တောင်ကြီးမြို့ ယခုကာလ ဧည့်စာရင်းစစ်ဆေးရာ ဓာတ်ပုံပြပြီး စစ်ဆေးနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ယခုကာလအတွင်း ရဲ နှင့် စစ်သားများ ဧည့်စာရင်း စစ်ဆေးရာ အမျိုးသားတစ်ဦး၏ ဓာတ်ပုံနှင့်အတူ လိုက်ပြပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် အရပ်ကားများဖြင့် ည ၁၀ နာရီ မှ ၁၁ နာရီကျော်တွင် လာရောက်ပြီး အမျိုးသားတစ်ဦး၏ ဓာတ်ပုံကို လိုက်လံပြကာ စစ်ဆေးမေးမြန်းခဲ့ကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဧည့်စာရင်း စစ်ဆေးရာတွင် အိမ်ငှားများကို အဓိကထားပြီး စစ်ဆေးနေကြောင်း သိရသည်။

“အခုက ဧည့်စာရင်း လာစစ်တယ်။ အဲ့မှာ ယောင်္ကျားလေးရဲ့ ပုံပြပြီး စစ်ဆေးနေတာ။ ဒလန်သတင်းပေးရှိလို့နေမယ်။ ပြီးတော့ အိမ်ငှားတွေကိုပဲ စစ်တာများတယ်” ဟု တောင်ကြီးမြို့မှ လူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူများကို စစ်ဆေးမေးမြန်းပုံ

ဧည့်စာရင်း စစ်ဆေးမေးမြန်းမှုတွင် သက်ဆိုင်ရာ ရပ်ကွက်တာဝန်ရှိသူများ မပါရှိပဲ ၎င်းမှ သံသယရှိသော ရပ်ကွက်များ၊ အိမ်များကို စစ်ဆေးမေးမြန်းခြင်း၊ စစ်ဆေးရေး ကာလအတွင်း ဧည့်သည်လက်ခံထားရှိသည့် ဧည့်စာရင်း မတိုင်ထားသူများကို ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အပြင် တောင်ကြီးမြို့ အထွက်လမ်း တောင်ကြီး – အေးသာယာထွက်လမ်း၊ တောင်ကြီး – ကက္ကူဘုရား သွားလမ်း နှင့် တောင်ကြီး – ဟိုပုံးလမ်း စသည့် တောင်ကြီးမြို့ထွက်လမ်းများအားလုံးကို ရဲနှင့် စစ်သားများက မြို့ထွက်မည့်သူကို အဓိကထားပြီး အတင်းအကြပ်စစ်ဆေး မေးမြန်းသည်ဟု တောင်ကြီး ဒေသခံများက ပြောပြသည်။

“တောင်ကြီးမြို့ထွက် လမ်းတွေမှာ သူတို့စစ်တာက မြို့ထွက်မယ့် သူကို စစ်တာ မြို့ထဲဝင်လာတဲ့သူကိုတော့ မစစ်ဘူး၊ ဆိုင်ကယ်ဆို အကုန်ဖွင့်ကြည့်ပြီး စစ်တာ၊ စစ်ဆေးမှုကတော့ ကြမ်းတယ်“ ဟု အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ယနေ့ (ဇူလိုင် ၈) ရက် တွင် တောင်ကြီးမြို့ ယာဥ်ထိန်းရဲရုံးရှေ့ လမ်းမကြီးပေါ်မှာ ဆိုင်ကယ်ဦးထုပ် မဆောင်းလာသူများနှင့် ဆိုင်ကယ်နံပါတ်ပြားမပါသူများကို ယာဥ်ထိန်းရဲများက ဆိုင်ကယ်သော့သိမ်းယူပြီး စစ်ဆေးမေးမြန်းမှုများရှိကြောင်း သိရသည်။

ဆိုင်ကယ်နံပါတ်ပြားမပါသော ဆိုင်ကယ်စီးသူများကို ဆိုင်ကယ်သော့သိမ်းယူပြီးနောက် ဆိုင်များ၌ နံပါတ်ပြား ကဒ်ကိုဝယ်ယူခိုင်းပြီး သေသေချာချာ တပ်ဆင်စေပြီးမှသာလျှင် ဆိုင်ကယ်သော့ကိုပြန်ပေးကြောင်း၊ ဆိုင်ကယ် နံပါတ်ပြားမပါသည့် ဆိုင်ကယ်တစ်စီး လျှင် ပိုက်ဆံ (၂၀၀၀၀) ကျပ် ပေးရကြောင်း တောင်ကြီးဒေသခံမှ အသက် ၂၀ နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဆိုင်ကယ်သော့တန်းယူထားတာ၊ ကျမ ဆိုင်ကယ်နံပါတ်ပြားကရှိတယ်၊ နံပါတ်ပြားက နည်းနည်းလေး မကောင်းတာလည်း မရဘူး၊ ဆိုင်ကယ်နံပါတ်ပြား အသစ်သွားဝယ်ခိုင်းတယ်၊ ပြီးရင် ဓာတ်ပုံရိုက်တယ်။ သူတို့ပြပြီးမှ ဆိုင်ကယ်သော့ ပြန်ပေးတယ် “ဟု ၎င်းက ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း ပြည်သူများ ခရီးသွားလာမှု ပိုမိုခက်ခဲလာကြောင်း၊ စစ်ဆေးမှုလည်း တနေ့ထက် တနေ့ တင်းကြပ်လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...