လူငယ်များကို နိုင်ငံရေးစိတ်၀င်စားမှုလျော့နည်းလာစေရန် လောင်းကစားဝိုင်းများ ပိုမိုဖွင့်လာ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှုမရှိစေရန် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ပါဝင်လာမှုမရှိစေရန်အတွက် လောင်းကစားပွဲများ ပိုမိုဖွင့်လာနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

နမ့်စန်မြို့အနီး၀န်းကျင်ရှိ လူငယ်များ နိုင်ငံရေး နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့  (PDF) ထဲ ၀င်ရောက်လာမှုမရှိစေရန်အတွက် လောင်းကစား၀ိုင်းများကို တွင်ကျယ်စွာ ဖွင့်လှစ်လာကြောင်း နမ့်စန်လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လူငယ်တွေကို PDF တွေထဲ၀င်လို့မရအောင် လောင်းကစားထဲ စိတ်၀င်စားလာအောင် ပိုဖွင့်လာတယ် လို့ ပြောရမယ်။ လောင်းကစား၀ိုင်းမှာ လူငယ်တွေအများကြီးတွေ့ရတယ်” ဟု အသက် ၃၀ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

လောင်းကစား၀ိုင်းများ

အဆိုပါ လောင်းကစားပွဲ၀ိုင်းတွင် လူငယ်အကြိုက် အဆိုတော်များကိုလည်း ခေါ်ပေးသည်ဟု သိရသည်။

“ သူတို့က လောင်းကစားပွဲကို အဓိကထားပြီးလုပ်နေတယ်၊ ပွဲစည်အောင် သီချင်းဆိုတဲ့ အဆိုတော် အမည်ခံတွေကို ခေါ်ပေးပြီး လူငယ်တွေကြိုက်အောင် အရင်ကထက် ဒီပွဲပိုစည်အောင်တစ်ညကို ဈေးအမျိုးမျိုးနဲ့ ပေးရတဲ့ အဆိုတော် အမည်ခံတွေ ကိုခေါ်ပေးနေတယ်” ဟု ဒေသခံ လူငယ်တစ်ဦး ကထပ်လောင်းပြောသည်။


နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များနှင့် စစ်ကောင်စီတို့ ပူးပေါင်းပြီး လောင်ကစားများ ဖွင့်လှစ်လာခဲ့သည်မှာ တနှစ်နီးပါးရှိပြီး၊ တချို့လောင်းကစားရုံတွင် မူးယစ်ဆေး၀ါးများလည်း ရောင်းချနေကြောင်း နမ့်စန် ဒေသခံများက ပြောသည်။

လောင်းကစား၀ိုင်းများ

“လောင်းကစားဆော့တဲ့သူရော လောင်းကစားရုံပိုင်ရှင်ရော သျှမ်းပြည်သားပဲမဟုတ်ဘူး၊ ပြည်မက လူတွေပါတယ်။ ရန်ကုန်၊ မန္တလေးဘက်ကလူတွေလည်း လာဆော့ကြတယ်။ လောင်းကစားလာလုပ်ကြတယ်” ဟု နမ့်စန် ဒေသခံ လူငယ် တစ်ဦးက ပြောပြသည်။

လောင်းကစားရုံများဖွင့်လှစ်ပြီးနောက်ပိုင်း သူခိုး ၊ ဓားပြ ၊ဆေးကြောင်သည့် သူများ ပေါများလာသည့်အပြင် နမ့်စန်မြို့သည် လောင်းကစားမြို့ ဖြစ်လာနိုင်သည်ဟု ဒေသခံတစ်ဦးက ယခုလိုသုံးသပ်ပြီး ပြောပါသည်။

“မြို့ခံအနေတွေနဲ့လည်း တချို့ကြိုက်တဲ့သူလည်းရှိတယ်။ မကြိုက်တဲ့သူလည်းရှိတယ်၊ ကြိုက်တဲ့သူတွေ အတွက်ကြတော့ အဲ့နားဈေးရောင်းကောင်းလို့ ကြိုက်တယ် ၊ မကြိုက်တဲ့သူတွေ အတွက်ကြတော့ လောင်းကစားပွဲမှာ မူးယစ်ဆေးကြောင့် လူငယ်ဘဝပျက်စီး သွားမှာကို တော်တော်များများကတော့ မကြိုက်ဘူးလို့ “ ၎င်းက ပြောပါသည်။

အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်းမှာ လောင်းကစားရုံများကို ဌာနေပြည်သူ့စစ်၊ စစ်ကောင်စီ အုပ်စုပူးပေါင်းပြီး ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်လာသည်။ ထိုကဲ့သို့ လောင်းကစားရုံများကို နေရာတိုင်း လွတ်လပ်စွာ ဖွင့်လှစ်လာသည့်နောက်ပိုင်း ပြည်သူများ၏ လုံခြုံရေးလည်း ယိုယွင်း ပျက်စီး လာကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...