဖယ်ခုံမြို့ အသက် (၄၀) အရွယ်အမျိုးသားတစ်ဦးက ပြောသည်။

ဆရာဖရန်စစ္စကို သည် ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သည့် ကိုယ်စားလှယ်တစ်ဦး ဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ ဆရာဖရန်စစ္စကို လာရောက်ပစ်သတ်ခဲ့သည့် အဖွဲ့ မသိရှိသေးကြောင်း ဖယ်ခုံမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၂) က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဖယ်ခုံမြို့ ကယန်းစာပေ ယဉ်ကျေးမှု ဥက္ကဌ

“ကျနော်တို့ တပ်ဖွဲ့ကနေတော့ သတ်ဖြတ်တာမျိုးမရှိဘူး။ ဘယ်သူလုပ်ကြံတာလည်း မသိဘူး။ သူကအရင်က ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ခဲ့ဖူးတယ်။ ၂၀၁၀တုန်းကလည်း ဝင်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့တယ်တဲ့။ ၂၀၁၅ မှာတော့ ရှုံးသွားခဲ့တယ်” ဟု ၎င်းတပ်ရင်းက ပြောသည်။

ဆရာဖရန်စစ္စကို သည် ကယန်းလူမျိုးအရေး၊ စာပေ နှင့် ယဉ်ကျေးမှုအရေးတို့တွင် တက်တက်ကြွကြွပါဝင် ဦးဆောင်သူဖြစ်ကြောင်း၊ ပညာရေး ၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းများတွင် အမြဲပံ့ပိုးကူညီလုပ်ဆောင်ပေးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ကယန်းစာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ယနေ့ ဩဂုတ် ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုသို့ နိုင်ငံရေးရှုပ်ထွေးချိန်တွင် ကယန်းစာပေ နှင့် ယဉ်ကျေးမှုဗဟိုကော်မတီ ဥက္ကဌကို လုပ်ကြံသတ်ဖြတ်ခြင်းသည် ပြဿနာဖြေရှင်းနည်းမဟုတ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဆရာဖရန်စစ္စကို လုပ်ကြံသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပရဟိတ အဖွဲ့များ၊ နိုင်ငံရေးတက်ကြွသူတစ်ချို့က စိုးရိမ်စွာ နေထိုင်နေရကြောင်း သိရသည်။

“ကျနော်တို့မြို့မှာလည်း ကျနော်တို့ပဲကျန်တယ်။ အသွားအလာ သတိထားသွားရတယ်။ စိုးရိမ်စိတ်တွေတော့ရှိတာပေါ့” ဟု ဖယ်ခုံမြို့က အမည် မဖော်လိုတဲ့ အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဗျူစောထီးအဖွဲ့များ ထွက်ပေါ်လာခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများကို PDF တပ်ဖွဲ့များက လုပ်ကြံသတ်ဖြတ်မှုများရှိသလို ၊ စစ်ကောင်စီကို တော်လှန်နေသည့် တော်လှန်ရေးသမားကိုလည်း စစ်ကောင်စီ ဗျူစောထီးများမှ လုပ်ကြံသတ်ဖြတ်မှုများလည်း ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...