တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။

ယမန်နေ့ ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ်ပြီး အမိန့်မချခင်ကာလမှာ  စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တာချီလိတ်မြို့တပ်ထောက်ခံပွဲတုန်းက မြို့တော်ခန်းမနား ဗုံးပေါက်ကွဲမှုမှာ ပါတယ်ဆိုပြီး စစ်ကောင်စီတွေက စွပ်စွဲချက်တွေနဲ့ဖမ်းသွားတဲ့ ဝ လူငယ်ပေါ့၊ အသက်က ၂၀ ကျော်ပဲ ရှိသေးတယ်၊ မနေ့က တာချီလိတ်ခရိုင် တရား သူကြီးက ကြိုးမိန့်ပေးဖို့ အမိန့်ချလိုက်တယ်၊ အယူခံဝင်လည်း မရဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

တာချီလိတ်မြို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားစဥ်က

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲအတွင်း ဖြစ်ပွားသည့် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင်သူဟု စွပ်စွဲဖမ်းဆီး ရိုက်နှက်ပြီး ၃ လအကြာတွင် ယခုလို အမိန့်ချခြင်း ခံလိုက်ရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ကြိုးမိန့်ပေးခံရသူသည် စိုင်းဆိုင်မိန်းဟု အမည်ရှိပြီး ၎င်းနှင့်အတူ အသက် (၂၁) နှစ်အရွယ်ရှိ တာချီလိတ်မြို့နေ မောင်ထက်လင်းအောင် ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ ထောင်ဒဏ် (၇)နှစ် ချမှတ်ခံလိုက်ရကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ မတရားအမိန့်ချမှတ်ခံရသည့် “ဝ” လူငယ် စိုင်းဆိုင်မိန်း နှင့် မောင်ထက်လင်းအောင် တို့အတွက် တရားမျှတမှု ရရှိလာအောင် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဆွေမျိုးများက လိုလားနေကြောင်းလည်း နီးစပ်သူများက ပြောသည်။

အဆိုပါ တပ်ထောက်ခံပွဲ ဗုံးပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်သားတို့ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဆန္ဒပြ  ပြည်သူများမှ ‌(၄)ဦး သေဆုံးပြီး (၃၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကျေးရွာများမှ တိုင်းရင်းသား အများစုကို စစ်ကောင်စီတို့က အသုံးချလိမ်ခေါ်ယူခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် မူးယစ်ဆေးသမားများ သောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် မူးယစ်ဆေးသုံးစွဲသူအချို့က အများပြည်သူအကျိုးအတွက် တည်ဆောက်ထားသည့် ချောင်းဘေး ရေတားနံရံကို ခိုင်ခံ့စေရန် တပ်ဆင်ထားသည့် ကျောက်ဆူးသံကြိုးများကိုပါ ဖြတ်တောက်ခိုးယူနေကြောင်း သတင်းရရှိသည်။ တာချီလိတ်မြို့ ပုန်းထွန်ချောင်းဘေး ရေတားနံရံ ခိုင်ခံ့စေရန်အတွက် ကျောက်တုံးများကို ချည်နှောင်ထားသည့် ကျောက်ဆူး သံကြိုးအချို့ကို မူးယစ်ဆေးသုံးစွဲသူများက အလေးချိန်ဖြင့် ရောင်းချရန်အတွက် ဖြတ်တောက်ခိုးယူသွားကြောင်း...

မိုးရွာတိုင်း ရေကြီးနေသည့် တာချီလိတ်

0
နှစ်စဉ် မိုးရွာရင် ရေကြီးလေ့ရှိသည့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်း နီးစပ်သည့် ရပ်ကွက်များနှင့် မြေနိမ့်ပိုင်းနေရာအချို့တွေကို အာဏာပိုင်းများက ကူညီဆောင်ရွက်မှုမရှိကြောင်း ဒေသခံများက ပြောသည်။ မိုးရွာသွန်းချိန်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားသည့် တာချီလိတ်မြို့ရှိ ဆန်ဆိုင်း (ခ)၊ မကာဟိုခမ်းနှင့် ပုန်းထွန် စသည့် မြေနိမ့်ပိုင်းရပ်ကွက်များအပြင် မယ်ဆိုင်ချောင်းနှင့် နီးစပ်သည့် ရပ်ကွက်များကို...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့တွင် ရေဘေးအန္တရာယ် အရေးပေါ်သတိပေး

0
မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ယနေ့ (ဇူလိုင် ၃၁)ရက် နံနက်ပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မယ်ဆိုင်ချောင်းရေသည် တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအနီးတွင် စိုးရိမ်ရေမှတ်အောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...