Friday, January 30, 2026

CATEGORY

မှုခင်း

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ...

သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဟဲကျေးရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၆)ရက် ညနေ ၄ နာရီဝန်းကျင်တွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၆) ညနေ ၄ နာရီဝန်းကျင်က အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး ဘီးကျွတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...

မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ်ငွေလဲသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့်...

မူဆယ်မြို့လယ်ခေါင် ငွေလဲလှယ်ပေးသူ ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့လယ် နာရီစင်အနီးတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၀)ရက် ညနေ ၆ နာရီခွဲဝန်းကျင်က ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ ဓာပြတိုက်ခံရပြီး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မူဆယ်မြို့လယ်ခေါင်ဖြစ်သည့် နာရီစင်အနီး တရုတ် - မြန်မာ ငွေလဲလှယ်ပေးနေသူအား လက်နက်ကိုင်လူတစ်စုက လာရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “အယ်လ်ဖတ်ကားနဲ့...

ပင်းတယမြို့နယ် အုပ်ချုပ်ရေးမှူး ရုံးအသုံးစရိတ်ကို အလွှဲသုံးစားလုပ်နေ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်သည် ရုံးအသုံးစရိတ် များကို အလွှဲသုံးစား အသုံးပြုနေသည့်အပြင် ဝန်ထမ်းများကိုလည်း ဖိနှိပ်ချုပ်ခြယ်ခြင်းများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ဦးကျော်မိုးလွင်သည် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှ ပင်းတယမြို့သို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ၎င်းရောက် ကတည်းက CDM ဝန်ထမ်းများ အတိုးမဲ့ချေးယူထားသည့်ငွေများကို ခြိမ်းခြောက်တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အမည်မဖော်လိုသည့်...

နမ့်လန်မြို့မစျေး (၁၅)ရက်အတွင်း ဆိုင်ကယ်(၃)စီးပျောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့မဈေးမှာ (၁၅) ရက် အတွင်း ဆိုင်ကယ် (၃) စီးပျောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကိုဗစ်-၁၉ ကြောင့် နမ့်လန်မြို့မဈေးကို (၅) လ ဝန်းကျင် ပိတ်ထားရပြီး ဒီဇင်ဘာ (၁) ရက်နေ့မှ ပြန်လည်ဖွင့်ကာ ယနေ့ချိန်ထိ ဆိုင်ကယ် (၃) စီး ပျောက်သွားကြောင်း...

နမ့်ခမ်းမြို့လယ် ပေါက်ကွဲမှုဖြစ်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ မြို့လယ်ဘုရားကျောင်း အနောက်ဘက် ပင်လုံထိပ်ထားတည်းခိုခန်းအနီး ယနေ့ (ဒီဇင်ဘာ ၁၄)ရက် ည ၆ နာရီခွဲ ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ထိုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်အောက်ခံတပ်၊ ပြည်သူ့စစ်အုပ်စု ရောက်လာပြီး လူငယ် (၂)ဦးဖမ်းခံရကြောင်းသိရသည်။ “ပေါက်ကွဲမှု ဖြစ်ပြီးတော့ စစ်ကောင်စီလက်အောက်ခံ...

ကျိုင်းတုံ အမျိုးသမီး ၃ဦး သတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (ဒီဇင်ဘာ ၁၉) ည ၉ နာရီ ဝန်းကျင်တွင် အမျိုးသမီး ၃ ဦးသတ်ခံရကြောင်း သတင်းသိရသည်။ အဆိုပါ လူသတ်မှုသည် ကျိုင်းတုံမြို့ ရပ်ကွက် (၂) ကျိုင်းလန်း၊ တက်နေဝန်းကားဂိတ်အနီး နေအိမ်တစ်ခုတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသမီး (၃)ဦး အသတ်ခံခဲ့ရကြောင်း၊...

Latest news