တောင်ကြီး ဝါးပြားလမ်းဆုံတွင် အလောင်း (၂)လောင်းတွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဝါးပြားလမ်းဆုံတွင် သတ်ခံထားရသည့် ရုပ်အလောင်း ( ၂)လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။

ရုပ်အလောင်း (၂)လောင်းတွေ့ရှိသည့်နေရာ

ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ မနက် (၆) နာရီဝန်းကျင်တွင် ဝါပြားလမ်းဆုံတွင် ရန်ဖြစ်ပြီး ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း (၂)လောင်းကို တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တစ်ချို့ကလည်း အမှိုက်ကောက်သမားအချင်းချင်းရန်ဖြစ်ကြတယ်လို့ပြောတယ်။ လူသေ အလောင်းကတော့ ၂ ခုရှိတယ်။ ဘယ်ချိန်ဖြစ်ကြတာလဲတော့မသိဘူး။ မနက်ပိုင်း ကျမတို့ ဘုန်းကြီးကျောင်းသွားမှပဲသိရတာ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

အလားတူ တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး တစ်ဦးကလည်း “ ကျမတို့ မနက် ၄ နာရီခွဲကတည်းကတွေ့တာ။ ကျမတို့ဈေးသွား ရောင်းတာလေ။ အဲနားတွေ့တော့ အိပ်နေတယ်လို့ပဲထင်တာ။ ပုံမှန် အရက်သမား အိပ်နေတယ်လို့ ပဲထင်တယ်။ ၆ နာရီလောက်မှ ကျမတို့လည်း သိလိုက်ရတာကရုပ်အလောင်းတဲ့” ဟု ပြောသည်။

ထိုသေဆုံးသွားသည့်ရုပ်အလောင်း(၂)လောင်း၏ လည်ပင်တွင် ဓားလှီးခံထားရကြောင်းသိရသည်။

“ သေသွားတဲ့ ၂ ယောက်လုံးက လည်ပင်မှာ ဓားလှီးခံထားရတယ်။ သူတို့က ည ၁၀ နာရီကတည်းက သေနေပြီး လာပစ်ထားတာလို့ပြောကြတယ်။ ကျမလည်း အသေးစိတ်တော့ မသိရသေးဘူး။ တစ်ယောက်ကို တစ်ယောက်သတ်ကြတာတော့ မဖြစ်နိုင်ဘူး” ဒေသခံ အမျိုးသမီးထပ်မံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ရုပ်အလောင်းကို တာဝန်ရှိသူ ရဲ နှင့် ဆေးရုံကားက လာရောက်သယ်ယူ သွားကြောင်းသိရသည်။

“ ရုပ်အလောင်းကိုတော့ သွားမကြည့်လိုက်ရဘူး။ သူများပြောတာတော့ ရဲတွေက မပေးကြည့်ဘူးတဲ့။ ပိတ်ထားတာ။ ပြီးတော့ ရဲ နှင့် ဆေးရုံကားက လာသယ်သွားတယ်လို့ ပြောကြတာပဲ” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိ သေဆုံးနေသည့် ရုပ်အလောင်း (၂)လောင်းသည် ဇူလိုင် ၇ ရက်တွင် ပျောက်ဆုံးခဲ့သည့် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် လူငယ် (၂)ဦးဟုလည်း ပြောဆိုနေကြသည်။

သို့သော် သျှမ်းသံတော်ဆင့် သတင်းဌာနမှ အတည်မပြုနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...