သီပေါမြို့ ညမထွက်ရ မာရှယ်လော ရှိနေသည့်ကြား KTV ညနက်ထိ လူစည်ကားနေ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း စစ်ကောင်စီမှ ညမထွက်ရအမိန့် မာရှယ်လောကို ထုတ်ပြန်ထားသော်လည်း KTV တွင် လူစည်ကားနေကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ်တွင် ဇွန်လ ၈ ရက် မှစပြီး ညမထွက်ရ မာရှယ်လောထုတ်ပြန်ခဲ့သော်လည်း KTV ဆိုင်များတွင် ညနက်ထိ လူစည်ကားနေကြာင်း ဒေသခံ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ မာရှယ်လောထုတ်ထားတယ်လို့သာပြောတာပါ။ KTV ဆိုင်တွေဆို မနက်မိုးလင်းပေါက်ထိ ဖွင့်နေကြ တာပဲ။ ရဲတွေ၊ တာဝန်ရှိတဲ့သူတွေကလည်း ဘာမှ အရေးယူ သွားဖမ်းတာမရှိဘူး။ တစ်ခုထပ်ကြား ရတာက အဲ့ဆိုင်တွေကို သွားလည်ရင်လဲ ညမပေးပြန်ပါဘူး။ မနက် ၄ နာရီမှ ပေးပြန်တာ။ သီချင်းတွေ ညနက်ထိ ဆိုနေကြတာပဲ” ဟု သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သီပေါမြို့နယ်အတွင်း စံဖိတ်ကျေးရွာ နှင့် တောင်မြောက်ရပ်ကွက်တွင် KTV ဆိုင်အများဆုံး ဖွင့်ထားကြောင်း သိရသည်။

သီပေါမြို့

အဆိုပါ သီပေါမြို့နယ်တွင်း မာရှယ်လောထုတ်ပြန်ချက်ကြောင့် သူခိုးများအတွက် အခွင့်ကောင်းသာဖြစ်ကြောင်း ပြည်သူများက ပြောဆိုကြသည်။

“မာရှယ်လောထွက်လာပြီးနောက်ပိုင်းမှာ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေ ခိုးယူဖောက်ထွင်းမှုတွေက ပိုများလာတယ်။ သူတို့ ဒီလိုထုတ်ပြန်လိုက်တာက သူခိုးတွေအတွက် ပိုပြီး ခိုးယူမှု လွတ်လပ်အောင် အခွင့်ရေးပေး နေသလို ဖြစ်နေတယ်။ ညဆိုရင် ကျနော်တို့ ပြည်သူတွေက ထွက်လို့မရတော့ဘူးလေ။ သူတို့လည်း ဒီအကြောင်းပြချက် နဲ့ ခိုးယူ နေကြတာ”ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သီပေါမြို့နယ်ထဲတွင် မာရှယ်လောရှိထားပြီး စစ်ကောင်စီတပ်သားများက စစ်ဆေးသော်လည်း အရေးယူ ဖမ်းယူမှုများလည်း မရှိကြောင်း ဒေသခံ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“ အခုသီပေါမှာက မြန်မာပြည်ကနေလာတဲ့ သူတွေအများကြီးပဲ။ ဖုန်းဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အများကြီး ဖောက်ပြီး ခိုးယူခံရတာ။ ပြီးတော့ အခုက သီပေါမှာ လောင်းကစားတွေ ပြန်ဖွင့်တော့မယ်။ ပြီးတော့ ရဲတွေကလည်း အရေးယူပြီး ဖမ်းတာမျိုးမရှိဘူး” ဟု သီပေါမြို့ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

သီပေါမြို့နယ်သည် ဆူပူရှုပ်ထွေးမှုကြောင့် ဇွန်လ ၈ ရက်နေ့မှစပြီး ညမထွက်ရအမိန့် မာရှယ်လောကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ် နဂါးနှစ်ကောာင် KTV မီးလောင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၉ ရက်) မနက် ၉ နာရီခန့်တွင် တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်း ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...