ရပ်စောက်မှာ တောင်ယာ မီးရှို့ချိန် ပေါက်ကွဲမှုဖြစ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ် ဟိုပြင်ကျေးရွာအနီး ယမန်နေ့ (မတ် ၂၂ရက်)တွင် တောင်ယာမီးရှို့စဉ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းသိရသည်။ ထို ဟိုပြင်ကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှု မရှိဖူးကြောင်းနှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူမှာလည်း သာမန် တောင်ယာစိုက်ပျိုးရေး လုပ်ကိုင်သူသာ ဖြစ်ကြောင်း...
ကွတ်ခိုင် သင်္ချိုင်းကုန်းထဲ အသက် ၉ နှစ်အရွယ် ကလေးငယ်အပါအဝင် လူငယ်နှစ်ဦးအလောင်း တွေ့
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တရုတ်သင်္ချိုင်းကုန်းထဲတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် လူငယ်အလောင်း (၂)လောင်းကို တွေ့ရှိရကြောင်း သတင်းသိရသည်။ “မတ်လ ၂၁ ရက်နေ့မှာ တရုတ်သင်္ချိုင်းထဲ ကလေးအလောင်းနှစ်လောင်း တွေ့ရပါတယ်၊ နှစ်ယောက်လုံးက မိဘတွေ လူပျောက်ကြေညာထားတဲ့ သူတွေ ဖြစ်တယ်၊ တစ်ခုကျတော့...
သီပေါ ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ပုတိမ်တောင်ရပ်ကွက်တွင်ရှိသည့် ဖုန်းဆိုင်တစ်ဆိုင် ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (မတ်လ ၂၃ ရက်) မနက် ၁ နာရီဝန်းကျင် လျှပ်စစ်မီး ပြတ်တောက်နေသည့်အချိန်တွင် လူတစ်စုမှ ဖုန်းဆိုင်၏ သော့ကို မီးရှို့ဖျက်ဆီးကာ ဆိုင်တွင်းရှိ ဖုန်းများအားလုံးကို ယူဆောင်သွားကြောင်း သိရသည်။...
မိုင်းခုတ်မြို့နယ် မီးလောင် အိမ်ခြေ ( ၂၄)အိမ် မီးထဲပါသွား
SHAN -
သျှမ်းပြည်အရှေ့ပိုင်း မိုင်းခုတ်မြို့နယ် မိုင်းနင်းကျေးရွာအုပ်စု ဝမ်လုံ (၁) ကျေးရွာတွင် မီးကြွင်းမီးကျန်မှ တစ်ဆင့် နေအိမ် (၂၄) လုံး မီးလောင်သွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၂၀) ရက် မနက် (၄) နာရီခန့် တွင် ဝက်အစာတည်ထားရင်း မီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှု ဖြစ်ပွားကြောင်း...
တောင်ကြီး တိုက်အိမ်မီးလောင် အမျိုးသမီး (၃)ဦးသေဆုံး
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ် စံပယ်လမ်းတွင် တိုက်အိမ် မီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး (၃) ဦး အောက်စီပျက်ကာ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ မတ်လ (၂၀) ရက် ည (၁၂) နာရီကျော်တွင် ဝါယာရှော့ကြောင့် မီးလောင်မှု ဖြစ်ပွားပြီး နေအိမ်အတွင်း အမျိုးသမီး (၃) ဦး...
မိုင်းပန်မြို့ရဲစခန်းဝန်းအတွင်း လောင်းကစားပြုလုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းဝန်းအတွင်း လောင်းကစားဖွင့်ပေးပြီး ရန်ပုံငွေရှာယူနေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းပန်မြို့ ရဲစခန်းတွင်းရှိ မိုင်းစံစေတီပြုပြင်မွမ်းမံ ထီးတင်ပွဲ အကြောင်းပြပြီး မတ်လ ၁၅ ရက်နေ့မှ စပြီး ယနေ့ထိတိုင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားကြောင်း မိုင်းပန်မြို့ မှ ဒေသခံများ ပြောပြချက်အရ သိရသည်။ “...
မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် အချင်းချင်းစကားများရာမှ ဓားခုတ်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်တွင် ယနေ့ (မတ် ၁၇)ရက် မနက် ၁ နာရီခွဲဝန်းကျင်၌ အချင်းချင်း စကားများရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိသည်။ ယနေ့ မတ်လ ၁၇ မနက် ၁ နာရီခွဲဝန်းကျင်တွင် မိုင်ယု...
သျှမ်းတောင်ဒေသ လောင်းကစားဝိုင်းများ တရားဝင် ခွင့်ပြုနေပြီလား
အကာအရံမပါ သက်ကယ်မိုးထားသည့် တဲကြီး တစ်လုံးထဲတွင် လူများစုဝေးနေပြီး ယွန်းခွက် တစ်ခုကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေသည်။ ဆေးရောင်စုံ ဗီနိုင်းပေါ်တွင် အကောင်ပုံများ ရေးဆွဲထားပြီး ငွေစက္ကူများ ဖွေးဖွေးလှုပ်နေသည်။ ကွမ်းမြုံနေသူက ယွန်းခွက်ကို အသာအယာ လက်ညှိုးဖြင့် ခေါက်ရင်း “လက်ရှောင် ပေါက်ကောင်ဖွင့်မယ်” ဟု ရေရွတ်ကာ ယွန်းခွက်အား...
မူဆယ်မြို့ အမျိုးသမီးတစ်ဦး သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရသည်။ အဆိုပါ သတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အသက် (၂၄)နှစ်အရွယ်ရှိပြီး ယမန်နေ့ (မတ်လ ၁၂)ရက် မနက်ပိုင်း ၆ နာရီဝန်းကျင်တွင် ကားဝယ်လိုသည်ဟု ဖုန်းဆက်ပြောဆိုလာသူနှင့် ချိန်းဆိုမှုရှိရာသို့ ထွက်သွားပြီး သတ်ဖြတ်ခံရကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။ သတ်ခံရသည့် အမျိုးသမီးသည် အွန်လိုင်း...
ပင်လုံမြို့ ဆိုင်ကယ်မဝယ်ပေးသည့် မိဘ၂ပါး ကို သားဖြစ်သူက သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ရပ်ကွက် (၃) တွင် သားဖြစ်သူက ဆိုင်ကယ်ဝယ်မပေးသည့် မိဘ ၂ပါးကို မူးယစ်ဆေးသုံးစွဲပြီး သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ အဆိုပါ သတ်ခံရသည့် မိဘ ၂ပါးသည် မည်သည့်ရက်တွင်သတ်ခံရသည်ကို မသိရကြောင်း၊ ရဲများမှ အကြောင်းကြားလာသည့် အတွက် ယမန်နေ့ (မတ် ၁၂)ရက်တွင် အလောင်းသွားသယ်ခဲ့ကြောင်း ပင်လုံမြို့...





