နောင်ချိုမြို့ ပညာရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲ၊ဝန်ထမ်း (၅) ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ ပညာရေးမှူးရုံးတွင် ယနေ့ (မေလ ၃၁) ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဝန်ထမ်း (၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဝန်ထမ်း (၅) ဦး အစည်းဝေးလုပ်နေချိန်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ပြင်းထန်သည့် ဒဏ်ရာရရှိကာ စိုးရိမ်ရကြောင်း နောင်ချိုမြို့ ပရဟိတ အသင်းတစ်ခုမှ တာ၀န်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြင်ရတဲ့ မြင်ကွင်း

“ပညာရေးမှူးရုံးထဲ ဗုံးပေါက်ကွဲသွားပြီးတော့ ဝန်ထမ်း (၅) ဦး ထိသွားပါတယ်။ သူတို့ အစည်းဝေးလုပ်နေချိန်မှာပဲ ဗုံးက ပေါက်ကွဲသွားတာပါ။ ဒဏ်ရာတော့ တော်တော်ပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေနေတော့ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

ထိုထိခိုက်သွားသည့် ဝန်ထမ်း (၅) ဦးကို လက်ရှိ နောင်ချို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ထို့အပြင် ယနေ့ (မေ ၃၁) ရက်သည် ကျောင်းအပ်ရန် နောက်ဆုံးရက်လည်းဖြစ်ကာ ကျောင်းအပ်သည့် လူဦးရေသည် ပုံမှန်ဖြစ်နေကြောင်း ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြင်ရတဲ့ မြင်ကွင်း

“ဒီနေ့က ကျောင်းအပ်တာ နောက်ဆုံးရက်ပါ။ ကျောင်းမှာ ပေါက်ကွဲတာမဟုတ်ဘူး။ ကျောင်းသွားအပ်တာတော့ ပုံမှန်ပါပဲ။ ကျောင်းသွားအပ်တဲ့ ကလေးတွေလည်း ရှိနေပါတယ်။ ပုံမှန်ပဲသွားအပ်နေကြပါသေးတယ်” ဟု ၎င်းဒေသခံ အမျိုးသမီးကဆိုသည်။

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် နှင့် နိုင်ငံရေး အရှုပ်အထွေးကြောင့် ကလေးငယ်များ ကျောင်းမတက်လာခဲ့သည်မှာ ၂ နှစ် သာရှိခဲ့ပြီ ဖြစ်ကြောင်းသိရသည်။

ယနေ့ နောင်ချိုမြို့နယ် ပညာရေးမှူး ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည့်သည်အဖွဲ့မှ လာရောက်လုပ်ဆောင် ထားကြောင်း လက်ရှိအချိန်ထိ မသိရှိရသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...