တောင်ကြီးမြို့ စစ်ဆေးမှု ယခင်ထက် ပိုမိုတင်းကြပ်လာ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ဆေးမှု ပိုမို တင်းကြပ်လာကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇူလိုင် (၇) ရက်တွင် တောင်ကြီးမြို့ အဝင် နှင့် ရပ်ကွက်တစ်ချို့တွင် စစ်ကောင်စီ တပ်သားများက ယာဉ်မောင်းလိုင်စင် စစ်ဆေးပြီး ငွေတောင်းခံနေလျက်ရှိကြောင်း သိရသည်။

“အခုရက်ပိုင်းကတော့ စစ်ဆေးမှုပိုကြမ်းလာတယ်။ ပိုများလာတယ်။ ဒီနေ့ပဲ ရပ်ကွက်တွေ တစ်ချို့နား စစ်ဆေးနေတာ။ မြို့ဝင်တွေကောပဲ။ ဒီနေ့ မနက်စူဠာမုနိမှာ စစ်ဆေးနေတာ။ စစ်သားတွေက စစ်နေတာ။ ယာဉ်မောင်းလိုင်စင်တွေကော စစ်ဆေးနေတယ်လို့ကြားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

တောင်ကြီးမြို့

ထိုအပြင် ယခုရက်ပိုင်းတွင် မနက် (၈) နာရီမှ ည (၁၀) နာရီအထိ စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

လက်ရှိမှာလည်း တောင်ကြီးမြို့ ယာဥ်ထိန်းရဲများကလည်း ဆိုင်ကယ်ဦးထုပ်ကို ပိုမိုစစ်ဆေးလာလျက်ရှိကြောင်း သိရသည်။

“ အကုန်လုံး စစ်ဆေးမှုကြမ်းနေတာပဲ။ စည်းကမ်းတွေလည်း သိပ်မရှိကြဘူး။ အခုတော့ ဆိုင်ကယ်စီးတဲ့ သူတွေကိုလည်း ဦးထုပ်ဆောင်းမဆောင်း ပိုစစ်ဆေးလာတယ်။ အာဏာသိမ်းပြီးနောက် စည်းကမ်းတွေ မရှိကြတော့ဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၄ ရက်နေ့တွင် တောင်ကြီး မြို့မဈေး မီးပွိုင့်နားတွင် ဗုံးပေါက်ကွဲမှု အပြီး စစ်ဆေးမှု ပိုများလာကြောင်း သိရသည်။

ထိုအပြင် ယခုရက်ပိုင်းအတွင်း လူငယ် များလည်း ဖမ်းဆီးခံရကြောင်း သိရသည်။ သို့သော် သျှမ်းသံတော်ဆင့်မှ အတည်မပြုနိုင်သေးပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...