တာချီလိတ်မြို့ ကျည်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သေနတ်ကျည်ဒဏ်ရာ နှင့် ခြေလက်များကို ရိုက်ချိုးခံထားရသည့် အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သတင်းသိရသည်။

ယမန်နေ့ ( ဇွန်လ ၆) ရက် ည ၁၁ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ဟောင်လိတ် ရပ်ကွက်ရှိ တရုတ် သင်္ချိုင်းအနီးမှာ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဦးလှမိုး ပရဟိတသမား အသင်းထံမှ သိရသည်။

ကျည်ဒဏ်ရာ နဲ့ သေဆုံးတဲ့ အမျိုးသားအလောင်းတွေ့ရှိ

“ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြားတဲ့သူရှိလို့ သွားကြည့်တဲ့အချိန်မှာ အမျိုးသားတစ်ဦး သေဆုံးနေတာ တွေ့ရပါတယ်၊ သေနတ်ဒဏ်ရာ စုစုပေါင်း ၈ ချက် နဲ့ ခြေထောက်လည်း ရိုက်ချိုးခံထားရတယ်၊ ပြီးတော့ ရိုက်နှက် ခံထားရတဲ့ ဒဏ်ရာတွေလည်း ခန္ဓာကိုယ်အနှံ့ပဲ” ဟု အလောင်းကို သွားရောက်သယ်ယူခဲ့သည့် ဦးလှမိုး ပရဟိတ အသင်းသား တစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသားအလောင်းတွင် ရင်ဘတ်ဖောက်ဝင်ကျည်ဒဏ်ရာ ၁ ချက်၊ ယာဘက်နံရိုး ၁ ချက်၊ ဝမ်းဗိုက် ၁ ချက် ၊ ဝဲဘက်ခါး ၁ ချက်အပြင် ညာဘက် ခြေထောက်လည်း ရိုက်ချိုးခံထားရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကျည်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း

ထို့အပြင် အဆိုပါ အလောင်း နှင့် မနီးမဝေးတောစပ်မှ 9 MM Luger အမျိုးအစား ကျည်ခွံ ၉ ခု နှင့် မပစ်ရသေးသော အမျိုးအစားတူသည့် ကျည် ၂ တောင့် တို့ကိုလည်း စစ်ဆေးတွေရှိရကြောင်း သိရသည်။

လက်ရှိတွင် အလောင်းကို တာချီလိတ်မြို့  ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ရဲများက စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

တာချီလိတ်မြို့သည် မြန်မာ၊ ထိုင်း နှင့် လာအို စသည့် သုံးနိုင်ငံ ထိစပ်နေသည့် နယ်စပ်မြို့တစ်မြို့ ဖြစ်ပြီး လောင်းကစားမှုများ၊ လူသတ်မှုများ၊ တရားမဝင် နိုင်ငံခြားသားဝင်ထွက်မှုများ၊ လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ ပေါများရာ မြို့လည်း ဖြစ်ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...