လင်းခေးမြို့ ထီးတော်တင်ပွဲမှာ SSS ပြည်သူ့စစ် လောင်းကစားဝိုင်း လချီဖွင့်လှစ်

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့တို့ ဦးဆောင်ပြီး လောင်းကစားဝိုင်းများ ဖွင့်လှစ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၁၇ ရက်မှ စတင်ပြီး လင်းခေးမြို့နယ်အတွင်း စတင်ဖွင့်လှစ်ကာ လောင်းကစားဝိုင်းများသည် လာမည့် ဇွန်လ ၈ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဝိုင်းများ

“ပြီးခဲ့တဲ့ မေ ၁၇ ရက်ကတည်းက ဖွင့်လာတာပါ၊ စေတီထီးတော်တင်ပွဲအတွက် ဆိုပြီး လာဖွင့်တာ၊ ဒါပေမဲ့ အဲ့ထီးတော်က လာမယ့် လပြည့်နေ့မှ တင်မှာ၊ S သုံးလုံးပြည်သူ့စစ်တပ်ဖွဲ့က ဦးဆောင်ဖွင့်တဲ့ လောင်းကစားဝိုင်း တွေပေါ့၊ တစ်လကြာအောင်ဖွင့်မှာ” ဟု လင်းခေးဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဝိုင်းပြုလုပ်ရန် အတွက် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ၏ တောင်းဆိုမှုကို ငြင်းပယ်သည့် ရပ်ကျေး လူကြီးများလည်း ရှိသည့်အတွက် နောက်ဆုံးတွင် မြို့နယ်ထွေအုပ်နှင့် ဗျူဟာမှူးခွင့်ပြုချက် လက်မှတ်ပါသည့် စာစောင်ဖြင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးထံ အကြောင်းကြားကာ လောင်းကစားဝိုင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လောင်းကစားဝိိုင်းများ

လက်ရှိတွင် စစ်ကောင်စီတို့၏ ခွင့်ပြုချက်နှင့် ဌာနေပြည်သူ့စစ်တပ်ဖွဲ့များ ဦးဆောင်ကာ လင်းခေးမြို့နယ်ရှိ တန်စန့်ကျေးရွာတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ဟွေလိရွာနား မရောက်ခင် တန်စန့်ကျေးရွာမှာ လောင်းကစားဝိုင်းဖွင့်နေပါတယ်၊ ခုအတောအတွင်းမှာပဲ ကျနော်တို့ ဒေသထဲမှာ ဆိုင်ကယ်ပျောက်တယ်၊ မီးကြိုးတွေပျောက်တယ် ခိုးမှုတွေက များလာပြီ၊ အိမ်တွင်းရေး ဆူပူမှု တွေလည်း များလာတယ်” ဟု တာဆိပ်ကျေးရွာအုပ်စုမှ အမျိုးသားလူငယ်တစ်ဦးက ပြောသည်။

အဆိုပါ လောင်းကစားဝိုင်းများကြောင့် ဒေသအတွင်းအိမ်ထောင်ရေး ဆူပူမှုများအပြင် ပစ္စည်းများပေါင်နှံ၊ ရောင်းချ ၊ ခိုးယူပြီး လောင်းကြေးရှာဖွေနေသူများလည်း များပြားသည့်အတွက် ဒေသခံများက စိုးရိမ်မှုမြင့်တက်နေ ကြောင်း သိရသည်။

လောင်းကစားဝိုင်းများ

“ဖြစ်နိုင်ရင်တော့ လောင်းကစားဝိုင်းတွေမရှိတာပဲကောင်းပါတယ်၊ အခုဆို စလာတဲ့တစ်ပတ်အတွင်း သိန်းရာချီ ရှုံးတဲ့ သူလည်းရှိနေပြီ၊ ဒီပုံစံဆို ကြာလာရင် မလွယ်ဘူးလေ၊ ဒေသအတွင်းက မရှိဖူးတဲ့ လောင်းကစားဝိုင်းတွေ ရှိလာတော့ နောက်ပိုင်း ခိုးယူလုယက်မှုတွေ မရှိလာနိုင်ဘူးလို့လည်း မပြောနိုင်ဘူး” ဟု အထက်ပါ လူငယ်က ပြောသည်။

အဆိုပါ SSS ပြည်သူ့စစ် ဦးဆောင်ဖွင့်လှစ်သည့် လောင်းကစားဝိုင်းတွင် လေးကောင်ဂျင်၊ ဂုံးဂင်း၊ ဖဲဝိုင်း နှင့် သျှမ်းကိုးမီး အပါအဝင် တခြား လောင်းကစားဝိုင်းများလည်း ရှိနေကြောင်း သိရသည်။

အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းမှာ လောင်းကစားရုံများကို ဌာနေပြည်သူ့စစ် နှင့် စစ်ကောင်စီ အုပ်စုတို့ ပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာသည်။ ထိုကဲ့သို့ လောင်းကစားရုံများကို နေရာတိုင်း လွတ်လပ်စွာ ဖွင့်လှစ်လာသည့်နောက်ပိုင်း ပြည်သူများ၏ လုံခြုံရေးလည်း ယိုယွင်း ပျက်စီး လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...