CATEGORY

မှုခင်း

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင်...

တန့်ယန်းမြို့ လုယက်မှုဖြစ် ဒေသခံများ စိုးရိမ်မှု မြင့်တက်နေ

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် လုယက်ဓားပြတိုက်ယူမှု တစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူများ အနေဖြင့် စိုးရိမ်မှု မြှင့်တက်နေကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် သူငယ်ချင်းဖြစ်သူ၏ မင်္ဂလာဆောင်မှ ပြန်လာသည့် အမျိုးသား လူငယ်တစ်ဦးသည် တန့်ယန်းမြို့ အမှတ် ၅ ရပ်ကွက်ရှိ ရွှေမောင်းကျောင်း အပေါ်ဘက်လမ်းအနီးတွင်...

နောင်ချိုမြို့နယ်အတွင်း ဆိုင်ကယ် ပေါ်တင်ခိုးနေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာရှိ ဒေသခံတစ်ဦး ဖုန်းဘေလ် ဝင်ဝယ်နေချိန်တွင် မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ် (၃) ဦးက ဆိုင်ကယ် ဝင်ရောက်ခိုးယူသွားကြောင်း စုံစမ်းသိရှိရသည်။ ဆိုင်ကယ်ခိုးယူသွားသည့် လူငယ် (၃) ဦးသည် လူငယ်များဖြစ်ပြီး ယမန်နေ့ (မေလ ၂) ရက် နေ့လည်တွင် ဒေသခံ တစ်ဦးက...

တရားဥပဒေ အထက်က စစ်ကောင်စီ 

“ကျမအမျိုးသားက မသေသင့်ပဲ သေရတယ်။ လူ့အသက်ကို တန်ဖိုးမထားဘူး။ ဖြစ်လာရင်တောင် တာဝန်ယူမှု မရှိဘူး။ အသက်ငယ်ငယ်နဲ့ မုဆိုးမဖြစ်ရတယ်” လို့ ငိုသံ တွေနဲ့ နန်းဟွမ်က ပြောပါတယ်။ ဖေဖော်ဝါရီလတုန်းက သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့မှာ စစ်ကောင်စီတပ်သား တစ်ဉီး က အရက်မူးပြီး စိုင်းမောင်ညို  ဆိုသူကို ကားနဲ့ တိုက်မိပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ လက်ရှိမှာတော့စိုင်းမောင်ညို ရဲ့ အမျိုးသမီး တစ်ယောက်တည်း (၃) နှစ်အရွယ် သမီးလေးကို ပင်ပန်းခက်ခဲစွာ   ရုန်းကန်ရှာဖွေ ကျွေးမွေးနေရတယ်လို့  သူမက ဆိုပါတယ်။ စစ်တပ်ဘက်က သေဆုံးသွားတဲ့ ကလေးအဖေအတွက်...

ကျောက်မဲမြို့နယ်တွင်း ဓားပြတိုက်မှုဖြစ်/ အိမ်ရှင်တစ်ဦး ခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှနေအိမ်တစ်လုံးတွင် ဓားပြတိုက်ခံရပြီး အိမ်ရှင်တစ်ဦးလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ (ဧပြီ၃၀ )ရက် နံနက် ၂ နာရီတွင် ကားနှစ်စီးနှင့် ဓားပြတိုက်သူတစ်စုတို့သည် ကျောက်မဲမြို့နယ် တိလင်ရပ်ကွက် ၁၉ ရှိ နေအိမ်တစ်အိမ်ကို ဓားပြဝင်တိုက်ပြီး မိသားစုဝင်တစ်ဦးကို ဖမ်းခေါ်သွားကြောင်း ဒေသခံ...

ကျောက်မဲမြို့လူငယ် အမျိုးသား (၂) ဦး PDF ထောက်ပံ့ပေးသူဟု စွပ်စွဲ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက် အုတ်ကျင်းရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီမှ လူငယ် (၂) ဦးကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဧပြီ (၂၇) ရက် မနက် (၂) နာရီခန့်တွင် ၎င်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို...

နမ့်ခမ်းမြို့ မန့်ဟောင်းကူးတိုဆိပ် ပိုင်ရှင်မဲ့ လူငယ်အမျိုးသားအလောင်းတွေ့

သျှမ်းပြည်မြောက်ပိုင်း နယ်ခမ်းမြို့နယ်ရှိ မန့်ဟောင်းကူးတိုဆိပ်တွင် ပိုင်ရှင်မဲ့ လူငယ် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဧပြီ (၂၆) ရက် ညနေပိုင်းမှာ မန့်ဟောင်းကူးတိုဆိပ်မှာ တွေ့ရှိခဲ့ပြီး ထိုလူငယ်အမျိုးသား၏ ရုပ်အလောင်းသည် ပုပ်ပွနေသဖြင့် ခွဲခြားမသိ နိုင်ကြောင်း နမ့်ခမ်းပရဟိတအသင်း NMBG ကပြောသည်။“ဘယ်နေ့ကတည်းက မျောလာတဲ့...

ရွှေညောင်မြို့ အိမ်ဝိုင်းတွင်း ဂျင်ဝိုင်းများ ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ရှိ အိမ်ဝိုင်းတစ်အိမ်တွင် ဂျင်ဝိုင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။အဆိုပါ ဂျင်ဝိုင်းမှာ ရွှေညောင်မြို့ မင်္ဂလာအောင်မြေ (၁) ရပ်ကွက်မှာရှိပြီး အိမ်ဝိုင်းပိုင်ရှင်ကို တစ်ရက် တစ်သောင်းခွဲ ပေးရပြီး အိမ်ဝိုင်းတွင်း လောင်းကစားဝိုင်း (၂) ဝိုင်းရှိထားကြောင်း သိရသည်။ “အိမ်ဝိုင်းပိုင်ရှင်ကိုတစ်ရက်တစ်သောင်းခွဲပေးရတယ်လို့ကြားတယ်။ ရပ်ကွက်အကြီးအကဲကို တစ်ရက် တစ်သိန်းခွဲပေးတယ်။...

မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...

ကျိုင်းတုံမြို့ အကြွေးကိစ္စပြန်ပေးဆွဲ၊ တရားခံမှာ တရုတ်နိုင်ငံသားပါဝင် 

သျှမ်းပြည်အရှေ့ပိုင်းကျိုင်းတုံမြို့တွင် အကြွေးကိစ္စကြောင့်  ပြဿနာတက်ရာမှ အုပ်စုဖွဲ့ ပြန်ပေးဆွဲမှုများ ဖြစ်ပွားခဲ့ပြီး ပြန်ပေးဆွဲသည့် အဖွဲ့တွင် တရားမဝင် ရောက်လာသည့် တရုတ်နိုင်ငံသားပါဝင်နေကြောင်း သတင်းသိရသည်။  ဖြစ်စဥ်မှာ ယမန်နေ့ (ဧပြီလ ၁၇) ရက် မွန်းလွဲ ၂ နာရီကျော်တွင် ကျိုင်းတုံမြို့ရှိ  မြို့သစ်ရပ်ကွက် အတွင်း နေထိုင်သည့် အသက် (၆၀) နှစ်အရွယ်...

Latest news