ခိုလမ်မြို့ အမျိုးသားတစ်ဦး သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦး အသတ်ခံရပြီး ၎င်း၏ ခြံထဲ ပစ်ထားခံရကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇူလိုင် (၅) ရက် မနက် (၅) နာရီအချိန်တွင် ရပ်ကွက် (၃) နေ အမျိုးသားတစ်ဦး သတ်ခံထားရပြီး ရုပ်အလောင်းကို ၎င်း၏ ခြံထဲတွင် ပြန်ရှာတွေ့ ခဲ့ကြောင်း သိရသည်။

“သူက မနက် (၄) နာရီလောက် သူခြံထဲသွားလိုက်တာ။ (၅) နာရီကျတော့ သူ့ရုပ်အလောင်းကိုပဲပြန်တွေ့တယ်။ သူ့လည်ပင်းကို ဖြတ်ခံထားရတာ။ ဘယ်သူက လာသတ်သွားလဲတော့ မသိဘူး” ဟု ခိုလမ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားသည် မည်သည့်လက်နက်ကိုင်မှ လာရောက်သတ်သွားသည်ကို မသိရှိရသည့်အပြင်၊ လာရောက်သတ်သည့်အကြောင်းရင်းလည်း မသိရှိရသေးပေ။

ခိုလမ်မြို့

သတ်ခံရသည့် အမျိုးသားသည် မိုင်းပန်သား ဖြစ်ပြီး ခိုလမ်မှ အမျိုးသမီး နှင့် လက်ထပ်ထိမ်းမြားခဲ့ကာ လာရောက်နေထိုင်သူဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိတော့ ဘယ်သူက သူ့ကိုသတ်သွားလဲ မသိရသေးဘူး။ ဘာကြောင့် သတ်ခံရလဲဆိုတာကိုလည်း မသိရသေးဘူး။ သူက ဒီခိုလမ်က ဇာတိ မဟုတ်ဘူး။ မိုင်းပန်က နေလာတာ။ ဒီနားမှာ သူ့မိန်းမနဲ့ အတူလာနေတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ထိုအမျိုးသား ရုပ်အလောင်းကိုလည်း ယမန်နေ့တွင် မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးရှုပ်ထွေးလာပြီး၊ ပြည်သူများအတွက် လုံခြုံမှုမရှိတော့ကြောင်း သိရသည်။ ထိုအပြင် အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာတွင် ပြည်သူများက မိမိလုံခြုံရေးအတွက် မိမိကိုယ်ကိုယ့် တာဝန်ယူနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

တရုတ်ကျားဖြန့်သမား (၅၀)ကျော် မိုင်းပန်မြို့နယ်ထိရောက်

0
မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား (၅၂)ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် က သတင်းထုတ်ပြန်လာခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသည့်နေရာသည် မိုင်းပန်မြို့၏ မြောက်ဘက် မိုင်း၂၀ အကွာ ကျိုင်းတောင်းမြို့ သွားရာလမ်းဘက် တောထဲတွင် အဆောက်အဦးအခိုင်အမာဆောက်လုပ်ပြီး အွန်လိုင်းလိမ်လည်မှုကို ပြုလုပ်နေသည့် ပုံနှင့်တကွ စစ်ကော်မရှင်ဘက် ယမန်နေ့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...