မူဆယ်မြို့မှာ ငွေလိမ်နေတဲ့ ဂိုဏ်းဖမ်းမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ပေါ် အခြေစိုက်လှုပ်ရှားနေသည့် ငွေလိမ်ဂိုဏ်း အဖွဲ့ဝင်တချို့ကို ဖမ်ဆီးမိခဲ့ကြောင်း သတင်းသိရသည်။

မင်္ဂလာ မူဆယ်အနီးရှိ ကိုးထပ်တိုက်တွင် အွန်လိုင်းဂိမ်းဟု အကြောင်းပြ ဖွင့်လှစ်သည့် အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်နေသော ဂိုဏ်းကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို လူလိမ်ဂိုဏ်းကို ဇူလိုင် ၃၁ ရက် ည ၁၁ နာရီဝန်းကျင်တွင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“သူတို့လုပ်ငန်းပုံသဏ္ဌန်က အွန်လိုင်းဂိမ်းလိုမျိုးပေါ့၊ ဒါပေမဲ့ တရုတ်ပြည်ဘက်ကို အွန်လိုင်းကနေ ငွေလိမ်တဲ့ လုပ်ငန်း အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို သူတို့အဖွဲ့သားတစ်ယောက်က မူဆယ်ဂရုမှာလာတင်ထားတယ်၊ အဲ့ကြောင့် စစ်ကောင်စီနဲ့ တရုတ်ရဲတွေပေါင်းပြီး လာဖမ်းတာ၊ တချို့ကိုဖမ်းမိသွားတယ်” ဟု ဖြစ်စဥ်များကို သိရှိသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေလိမ်သည့် ဂိုဏ်း

ထို့အပြင် အဆိုပါ ကိုးထပ်တိုက်မှ အဖွဲ့အစည်းသည် တရုတ်စီးပွားရေးလုပ်ငန်းရှင် နှင့် စစ်ကောင်စီမှ အငြိမ်းစား အရာရှိတစ်ဦးတို့ ပူးပေါင်းဖွင့်လှစ်ထားခြင်းဖြစ်ပြီး တရုတ်ဘက်မှ အလိုရှိနေသည့် ဂိုဏ်းဖြစ်ကြောင်းလည်း ၎င်းအမျိုးသားက ဆက်လက်ပြောသည်။

အဆိုပါ အွန်လိုင်း လူလိမ်ဂိုဏ်းရှိသည့် ကိုးထပ်တိုက်မှ စီးပွားရေးလုပ်ငန်းရှင်များ သွားရောက်ဖမ်းဆီးချိန်တွင် ထွက်ပြေး တိမ်းရှောင်မှုများလည်းရှိပြီး၊ တိုက်တစ်ခုလုံးရှိ ဝန်ထမ်းများ အချင်းချင်း သတိပေးကာ ထွက်ပြေးလွတ်မြောက် သူများလည်း ရှိနေကြောင်း အဆိုပါ အဖွဲ့အစည်းနှင့် ဆက်စပ်သူတစ်ဦးက ပြောသည်။

ငွေလိမ်သည့်ဂိုဏ်းများ ဖမ်းဆီးရမိ

“စစ်သားတွေရဲတွေ မရောက်လာခင် ၁၁ နာရီလောက်မှာ သူဌေးတွေက ထွက်ပြေးတာတွေ့လို့ ဝန်ထမ်းတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တချို့က ထွက်ပြေးသွားတယ်၊ အဲ့ကြောင့် ရဲတွေရောက်လာတဲ့အချိန် တချို့ပဲ ဖမ်းမိသွားတာ၊ ဒါပေမဲ့ စစ်ဆေးမှုပြီးရင် လာမယ့် ၁၅ ရက်နေ့ကျရင် ဒီလုပ်ငန်းပြန်ဖွင့်မယ်လည်း သတင်းသိရတယ်” ဟု ၎င်းအမျိုးသားက ဆက်လက်ပြောသည်။

လက်ရှိတွင် ဖမ်းမိထားသူများကို မည်သည့်နေရာတွင် ခေါ်ဆောင်ထားသည်ကို မသိရှိရသေးကြောင်းလည်း ဒေသခံများက ပြောသည်။

မူဆယ်မြို့သည် မြန်မာ_တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံဝင်ထွက်သွားလာသည့် အပြင် ဒုစရိုက်လုပ်ငန်း နှင့် တရားမဝင်လုပ်ငန်းများလည်း ပေါများသည့် မြို့ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိသည့်မြို့ ဖြစ်သည့်အတွက် ပစ်ခတ်မှုများလည်း မကြာခဏဖြစ်ပွားသည့် မြို့လည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...