CATEGORY

မှုခင်း

လားရှိုးမြို့ တစ်လ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ (၅)ဦးထိရှိ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလ အတွင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး သေဆုံးသူ (၅)ဦးထိရှိကြောင်း စုံစမ်းသိရှိရသည်။ ထိုသို့ အဆုံးစီရင်သူများသည် လူငယ်ပိုင်းထဲက အများဆုံးဖြစ်ပြီး မည်သည့် ကိစ္စကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသည်ကို မသိရှိရသေးကြောင်း လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်များက ပြောသည်။ “ဘာကြောင့် ဒီလို အဆုံးစီရင်ကြတာလဲ...

တာချီလိတ်မြို့တွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင် (ခ)ရပ်ကွက်တွင် ယနေ့ (ဇန်နဝါရီ ၁၇) မနက် ၄ နာရီခွဲတွင် ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဆန်ဆိုင်(ခ)ရပ်ကွက် ရီဂျီးနားဟိုတယ်အောက် ဝမ်မိုင်ရွာဝင် ကုန်းဆင်းနားတွင် လူအုပ်စု တစ်ဖွဲ့က ဓားရှည်ဖြင့် ဆိုင်ကယ်စီးလာသူကို ခုတ်ပြီး ဆိုင်ကယ်လုယူသွားကြောင်း...

တာချီလိတ် မြို့မရဲစခန်း ဝန်ထမ်းအိမ်ယာအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်းအနီးတွင် ယနေ့ (ဇန်နဝါရီ ၁၄)ရက် မနက် ၁၁ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၁၁)နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် မြို့မရဲစခန်း အနောက်ဘက် ဝန်ထမ်းအိမ်ယာ အနီးတွင် ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ကြောင်း...

မူဆယ်မြို့နယ်တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ပြီး လုယက်မှုများပြုလုပ်နေ

သျှမ်းပြည်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့တွင် ရဲယူနီဖောင်း အရောင်ဆင်တူ ဝတ်ထားပြီး နေ့ခင်းအချိန် လုယက်မှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့ပြင် ၁၀၅ မိုင်အနီးတဝိုက် ကားလမ်းမကြီးပေါ်တွင် ရဲယူနီဖောင်းနှင့် ဆင်တူအရောင် ဝတ်ဆင်ထားသည့် လူတစ်စုက လမ်းသွားလမ်းလာများထံ ဆိုင်ကယ်နှင့် ပိုက်ဆံအိတ်ကို လုယူလေ့ရှိကြောင်း သတင်းသိရသည်။ “သူတို့က ၄ ယောက်လား...

သိန္နီမြို့ ပေါ် ငွေတောင်းခံသည့် ရဲနှစ်ဦး သွားဖမ်းရာ ပြန်ခုခံသဖြင့် TNPDF မှ သေနတ်ပစ်သတ်

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ အဝင် တိုးဂိတ်နှင့် ကားလမ်းမကြီပေါ် လမ်းသွားလမ်းလာယာဥ်များကို ငွေတာင်း ခံလေ့ရှိသည့် ရဲနှစ်ဦးကို သန္နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TNPDF က ပစ်သတ်ရှင်းလင်းလိုက်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ငွေကောက်ခံမှု ပြုလုပ်ပြီး ပြန်လာသော အဆိုပါ...

နမ့်စန် မြို့မစျေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူတစ်စု က သေနတ်ပစ်ခတ် ဓားပြတိုက်ရန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ မြို့မဈေးအတွင်းဖွင့်လှစ်ထားသည့် ခမ်းလီရွှေဆိုင်ကို ယနေ့ (ဇန်နဝါရီ ၇)ရက် ညနေ ၃ နာရီဝန်းကျင်တွင် မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားလူငယ်တစ်စုက သေနတ်ဖြင့် ပစ်ခတ်ဓားပြတိုက်ရန် ကြိုးစားခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီကျော် ဝန်းကျင်တွင် နမ့်စန်မြို့မဈေးအတွင်းရှိ...

ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ...

သီပေါမြို့နယ် မန်ဟဲကျေးရွာတွင် ကားတစ်စီး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မန်ဟဲကျေးရွာအနီးတွင် ယနေ့ (ဇန်နဝါရီ ၆)ရက် ညနေ ၄ နာရီဝန်းကျင်တွင် အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (ဇန်နဝါရီ ၆) ညနေ ၄ နာရီဝန်းကျင်က အရှိန်ဖြင့် မောင်းနှင်လာသည့် ကားတစ်စီး ဘီးကျွတ်ထွက်သွားပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း...

မူဆယ်မြို့ တရုတ်ငွေလဲသည့် အမျိုးသမီး ဓားပြတိုက်ခံရ

သျှမ်းမြောက် မူဆယ်မြို့ ကောင်းမှုလွိုင်နယ်မြေ ရွှေညောင်ပင်လမ်းတွင် ယနေ့ (ဒီဇင်ဘာ ၂၇)ရက် ည ၇နာရီ၌ တရုတ်ငွေလဲသည့် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယနေ့ ည ၇ နာရီတွင် မူဆယ်မြို့ ကောင်းမှုလွိုင် ရွှေညောင်ပင်လမ်း၌ နေထိုင်သည့် တရုတ်ငွေလဲသည့် မအားလီ၏ နေအိမ်ကို အမည်မသိ လက်နက်ကိုင် ၄ ဦးက လာရောက်ပြီး ဓားပြတိုက်သွားကြောင်းမျက်မြင်တွေ့ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ဒီည ၇ နာရီလောက် မအားလီရဲ့အိမ်ကို လက်နက်ကိုင် ၄ ဦး လာတယ်။ ဓားပြလာတိုက်တာ။ သေနတ်ကျည်လည်းဖောက်သွားတယ်။ မအားလီ ကတော့ ဒဏ်ရာ မရဘူး" ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၀ ရက် ညနေ ၆ နာရီတွင်လည်း မူဆယ်မြို့လယ်ခေါင် နာရီစဉ်အနီးတွင် တရုတ်ငွေလဲနေသူ ဓားပြတိုက်ခံရပြီး သေနတ်ကျည်ထိမှန်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

ရွာငံမြို့နယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်မှ ရွာငံမြို့နှင့် နွားဘန်းကြီးကျေးရွာကြားရှိ ကော်ဖီစက်ရုံတွင်နေထိုင်သည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၂) ရက် ညနေ ၄ နာရီဝန်းကျင်တွင် ကော်ဖီစက်ရုံမှ အသက် ၆၃ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးကို အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့်...

Latest news