တလကျော် ပျောက်ဆုံးနေသည့် သီပေါ အမျိုးသမီး ၏ မိဘ ခြိမ်းခြောက်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် တလ ကျော်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီး၏ မိဘများကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က မြန်မာကျပ်ငွေ ၁၅ သိန်း ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နယ် အုမ်မူ့ကျေးရွာအုပ်စု ဝမ်တက်နားမွန်ကျေးရွာနေ အသက် ၁၉ နှစ် အရွယ်ရှိ နန်းခမ်းအောင်သည် လွန်ခဲ့သည့် ဇွန် ၂ ရက် တွင် သူငယ်ချင်းထံ သွားမည်ဟုဆိုပြီး ယနေ့ထိ အိမ်ပြန်မရောက်ဘဲ ပျောက်ဆုံးသွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးပြီးနောက် နန်းခမ်းအောင်ကို ပြန်လိုချင်ပါက မြန်မာကျပ်ငွေ ၁၅ သိန်းဖြင့် လာရောက် ရွေးရန် သူမ၏ မိဘများထံ အမည်မသိ အမျိုးသားတစ်ဦးက ဖုန်းဆက်ပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ပျောက်ဆုံးနေသည့် အမျိုးသမီး၏ ညီမဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်လောက်က ကျမတို့ အဖေဆီကို အမျိုးသားတစ်ဦးက ဖုန်းဆက်လာပြီး ဗမာစကားနဲ့ ခင်ဗျားတို့ သမီးကို ပြန်လိုချင်ရင် ပိုက်ဆံ ၁၅ သိန်းလွှဲပေးရမယ်။ ပြီးတော့ ပြောလိုက်သေးတယ် သမီး (ပျောက်ဆုံးသူ) ကိုပြန်လိုချင်လား၊ မလိုချင်ဘူးလား၊ မလိုချင်ရင် သတ်ပစ်ပြီးခွေးစာကျွေးလိုက်မှာတဲ့” ဟု ၎င်း၏ ညီမဖြစ်သူက ပြန်ပြောပြလာသည်။

ဆက်လက်ပြီး ဖုန်းဆက်လာသည့် အမျိုးသားကို ၎င်း၏ ဖခင်ဖြစ်သူမှ သမီး (နန်းခမ်းအောင်) သည် မည်သည့်နေရာရောက်နေသည်ကို မေးမြန်းသည့်အခါ ရိုင်းစိုင်းစွာ ဆဲဆိုပြီး ဖုန်းချသွားကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

ပျောက်ဆုံးသွားသည့် အမျိုးသမီး

ပျောက်ဆုံးနေသူ နန်းခမ်းအောင်ကို မည်သည့်နေရာ မည်သည့်အချိန်တွင် သွားရောက်တွေ့ဆုံနိုင်ကြောင်း မေးမြန်းရာတွင်လည်း တစ်ဖက်မှ ဖြေကြားပေးနိုင်ခြင်း မရှိသည့်အတွက် မိဘများကလည်း ငွေကြေးလိမ်လည် ခြိမ်းခြောက်တောင်းဆိုခြင်းအဖြစ် နားလည်သိရှိလိုက်ကြောင်းလည်း ညီမဖြစ်သူက ပြောသည်။

“ဖုန်းစ ဆက်လာ တုန်းကတော့ အစ်မကို (ပျောက်ဆုံးသူ) တွေ့ချင်စောနဲ့ သူ့စကားတွေ ယုံပြီး သူတောင်းထားတဲ့ ပိုက်ဆံတောင် လွှဲပေးမလို့ပဲ၊ ဒါပေမယ့် ဘယ်နေရာဘယ်အချိန်မှာ အစ်မနဲ့ တွေ့ရမယ်လို့ သူက မပြောနိုင်တော့ ကျမတို့လည်း မယုံကြည်တော့တာ၊ ကျမသူငယ်ချင်းကလည်း ကျမတို့ကို အသိပေးတာ မြန်လို့ပေါ့” ဟု ၎င်းက ပြောသည်။

နန်းခမ်းအောင်၏ မိဘများထံ ဖုန်းဆက် ခြိမ်းခြောက်ငွေတောင်းသည့် ဖုန်းနံပတ်သည် 09-949-135-168 ဖြစ်သည်။

၎င်း ပျောက်သွားစဥ်တွင် တွေ့ရှိပါက အကြောင်းကြားပေးရန် ပုံနှင့်တကွ ဆက်သွယ်ရမည့် ဖုန်းနံပါတ် များပါ ထည့်သွင်းပြီး လိုင်းပေါ်တင်ထားသည့်အတွက် မသမာသူများက အခွင့်အရေးကို အသုံးချကာ ငွေကြေး ခြိမ်းခြောက်တောင်းခံမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း နန်းခမ်းအောင်၏ ညီမဖြစ်သူက ဆက်လက်ပြောသည်။

နန်းခမ်းအောင်သည် သီပေါမြို့ နားမွန်းကျေးရွာနေ လုံးစိုင်းအောင်လ နှင့် ပါနန်းခမ်းအိမ်တို့၏ သမီးအကြီး ဖြစ်သည်။

ထိုနည်းတူ ဇွန်လ ၂၁ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့မှ လူငယ်တစ်ဦး အဆက်အသွယ်မရ ပျောက်ဆုံး ပြီးနောက်တစ်နေ့တွင် အမည်မသိလူတစ်စုမှ အဆိုပါ ပျောက်ဆုံးလူငယ်ပြန်လိုချင်ပါက ပိုက်ဆံနှင့် လာရောက် လဲလှယ်ရန် ပြောဆို ခြိမ်းခြောက်မှုများ ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းတွင်လည်း ကွတ်ခိုင်မြို့နေ ကလေးငယ်တစ်ဦးကို အမည်မသိ အဖွဲ့မှ ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့ဖူးသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါအဝင် တစ်နိုင်ငံလုံးမှ တရားဥပဒေစိုးမိုးမှုများ ကင်းမဲ့လာပြီး ဥပဒေမဲ့ လုပ်ရပ်များလည်း တစ်နေ့တစ်ခြား ပိုမိုများပြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

သီပေါမြို့နယ်တွင် MNDAA က ရွှေတူးဖော်ရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ နမ္မချောင်းနှင့် နမ့်ပေါင်ချောင်းဆုံရာ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ် (MNDAA) က ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလလယ်ခန့်မှ စတင်ကာ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များသည် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စု နောင်နွေးကျေးရွာ အရှေ့ဘက်ရှိ ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုးမြေတူးစက်များနှင့် ရွှေကျင်စက်ပစ္စည်းများကို...