RCSS/SSA စစ်အင်အားပြ လင်းခေးမြို့ လောင်းကစားဝိုင်း ပိတ်သိမ်းလိုက်ရ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့မှ လောင်းကစားဝိုင်းအတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့မှ စစ်အင်အား လာရောက်ပြပြီးနောက် ပိတ်သိမ်းသွားရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် (RCSS/SSA) တပ်ဖွဲ့တို့မှ စစ်အင်အားလာရောက်ပြသပြီးနောက် လောင်းကစားဝိုင်းများ အားလုံး ပိတ်သိမ်းရန်လည်း ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“RCSS/SSA တပ်ဖွဲ့က လောင်းကစားဝိုင်း လုပ်တဲ့နေရာကို အင်အားသွားပြတယ်၊ ပိတ်သိမ်းဖို့လည်း ပြောလိုက်တဲ့အခါတော့ လောင်းကစားဝိုင်း ပိတ်သွားပါတယ်၊ အခုဆို ခုံတွေ ပစ္စည်းတွေသိမ်းပြီးပြီ” ဟု အသက် ၄၀ ကျော် အရွယ်ရှိ လင်းခေးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

တစ်လကျော်ကြာ ဖွင့်လှစ်လာသည့် လောင်းကစားဝိုင်းကြောင့် ပြည်သူများ အိမ်တွင်းရေး ပြဿနာ များပြား လာခြင်းနှင့် ဝမ်းစာရှာဖွေရေး ထိခိုက်လာကြောင်း ဒေသခံပြည်သူများ ညဉ်းထွားပြောဆိုပြီး နောက်ပိုင်း RCSS/SSA တပ်ဖွဲ့မှ စစ်အင်အားပြကာ ပိတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။

သျှမ်းပြည်တွင်းရှိ လောင်းကစားဝိုင်း တစ်နေရာ

အဆိုပါ လောင်းကစားဝိုင်းသည် လင်းခေးမြို့နယ် တန်စန့်ကျေးရွာအုပ်စုတွင် စစ်ကောင်စီလက်အောက်ခံ ထွေ/ အုပ်နှင့် ဌာနဆိုင်ရာများမှတစ်ဆင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ညွှန်ကြားချက်ထုတ်ကာ ပိုက်ဆံရှိသူများနှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ ပူးပေါင်းဖွင့်လှစ်ထားကြောင်း သိရသည်။

“အစတုန်းကတော့ ဘုရားထီးတော်တင်ပွဲကို အကြောင်းပြပြီး လာဖွင့်တာပေါ့၊ လောင်းကစားဝိုင်း စည်လာအောင် စစ်ကောင်စီဘက်က ဖျော်ဖြေရေးတွေတောင် ခေါ်ပေးတာ၊အခုတော့ RCSS/SSA တွေက လာပြောလို့ ၂၄ ရက်ကတည်းက ပိတ်သိမ်း သွားရပြီ၊ ဒါက ဒေသအတွက်တော်တော်ကောင်းတယ်” ဟု လည်း လင်းခေးမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နေရာအနှံ့တွင် လောင်းကစားဝိုင်းများ ပေါများလာသည့် အတွက် ယခုကဲ့သို့ ဒေသအလိုက် တိုင်းရင်းသား လက်နက်ကိုင်များမှ ကူညီပြီး တားမြစ်မှုများ ပြုလုပ်ပေးရန် တောင်းဆိုလိုကြောင်းလည်း လင်းခေးလူငယ်တစ်ဦး ကဆက်ပြောသည်။

“ဒေသအလိုက်လုပ် နေတဲ့ လောင်းကစားဝိုင်းတွေကို အခုလိုမျိုး တိုင်းရင်းသားလက်နက်ကိုင်တွေ ကူတားမြစ် ပေးမယ်ဆိုရင် တော်တော်ကို ကောင်းပါတယ်၊ ဒီလောင်းကစားဝိုင်းတွေက ဒေသအတွက် ဘာမှကောင်းကျိုးမပေး တဲ့အပြင် လူငယ်တွေရဲ့ အကျင့်စာရိတ္တတွေကိုလည်းပျက်စေတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ကိုယ့်နယ် မြေအလိုက် လောင်းကစားတွေကို တားမြစ်သင့်တယ်” ဟု အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်း ဒေသအတွင်းဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်ခြင်းမရှိသည့် အပြင် လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှု မရှိစေရန် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများ ပေါများသည်ထက် ပေါများလာအောင် လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စိုက်ပျိုးစရိတ်မြင့်တက်မှုကြောင့် လင်းခေး ကြံနှင့် နှမ်းစိုက်ပျိူးသူများ လျော့နည်းလာ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးမြို့နယ်တွင် စိုက်ပျိုးစရိတ်များမြင့်တက်လာပြီး သီးနှံဈေးနှုန်းများ ကျဆင်းနေခြင်းကြောင့် ကြံ နှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာကြောင်း စုံစမ်းသိရသည်။ ယခုနှစ် အတွင်း ကုန်စျေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာသည့်အပြင် စိုက်ပျိုးရေး သုံးပစ္စည်းများ၏ စျေးနှုန်းများလည်း မြင့်တက်လာကာ သီးနှံစျေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအကြား ကြံနှင့် နှမ်းစိုက်ပျိုးမှု လျော့နည်းလာနေကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...