Friday, April 26, 2024

မူဆယ်မြို့နယ်က ဒေသခံ အမျိုးသား တစ်ဦး ပစ်သတ်ခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုဆောင်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ လက်နက်ကိုင် လူတစ်ဦးက အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဥ်မှာ ယနေ့ (ဇူလိုင် ၁၅) ရက် မနက် ၈ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုဆောင်ရပ်ကွက်ရှိ စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ လက်နက်ကိုင် အမျိုးသားတစ်ဦးရောက်ရှိလာပြီး အသက် (၃၀) ကျော်အရွယ်ရှိ စိုင်းပီး ဆိုသူ၏ နောက်ကျောကို ပစ္စတို ဖြင့် ပစ်ခတ်ခဲ့ကာ စားသောက်ဆိုင်အတွင်း သေဆုံးသွားခဲ့ကြောင်း မူဆယ်ဒေသခံ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦး ကပြောသည်။

နောက်ကျောမှ ပစ်ခတ်ခံရသူ

“သူက မူဆယ်မြို့နယ် (၁၉) ကျေးရွာအုပ်စု တာစန့်ကျေးရွာ ဘက်မှာ နေတာ။ သူ့ရုပ်အလောင်းကို ဒီနေ့ပဲ သင်္ဂြိုလ်သွားမှာပါ။ ကျနော်တို့ သိရသလောက်ဆိုရင် ဘယ်အဖွဲ့အစည်းကလည်းမဟုတ်ဘူး။ ဒီလို သာမာန်အရပ်သား ပြည်သူပဲလို့ သိရတယ်” ဟု သေဆုံးသူ စိုင်းပီး နှင့် နီးစပ်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုလာရောက်ပစ်ခတ်သည့် အမျိုးသားသည် လက်ရှိချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

လာရောက်ပစ်ခတ်သည့် အမျိုးသား

“လာပစ်တဲ့သူက သူ့အိတ်ထဲကနေ သေနတ်ထည့်ပြီး ပစ်တာ။ သူ့ကျည်ဆံ တောင်မကျခဲ့ဘူး။ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး။ သူ့ပုံစံ ကြည့်ရတာက လျင်မယ့်ပုံပဲ။ ကျနော်တို့ မှန်းကြည့်တာတော့ ကြေးစားအငှားလိုက်တာနဲ့ တူတယ် ” ဟု နီးစပ်သူ အသိုင်းအဝိုင်း တစ်ဦး က ပြောသည်။

မူဆယ်မြို့နယ်သည် တရုတ် – မြန်မာ နယ်စပ် မြို့တစ်မြို့ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် ပေါင်းစုံ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ လူသတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article