လားရှိုးမြို့တွင်း လျှပ်စစ်ဝန်ထမ်း အယောင်ဆောင်ပြီး ငွေတောင်းယူမှုများရှိနေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းယောင်ဆောင်ပြီး ပြည်သူများထံ ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း လားရှိုးမြို့ တစ်ချို့ရပ်ကွက်မှာ လျှပ်စစ်ဝန်ထမ်း ယူနီဖောင်းဖြင့် နေအိမ်သို့လာကာ ဝါယာကြိုးလိုက်စစ်ပြီး ငွေတောင်းယူမှုများရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန် (၅) ရက်နေ့တွင်လည်း ရပ်ကွက် (၁၁) ပညာရေး ကောလိပ်နားတွင် ရှိနေသည့် နေအိမ်တစ်ခုကို လျှပ်စစ်ဝန်ထမ်း ယူနီဖောင်းဝတ်လာပြီး ဓားဖြင့် ငွေလာကောက်ယူသွားကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ အစက မီးကြိုးလာစစ်ရင်းနဲ့ပေါ့ တံခါးဖွင့်ခိုင်းတာ။ လူကြီးမရှိဘူး ပြောလည်းမရဘူး။ တံခါးဖွင့်ပေးတော့ အပေါ်ထပ်ကော အောက်ထပ်ကော ဝင်စစ်တာ။ လူကြီးမရှိမှန်းသိတော့ ငွေစတောင်းတာပဲ။ သူတို့လာတာ (၃) ယောက်လာတာ။ ၂ ယောက်က လျှပ်စစ်ဝန်ထမ်းက ယူနီဖောင်းနဲ့၊ ထပ်တစ်ယောက်က ရိုးရိုးအဝတ်နဲ့ ဓားကိုင်ထားတာ။ (၆) သိန်းလောက်ပေးလိုက်ရတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောသည်။

လားရှိုးမြို့

ထိုသို့ ငွေလာတောင်းသည့်အချိန်တွင်လည်း ခြိမ်းခြောက်ပြီး အိမ်ထဲဝင်လာကြောင်း၊ အိမ်တံခါးကိုလည်း ကန်ကြောင်း သိရသည်။

“ အိမ်မှာလည်း တံခါးကို သော့သေချာခတ်ထားတယ်။ အပြင်ကနေ ကြည့်ရင် လူရှိမှန်းတောင် မသိနိုင်ဘူး။ သူတို့ဝင်လာတာဆိုရင် တံခါးကို ခြေထောက် နဲ့ ကန်တာတွေလည်း လုပ်တယ်။ အတင်းတံခါးဖွင့်ခိုင်းတာ” ဟု အထက်ပါ သူက ပြောသည်။

ယခုလို ငွေလာတောင်းယူမှုကြောင့် ဒေသခံများက လျှပ်စစ်ဝန်ကြီးရုံးသို့ ပြန်သွားမေးရာတွင် ၎င်းတို့မှ မတောင်းခံရကြောင်း၊ တစ်ချို့ရပ်ကွက်များတွင်လည်း ငွေပေးဆောင်ရမှုများရှိကြောင်း လျှပ်စစ်ရုံးဝန်ထမ်းများက ဒေသခံကို ပြန်ပြောခဲ့ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခိုးယူလုယက်မှု များပြားလာပြီး၊ ဝန်ထမ်းအယောင်အဆောင်များပြားလာသောကြောင့် ဒေသခံများအနေဖြင့် ပိုသတိထားသင့်ကြောင်း၊ လူကြီးများမရှိပါက တံခါးကို မဖွင့်ပေးသင့်ကြောင်း လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ မိမိကိုယ်ကိုယ် မိမိသတိထားဖို့လိုတယ်။ တံခါးတွေ ဘာတွေဖွင့်ခိုင်းတိုင်း မဖွင့်ပေးဖို့ပေါ့။ ဖြစ်နိုင်ရင်တော့ သူတို့ မီတာခ လာဖတ်တယ်ဘာညာဆိုရင် ဆယ်အိမ်မှူးတို့ ရာအိမ်မှူးတို့ပါရင်တော့ ပိုကောင်းတာပေါ့။ အခုက မပါဘူးလေ။ ကျနော်တို့ ပြည်သူလူထုအနေနဲ့တော့ ပါစေချင်တာပေါ့” ဟု လားရှိုးမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦး က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး မကောင်းသောကြောင့် ပြည်သူများ ယခင်ထက်စားဝတ်နေရေး ပိုမို ခက်ခဲလာပြီး မြန်မာနိုင်ငံအတွင်း ခိုးယူလုယက်မှုများ၊ ဓားပြတိုက်မှု၊ နေအိမ်ခိုးဖောက်မှု၊ လောင်းကစားများ နှင့် မူးယစ်ဆေးဝါး သုံးစွဲသူ ပိုမိုများပြားလာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...