Wednesday, January 28, 2026

အောင်ပန်းမြို့မှာ မီးလောင်မှုဖြစ်ပွားပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်  နေအိမ်တည်းခိုခန်းတစ်ခုတွင် ယနေ့ (မေ ၃၀)ရက် မနက် ၁၁နာရီ၌  မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးငြိမ်းသတ်မှု ပါဝင်ကူညီခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သတင်းသိရသည်။

အောင်ပန်းမီးလောင်မှု

ယနေ့ မေလ ၃၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီအချိန်တွင် အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်မှ ပြည်ထောင်စု လမ်းမဘေးရှိတော်ဝင်ဧည့်ရိပ်သာ အိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မီးလောင်မှုကို ကလောမြို့၊ အောင်ပန်းမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အောင်ပန်း​​ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့် တာဝန်သိ ပြည်သူများ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အောင်ပန်း မီးလောင်မှု

“အပေါ်ထပ်ကနေ မီးစလောင်တာပါ၊ ဘာကြောင့်လောင်လဲဆိုတာတော့ မသိပါဘူး၊ ပျက်စီးဆုံးရှုံးမှု တန်ဖိုး တွေလည်း မသိရသေးဘူး၊ ၁၁ နာရီကျော်မှ မီးလောင်တာ ၁၂ နာရီခွဲမှ မီးငြိမ်းနိုင်ခဲ့တယ်၊ ပျက်စီးမှုတွေတော့ များမယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် မီးငြိမ်းမှုတွင် ပါဝင်ကူညီခဲ့သည့် အောင်ပန်းကြက်ခြေနီ တပ်ဖွဲ့ဝင် တစ်ဦး ထိခိုက် ဒဏ်ရာရှိခဲ့ကြောင်း သတင်းသိရသည်။ 

“မီးလောင်တဲ့အိမ်က နှစ်ထပ်တိုက် မြင့်လည်းတော်တော်မြင့်တယ်၊ ဒါကြောင့် မီးငြိမ်းကူနေတဲ့ ကြက်ခြေနီတပ်ဖွဲ့ ဝင်တစ်ဦးက မတော်တဆထိခိုက်ဒဏ်ရာရသွားလို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိတွင် မီးလောင်ရခြင်း အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ရွေးကောက်ပွဲ မဲပေးရေး အောင်ပန်း ဒေသခံများ စိတ်မဝင်စား

0
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် သွားရောက် မဲပေးရေးကို စိတ်မဝင်စားကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောသည်။ လာမည့် နှစ်ကုန်တွင် ပြုလုပ်ရန် ပြင်ဆင်နေသည့် စစ်တပ် ရွေးကောက်ပွဲ အပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ အောင်ပန်းမြို့ခံများအား ယခုရက်ပိုင်း...

အောင်ပန်း ကလေးတစ်ဦး ချောင်းထဲဆင်း ရေကူး၊ ရေနစ်သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ ရွာသစ်ရပ်ကွက်တွင်နေထိုင်သည် အသက် ၁၅ နှစ်အရွယ်ယောင်္ကျားလေးတစ်ဉီးသည် အိုင်းယားချောင်းထဲ ရေဆင်းကူးနေစဉ် ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( စက်တင်ဘာလ ၁၄) ရက်တွင် သေဆုံးသူ မောင်သော်သော်လင်းနှင့် သူ့၏သူငယ်ချင်းနှစ်ဉီးသည် အောင်ပန်းမြို့ရှိ အိုင်းယားချောင်းသို့ ရေဆင်းကူးနေကြစဉ် ရုတ်တရက် ရေစီးသန်လာသဖြင့် မောင်သော်သော်လင်းသည်...

နွားပွဲစားနှစ်ဦး စကားများရန်ဖြစ်ပြီး ကားဖြင့်တိုက်သတ်

0
သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့တွင် အမျိုးသားနှစ်ဦး နွားပွဲစားအချင်းချင်း ရန်ဖြစ် စကားများရာမှ ကားဖြင့် တိုက်သတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် ‌အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် အမျိုးသားနှစ်ဦး နွားပွဲစား အချင်းချင်း ရန်ဖြစ် စကားများခဲ့ကြရာ...

တောင်ကြီးမြို့ပေါ်ရပ်ကွက်အတွင်း မီးလောင်မှုထပ်မံဖြစ်ပွား

0
သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မြို့ပေါ်ရပ်ကွက်အတွင်း ဒုတိယအကြိမ် မီးလောင်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း တောင်ကြီးမြို့ခံများထံမှ သတင်းရရှိသည်။ ယနေ့ (မတ်လ ၁၆ ရက်) နေ့လည် ၁၂ ခန့်အချိန်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ် မြကန်သာပန်းခြံအနီး၊ နန်းထိုက်ရွှေစင်ကွန်ဒိုနှင့် မိဘအရိပ်ကွန်ဒိုအနီးရှိ လျှပ်စစ်ထရန်စဖော်မာမှ ဝါယာရှော့ဖြစ်ပြီး မီလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများကပြောသည်။ “မနေ့ကလည်း ရတနာသီရိထဲမှာလောင်တယ်၊ ဒီနေ့လည်း...

အောင်ပန်းမြို့ရောက် စစ်ဘေးရှောင်များ ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေး

0
‌သျှမ်းပြည် ကလောမြို့နယ် အောင်ပန်းမြို့တွင် ရောက်ရှိနေသော စစ်ဘေးရှောင်အချို့သည် ပြန်စရာ နေအိမ်မရှိသဖြင့် နေရပ်မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် သျှမ်းပြည်မြောက်ပိုင်းမှ “၁၀၂၇ စစ်ဆေးရေး” တိုက်ပွဲများနှင့် ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” တိုက်ပွဲများကြောင့် ဒေသခံများ သောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးကြရပြီး ကလောမြို့နယ်...