Saturday, January 31, 2026

မူဆယ်မြို့ အသက် ၃ နှစ် အရွယ်ကလေးတစ်ဦး လျှပ်စစ်ဓာတ်လိုက် သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပျက်စီးနေသည့် ဝါယာကြိုးကိုကိုင်မိပြီး ဓာတ်လိုက်ကာ ချက်ချင်းသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။


ယမန်နေ့ (မေလ ၃၀) ရက် ညနေ (၅) နာရီဝန်းကျင်တွင် ဓာတ်လိုက်သေဆုံးသွားသည့် ကလေးငယ်၏ မိခင်သည် အိမ်ရှေ့၌ ဈေးရောင်းနေချိန် ခဏလေးအတွင်း ကလေးငယ်က ပျက်စီးနေသည့် ဝါယာကြိုးကို ကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားကြောင်း နီးစပ်သည့် ဆွေမျိုးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓာတ်လိုက်သေဆုံးသွားတဲ့ ကလေးငယ်

“ သူ့အမေက အိမ်ရှေ့မှာ ဈေးရောင်းနေပြီး သူ့ကလေးက အနောက်မှာဆော့နေတာ။ သူတို့ဝါယာကြိုးက ပျက်စီးနေပြီ။ သူ့ကလေးက သွားကိုင်မိတော့ ချက်ချင်းသေသွားတယ်။ သူတို့ကလေးက ၃ နှစ်ပဲရှိသေးတယ်” ဟု ၎င်း၏ ဆွေမျိုးတစ်ဦး က ပြောသည်။


အဆိုပါ လျှပ်စစ်ဝါယာကြိုးကို ပျက်စီးသွားပါက ဆက်လက်အသုံးမပြုသင့်ကြောင်း၊ ကလေးငယ်များ နှင့် အဝေးတစ်နေရာမှာ ထားသင့်ကြောင်း ၊ မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ သူတို့ကလေး ဒီလိုဖြစ်သွားတဲ့အတွက်လည်း ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်။ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် မိဘတွေကလည်း ဝါယာကြိုးတွေ၊ လျှပ်စစ်ကြိုးတွေကို ကလေး နဲ့ အနီးမထားသင့်ဘူး။ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကလေးနဲ့ အနီးမထားတာကောင်းတယ်။ ဝါယာကြိုးတွေလည်း ပျက်စီးနေပြီဆိုရင်လည်း တစ်ခါထဲအသစ်လှဲသင့်တယ်” ဟု မူဆယ်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးများ မကြာခဏပြတ်တောက်ခြင်း၊ ဝါယာလျော့ဖြစ်ပြီး နေအိမ်များ မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်တွင် ယာဉ်ထိန်းရဲနှင့် ၎င်းလက်ဝေခံများ ပိုက်ဆံတောင်းကြမ်း

0
သျှမ်းပြည် မူဆယ်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းလက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာလမှ စပြီး မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် စစ်ကော်မရှင်လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် ၎င်းတို့ လက်ဝေခံ အပေါင်းအပါများ ငွေတောင်းကြမ်းနေကြောင်းကို မူဆယ်မြို့နေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်...
MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...

လားရှိုးမြို့ထဲ စစ်ကော်မရှင်နှင့် MNDAA ထပ်မံဆွေးနွေး၊ ပြည်ထောင်စုလမ်းမကြီးပေါ် MNDAA တပ်ပြန်ထိုင်

0
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၃၀ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက...

မိုင်းရယ် တောင်ယာထဲ ကျားဖြန့်လုပ်ကိုင်သူများ ပုန်းအောင်းနေခြင်းကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်

0
သျှမ်းပြည် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာများတွင် အွန်လိုင်းငွေလိမ် ( ကျားဖြန့်)လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုရှိ တောင်ယာတဲများသို့ သီပေါမြို့နယ် မန်မော်ကျေးရွာအုပ်စုဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သူများ လာရောက်ပုန်းအောင်းနေခြင်းကြောင့် ဒေသခံများမှာ လုံခြုံရေးနှင့်...