Thursday, April 18, 2024

တောင်ကြီးဆေးတက္ကသိုလ်အနီး အမျိုးသားတစ်ဦး အလောင်းတွေ့

Must read

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဆေးတက္ကသိုလ် အနီးတွင် အသက် (၄၀)အရွယ်ရှိ အမျိုးသား၏ အလောင်း တစ်လောင်းတွေ့ရှိကြောင်းစုံစမ်းသိရသည်။

တောင်ကြီးဆေးတက္ကသိုလ်

ယမန်နေ့ (မေ ၃၀)ရက် မနက်ပိုင်းတွင် တောင်ကြီး ဆေးတက္ကသိုလ် အမျိုးသမီးအဆောင်၏ တောင်တက်လမ်း အနီးတဝိုက်တွင် အသက် ၄၀ ကျော် အမျိုးသားတစ်ဦး အလောင်းကိုတွေ့ရှိခဲ့ကြောင်း တောင်ကြီးတွင် နေထိုင်သည့် လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ 

“ အလောင်းကို တွေ့တယ် အသက်က ၄၀ ကျော်လောက်ရှိမယ် အလောင်းကို ရှာတွေ့တာနဲ့ ရဲနဲ့စစ်သားတွေ လာသယ် သွားတယ် “ ဟုဒေသခံ လူငယ်တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် တောင်ကြီးမြို့ ရွေဘုန်းပွင့် ဘုရားအတက်လမ်း ဆေးတက္ကသိုလ်လမ်းကြားမှာလည်း တပ်မိသားစု ၄ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article