CATEGORY

မှုခင်း

ကျိုင်းတုံ ယာဉ်တိုက်မှု တစ်ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တိုက်သည့်ကားမှာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၅ နာရီဝန်းကျင် ကျိုင်းတုံမြို့ ဆန်ဂိုတောင်ကုန်းအဆင်း လေယာဉ်ကွင်းလမ်း မြို့တွင်းသို့ လာသည့် ကားတစ်စီးသည် အရှိန်ဖြင့် မောင်းနှင်လာကာ...

တစ်ရက်အတွင်း မူဆယ် အလောင်း ၂ လောင်း တွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၇)ရက် တစ်နေ့တည်း အလောင်း ၂ လောင်း တွေ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက် မနက်ပိုင်းတွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ တည်းခိုခန်းထဲတွင် သေဆုံး နေသည့် အမျိုးသားတစ်ဦးနှင့် ခိုဝန်းရွာအထက် နမ့်ပေါ့ချောင်းအတွင်း သေဆုံးနေသည့် ပိုင်ရှင်မဲ့အမျိုးသား...

သီပေါမြို့ KBZ ဘဏ် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ KBZ ဘဏ် ယနေ့ (ဖေဖော်ဝါရီ ၂၈)ရက် မွန်းလွဲ ၃ နာရီ တွင် ဓားပြတိုက်ခံရကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် သီပေါမြို့ KBZ ဘဏ်သို့ လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသားသုံးဦး...

နောင်ချိုမြို့နယ်အတွင်း ဖုန်းဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အုမ္မသီး ကျေးရွာရှိ ဖုန်းဆိုင်တစ်ဆိုင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက် ည (၇)နာရီဝန်းကျင်တွင် ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရှိရသည်။ “ဟုတ်တယ်။ အဲ့ဖုန်းဆိုင်ကလည်း ပြည်ထောင်စုလမ်းမပေါ်မှာပဲရှိတယ်။ ည ၇ နာရီဝန်းကျင်လောက်က ဓားပြတိုက်ခံလိုက်ရတာ။ ဘယ်သူကနေ လာတိုက်တာလဲတော့ မသိရဘူး” ဟု နောင်ချိုမြို့နယ် ပရဟိတ...

ကျောက်မဲ ထင်းတင်ကားတိမ်းမှောက် ကားဆရာ သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့ (ဖေဖော်ဝါရီ ၂၇)ရက်တွင် ထင်းတင်ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကားဆရာ သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းသိရသည်။ ထိုထင်းတင်ကားသည် ကျောက်မဲမြို့နယ် ပန်စလော့ကျေးရွာအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် နေ့လည် (၂)နာရီခွဲတွင် ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားဆရာ သေဆုံးခဲ့တာဖြစ်ကြောင်း သိရသည်။ “ကားမောက်တာက ပန်စလော့နားမှာဖြစ်တာပါ။...

လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့ ယာဥ်တိုက်မှု ဖြစ်ပွားခဲ့

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၀) စစ်ဆေးရုံတပ်ရင်းရှေ့တွင် ယာဥ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။ လားရှိုးမြို့ အမှတ် (၁၀) စစ်မြေပြင် ဆေးရုံတပ်ရင်းရှေ့တွင် မြေသယ်ကားနှင့် သုံးဘီးယာဥ်တိုက်မှု ဖြစ်သွားပြီး သုံးဘီးမောင်းသူ ဒဏ်ရာပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရကြောင်း လားရှိုးမြို့...

ရန်ကုန် မှ သျှမ်းမြောက် မန်တုံလာလည်သူ အမျိုးသား အရက်သောက်လွန် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှ လျှပ်စစ်ရုံး (EPC)ရှေ့တွင် အရက်သောက်လွန်ပြီး သေဆုံးသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများထံမှ သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အလောင်းကို တွေ့ရှိခြင်းဖြစ်ပြီး သေဆုံးသူသည် မန်တုံမြို့သို့ ဘုန်းကြီးပျံလွန်တော်မူပွဲ လာရောက်လည်ပတ်သည့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နေ ဦးခင်မောင်ထွေး အသက်...

မိုးကုတ်တွင် မီးလောင် အဘိုးအိုတစ်ဦး သေဆုံး

မိုးကုတ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက်အစောပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သက်ကြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီ ၂၅)ရက် မနက် (၁)နာရီဝန်းကျင်တွင် မိုးကုတ်မြို့ အနောက်ပိုင်း ကသဲအုပ်စု ရန်ကြီးအောင်ရပ်ရှိ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ညက ၁...

နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်မြို့ ခိုဟက်ကျေးရွာတွင် ဒေသခံ အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၂၂)ရက် ည (၆)နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က အသက် (၃၀)အရွယ်ရှိ အမျိုးသားတစ်ဦးကို လာရောက်ပစ်ခတ်ခဲ့ကြောင်း နမ့်လန်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ နည်းနည်းပြင်းထန်တယ်။ ဝမ်းဗိုက်နားထိတယ်လို့သိရတယ်။...

လောင်းကစားဝိုင်းကြောင့် ပြည်သူများစိတ်မလုံခြုံ

စစ်ကောင်စီသိမ်းပြီးနောက် သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း လောင်းကစားဝိုင်းများကို ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ပြည်သူများ စိတ်လုံခြုံမှုဖြစ်နေကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်အတွင်းတွင် အမည်မသိ အဖွဲ့တစ်ခုမှ ဦးဆောင်ပြီး လောင်းကစားဝိုင်းကို ဖွင့်လှစ်ခဲ့သည်မှာ တစ်လ နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မိုးနဲမြို့နယ် ဆိုင်းဖယ်ဝမ်မိုင်ရွာဘက်မှာ လုပ်တာပါ၊ တော်တော်ကြာနေပြီ လောင်းကစားဝိုင်းတွေ ဖွင့်တာ။ သွားဆော့တဲ့သူကတော့...

Latest news