CATEGORY

မှုခင်း

 မူဆယ်ချောင်းထဲ ရေနစ်ပျောက်ဆုံးနေသည့် လူငယ်အလောင်းရှာမတွေ့သေး 

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှ လူငယ်တစ်ဦးသည် ဧပြီ ၁၆ရက် (သင်္ကြန်အတက်နေ့) ကတည်းမှ မူဆယ်ချောင်းထဲ ရေနစ်ပျောက်ဆုံးခဲရာ ယနေ့ အချိန်ထိအလောင်းရှာမတွေ့သေးကြောင်း သတင်းသိရသည်။  ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်တွင် နမ့်ခမ်းမြို့နယ်၊ စယ်နေကျေးရွာအုပ်စု စယ်နေကျေးရွာမှ အသက် ၁၉ နှစ်အရွယ်ရှိ မိုင်းနိုင်ဖောင်သည် မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်ချောင်းတွင် ရေဆော့ကစားရာမှ ရေနစ်ပြီး...

မင်္ဂလာမူဆယ်အနီး ဗုံးပေါက်ကွဲမှုဖြစ်၊ လူထိခိုက်မှုရှိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ မင်္ဂလာမူဆယ်အနီးပတ်၀န်းကျင်တွင် ယမန်နေ့ (ဧပြီ ၁၄)ရက် သင်္ကြန်အကျနေ့ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ “ မနေ့က နေ့လည် မင်္ဂလာမူဆယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်။ လူထိခိုက်မှု ၂ယောက်ရှိတယ်လို့ ပြောတယ်။ တယောက်ကတော့ ကျနော်တို့ စယ်လန့်က ကလေးပါ။လက်ထိတယ်။ နောက်တယောက်ကတော့...

မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ်သင်တန်းနေရာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ် သင်တန်းရှိရာ နေရာတွင် ပေါက်ကွဲသွားကြောင်း သိန်းသန်းချီ ကားကြီးကွင်းအနီး နေထိုင်သည့်...

ကျောက်မဲမှာ လက်နက်ကိုင်လူတစ်စု နေအိမ်ထဲ ဝင်ရောက်မွှေနောက် ငွေ ယူသွား 

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဧပြီ ၄ ရက် မနက်အစောပိုင်းက လက်နက်ကိုင်ထားသည့် လူတစ်စုမှ နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ပြီး ငွေများ ယူဆောင်သွားခဲ့ကြောင်း သတင်းသိရသည်။  ဧပြီ ၄ ရက် မနက် ၃ နာရီဝန်းကျင် ကျောက်မဲမြို့ ရပ်ကွက် ၈ အင်ကြင်းတောင်ရှိ နေအိမ်...

မိုင်းပျဉ်းမြို့ ရှင်လောင်းပွဲ လောင်းကစားဝိုင်းများ ထည့်သွင်းပြုလုပ်လာ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ရှင်လောင်းပွဲ ပြုလုပ်သည့်ကျောင်းအတွင်း၌ လောင်းကစားဝိုင်းများ ထည့်သွင်း ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရသည်။ မိုင်းပျဉ်းမြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု “ဗဟို” ကျောင်းတွင် ဧပြီ ၂ ရက်မှစပြီး ၁၁ ရက်အထိ ရှင်လောင်းအပါး (၁၀၀)ဖြင့် ၁၀ ရက်ကြာ ရှင်လောင်းပွဲကို စည်ကားစွာ ကျင်းပသွားမည်ဖြစ်ပြီး...

လားရှိုး – တန့်ယန်းလမ်းခွဲ အမျိုးသား တစ်ဦး လည်ပင်းဓားထိုးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုး - တန့်ယန်းလမ်းခွဲတွင် နေထိုင်သူ အချင်းချင်း စကားများရာမှ အမျိုးသား၏ လည်ပင်း ဓားထိုးခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ် ၃၀) ည ၉ နာရီ ဝန်းကျင်တွင် လားရှိုး - တန့်ယန်း လမ်းခွဲအနီး၌ နေထိုင်သည့်...

ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာသို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အလယ်ချောင်ကျေးရွာ အနောက်ကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အလည်ရောက်ရှိနေသည့် စစ်တပ်သတင်းပေး ဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး...

ကျောက်မဲ စည်ပင် ဗုံးပေါက်ပြီးနောက် စကစမှ ပြည်သူတစ်ဦးကို ရိုက်နှက် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီမှ ပြည်သူများကို ရိုက်နှက်စစ်ဆေးမှုပြုလုပ်ခဲ့သဖြင့်အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ညနေပိုင်းတွင် ကျောက်မဲ စည်ပင်သာယာရေးရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြို့တွင်း နေရာတော်တော်များများတွင် လမ်းသွားလမ်းလာပြည်သူများအား စစ်ကောင်စီတို့မှ စစ်ဆေးရိုက်နှက်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း...

နမ့်ခမ်းမြို့ သင်္ချိုင်း အုတ်ဂူများ ဖျက်ဆီး သံများခိုးယူသွား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတစ်ခုတွင် မူးယစ်ဆေးဝါးသုံးစွဲသူများက အုတ်ဂူများကို ဖျက်ဆီးပြီး သံများကို ခိုးယူသွားကြကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နမ့်ခမ်းမြို့ရှိ သင်္ချိုင်းတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူ များပြားလာပြီး သင်္ချိုင်းအုတ်ဂူ (၁၀)ခုကျော် ဖျက်ဆီးသွားကြောင်း ယမန်နေ့ (မတ် ၂၈ ရက်) သွားရောက် ဖမ်းဆီးသူထဲမှ တာဝန်ရှိသူတစ်ဦးက...

ကွတ်ခိုင်မြို့နယ် လောင်းကစားရုံအတွင်း ပြည်သူ့စစ်နှင့် အရပ်သား ခိုက်ရန်ဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လောင်းကစားကြောင့် ပြည်သူ့စစ်နှင့် အရပ်သားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူဘက်မှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ လွန်ခဲ့သည့် မတ် ၁၈ ရက် ည ၈ နာရီခွဲဝန်းကျင် ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ရှုခင်းသာတွင် ရှိသည့် လောင်းကစားရုံတွင် ပြည်သူစစ် နှင့် ပြည်သူတို့...

Latest news