သီပေါမြို့ ညမထွက်ရ အချိန်နေအိမ် နှင့်  ဖုန်းဆိုင် ဖောက်ခံရ 

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် မာရှယ်လော ညမထွက်ရအမိန့်အချိန်အတွင်းနေအိမ်တစ်လုံး နှင့် ဖုန်းဆိုင်  တစ်ဆိုင် ဖောက်ထွင်းခံရကြောင်း စုံစမ်းသိရှိရသည်။ 

သီပေါမြို့

ယမန်နေ့ (ဇွန် ၁၄ ရက်)  ည ၁၁နာရီကျော် တွင် သီပေါမြို့ရှိ  မြို့မစီးပွားရေးဘဏ် အဟောင်းအနီး တွင်ဖွင့်လှစ်ထားသည့် ဖုန်းဆိုင်တစ်ဆိုင် နှင့် တောင်ရပ်ကွက်တွင်ရှိသည့် အိမ်တစ်လုံ ဖောက်ထွင်းခံရကြောင်း သီပေါမြို့တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဟုတ်တယ်။ မနေ့ညက တစ်ညတည်း ၂ အိမ်ဖောက်ခံရတာ။ တစ်ခု က ဖုန်းဆိုင်နဲ့ တစ်ခုက အိမ်တဲ့။ ဒါတောင် မာရှယ်လောထုတ်ထားတဲ့အချိန်မှာဖြစ်တယ်။ ညမထွက်ရတဲ့အချိန်မှာ ဖြစ်သွားတာ” ဟု သီပေါမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အဆိုပါဖောက်ခံရမှုကြောင့် နေအိမ်တွင် ငွေ ၁ သိန်းပါသွားပြီး၊ ဖုန်းဆိုင်တွင် သိန်း (၂၀) နီးပါး အထိ ဆုံးရှုံးသွားကြောင်းသိရသည်။ 

“ နေအိမ်ကတော့ ကျနော်သေချာမသိဘူး။ ငွေ ၁ သိန်းလောက်ပါသွားတယ်လို့ပဲကြားတယ်။  ကျနော်ဆိုင်ကတော့ သိန်း (၂၀) နီးပါးလောက်ပါသွားတယ်။ ဖုန်းအလုံး (၆) လုံးနဲ့ နာရီတွေလည်း ပါသွားတယ်။ ကျနော်ဆိုင်ကတော့ ဖုန်းပြင်ဆိုင်ပါပဲ။ ဒါမဲ့ သူများဖုန်းလာပြင်ထားတာတွေ အများကြီးရှိထားတယ်” ဟု ဖုန်းဆိုင်ဖောက်ခံရသည့် ဆိုင်ရှင်က ပြောသည်။ 

အဆိုပါ ခိုးယူမှုများကြောင့် ဒေသခံ ပြည်သူများက အပြင်သွားလာရာတွင်လည်း ကြောက်နေရပြီး ညအချိန်ဘက်တွင်လည်း စိုးရိမ်စိတ်ဖြင့်အိပ်ရကြောင်းသိရသည်။ 

“ အပြင်သွားရတာလည်းသတိထားသွားလာရတယ်။ ပြီးတော့ ရွှေတွေလည်မဆွဲရဲတော့ဘူး။ အပြင်သွားရင်လည်း ၂ ယောက်တွဲသွားကြတာ။ ညအချိန်ဆိုရင်လည်း သတိထားပြီး အိပ်နေရတာ” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။ 

သီပေါမြို့နယ်အတွင်း ဇွန် ၈ ရက်နေ့က စပြီး ညမထွက်ရ မာရှယ်လောကို ထုတ်ပြန်ကြေညာခဲ့သည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

သိန္နီမြို့တွင် ဆိုင်ကယ်၊ မီးကြိုးခိုးသူနှင့် မူးယစ်ဆေးရောင်းဝယ်သူများကို လူထုရှေ့ ပြစ်ဒဏ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးကို လူထုရှေ့တွင် လှည့်လည်လမ်းလျှောက်ခိုင်းကာ ပြသခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ၉ ရက် နံနက် ၈ နာရီဝန်းကျင်တွင် MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့၌ ခိုးမှုနှင့် မူးယစ်ဆေးရောင်းဝယ်မှု...