ရွာငံမြို့နယ်အတွင်း စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ ဓါးဖြင့်ထိုးသတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာမှ ဒလန်ဟု သတ်မှတ်ခံရသူသည် ယမန်နေ့ (နိုဝင်ဘာလ ၉ ရက်) ညနေ(၃)နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အတွင်း၌ရှိနေစဉ် အသတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရသူမှာ ကိုနိုင်ဦး ဖြစ်ပြီး ယခင်က စစ်သားလုပ်ခဲ့ဖူးသူဖြစ်ကြောင်း ရွာငံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသတ်ခံရသူက အရင် စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်၊...
လားရှိုးမြို့ လဝကရုံးအနီး ဗုံးပေါက်ကွဲ ဖြစ်၊ ထိခိုက်မှုရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁ ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး (လဝက)အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယနေ့ နိုဝင်ဘာလ ၁၀ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်အချိန်တွင် ဗုံးတစ်လုံးပေါက်ကွဲပြီးလဝကရုံးဝန်ထမ်း အမျိုးသမီးတစ်ဦးနှင့် မှတ်ပုံတင်လာလုပ်သည့်သူ တစ်ဦး မိုင်းစထိမှန်ကာ ဒဏ်ရာရခဲ့ကြောင်း...
သိန္နီ – နမ့်စလပ်ကြား ယာဉ်တိုက်မှုဖြစ် အမျိုးသားတစ်ဦးသေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သိန္နီ - နမ့်စလပ်ကြား လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (နိုဝင်ဘာ ၈)ရက် မနက် ၈ နာရီ ဝန်းကျင်တွင် သိန္နီမြို့ နှင့် နမ့်စလပ်ကြား လမ်းမကြီးတွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ပွဲချင်ပြီး...
နမ့်ခမ်းမြို့ ယခုရက်ပိုင်း ဒေသခံ (၂)ဦး သေနတ်ပစ်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တွင် (၄)ရက်အတွင်း အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ မှ ဒေသခံ(၂)ဦးကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ နမ့်ခမ်းမြို့ တွင် နိုဝင်ဘာ (၁)ရက်နေ့က အသက် (၃၄)နှစ် အရွယ်ရှိ နန်းမွေလျန်းနွံကို ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိလက်နက်ကိုင်...
မူဆယ်မြို့မှာ အသက် ၂၀ လူငယ် တစ်ဦး ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကချင်ဈေး လမ်းဆုံအနီးတွင် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းသိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်တွင် ကချင်ဈေး လမ်းဆုံအနီးသို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်တစ်ဦးသည် ဦးခေါင်းပိုင်း ချိန်ပြီးပစ်သည့် သေနတ်ဒဏ်ရာ သုံးချက်ဖြင့်...
နမ့်လန် ဒေသခံ တစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂)ရက် ညနေ ၆နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ က နေအိမ်ထဲ အထိ သေနတ်လာ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ယနေ့ ညနေ ၆ နာရီဝန်းကျင် တွင် နမ့်လန်မြို့ စိန်ပန်းရပ်ကွက်...
မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။ “အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။...
စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်ညွှန်မှူးနေအိမ် ပေါက်ကွဲမှုဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် သပြေလမ်း၊ နယ်မြေ(၂)ရှိ စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည် စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း၏ နေအိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။ ယနေ့ အောက်တိုဘာလ (၂၈)ရက် နေ့လယ် (၁၂)နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးက...
မိုင်းယော် ရဲစခန်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော် ရဲစခန်းတွင် ယနေ့ (အောက်တိုဘာ ၂၈) နေ့လည် ၁၂ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “အခုလေးတင်ပေါက်ကွဲသွားတာ။ အသံအကျယ်ကြီးပဲ။ တစ်လုံးပဲ ပေါက်ကွဲတာ။ ရဲစခန်းအထဲကနေ ပေါက်ကွဲတာ။ ထိခိုက်ဒဏ်ရာရရှိတဲ့သူရှိလားတော့မသိဘူး။ ကျနော်တို့လည်း အထဲသွားမကြည့်ရဲဘူး။ ထပ်ပေါက်ကွဲမှာကြောက်ရတယ်” ဟု...
မူဆယ် (၁၀၅)မိုင် ဈေးဆိုင်တန်း မီးလောင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ယမန်နေ့(အောက်တိုဘာ ၂၆) ညသန်းခေါင်ယံချိန် ၌ ဆိုင်ခန်းများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ (၂၆) ရက်ည (၁၂) ခန့်က စတင်လောင်ကျွမ်းပြီး ၂ နာရီကြာ မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ “ပတ္တမြား ကုန်မာဆိုင်ဘေး...






