Saturday, April 20, 2024

SSPP/SSA ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကွယ်လွန်

Must read

သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားကြောင်း သတင်းသိရသည်။

SSPP ပြောရေးဆိုခွင့် စိုင်းသန်းမောင်

SSPP/SSA မှ ပြောရေးဆိုခွင့်တာဝန်ရှိ ဗိုလ်မှူးသန်းအောင်သည် ယမန်နေ့ (ဇွန် ၂၂)ရက် ညပိုင်းတွင် ဗဟိုဌာနချုပ်၌ ကွယ်လွန်သွားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများမှ သိရသည်။

“ ဟုတ်ပါတယ်။ သူကွယ်လွန်သွားပြီ။ မနက်ဖန် သူ့ရုပ်အလောင်းကို သဂြိုလ်မယ်” ဟု SSPP/SSA နီးစပ်သည့် သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗိုလ်မှူးသန်းအောင်သည် SSPP/SSA ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် ပါတီတပ်ဖွဲ့၏ ဗဟိုဌာနချုပ်မှ အတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။

ဗိုလ်မှူးစိုင်းသန်းအောင်၏ ကြွင်းကျန်ရုပ်အလောင်းကို မနက်ဖြန် ဇွန်လ ၂၄ ရက်နေ့တွင် သဂြိုလ်မည်ဖြစ် ကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article