စစ်အာဏာသိမ်း တနှစ်ကျော်ကာလ ပြည်သူများ သူခိုးဖမ်းနေရ

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် တစ်နှစ်ကျော် ကာလအတွင်းတွင် လုံခြုံရေးတာဝန် ယူထားသည့် ရဲတပ်ဖွဲ့ဝင်များအစား ပြည်သူများက သူခိုးကို နှိမ်နင်းနေရကြောင်း သတင်းသိရသည်။

လျှပ်စစ်မီးကြိုးခိုး

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့တွင် သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့မှ မီးကြိုး နှင့် သံတုံးများ၊ သံဇကာများကို လိုက်ခိုးသည့် သူခိုးအဖွဲ့ကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးမိသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ခိုးသူများသည် မကြာခဏခိုးယူနေသူများ ဖြစ်ကြပြီး ရပ်ကျေးတာဝန်ရှိသူများနှင့် သက်ဆိုင်ရာရဲစခန်းများ ကို တိုင်တန်းပြောဆိုသော်လည်း အရေးယူပေးခြင်းမရှိသည့်အတွက် ပြည်သူများကိုယ်တိုင် စောင့်ဖမ်းခြင်း ဖြစ် ကြောင်း ရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းဘေးဓါတ်တိုင်ကနေ အိမ်ထဲကို သွယ်လာတဲ့ မီးကြိုးတွေကို လိုက်ခိုးတဲ့သူတွေပါ ၊ မကြာခဏတွေ့ နေရ တယ်၊ ရဲစခန်းကို သွားတိုင်ပေမယ့် ဘယ်သူမှ လာမလုပ်ပေးတော့ ကျနော်တို့ရပ်ကွက်သားတွေ စုပြီးဖမ်းလိုက် တာ၊ ကျနော်တို့ဖမ်းပြီးမှ အုပ်မှူးက ရဲနဲ့ရောက်လာပြီး အဲ့သူတွေကို ခေါ်သွားတယ်” ဟု ညောင်ရွှေမြို့ ရပ်ကွက်နေ ပြည်သူအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို ခိုးသူ အဖွဲ့သည် အမျိုးသား သက်လတ်ပိုင်းအရွယ် အမျိုးသား ၂ ယောက်ဖြစ်ကြပြီး ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူ့နေအိမ် စုစုပေါင်း ၁၁ အိမ်မှ မီးကြိုးများ ခိုးယူခံရခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ အိမ်ဝန်း တစ်ခုအတွင်း မီးကြိုးဖြတ်ယူနေစဥ် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဇွန်လ ၇ ရက်တွင်လည်း အောင်ပန်းမြို့မှ ရပ်ကွက်နေ ပြည်သူများကို ဒုက္ခအမျိုးမျိုးပေး နေသည့် သူခိုး နှစ်ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။

“ဒီအောင်ပန်းမှာ လျှပ်စစ်မီးကြိုးတွေ၊ သံဇကာတွေ လိုက်ခိုးနေတဲ့အဖွဲ့က ဂိုဏ်းလိုလိုဖြစ်နေပြီ၊ အောက်ဈေးနား မှာ သူတို့ကို ဖမ်းမိတာပါ၊ အောက်ပြည်ဘက်ကလာတဲ့ အလုပ်သမားတွေအများစုနေတဲ့ ရပ်ကွက်ဘက်မှာ နေတဲ့သူတွေ ဖြစ်တယ်” ဟု အောင်ပန်းမြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ယနေ့ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းအချိန် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) (လွယ်ခမ်း) စာသင်ကျောင်းအနီးရှိ နေအိမ်နောက်ဘက်တံခါးအား ဖျက်ဝင်ပြီးနောက် အိမ်တွင်းရှိ ငွေကျပ်များအား ခိုးယူနေသည့် သူခိုးကို ဒေသခံ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နေအိမ်ဖောက်ထွင်း ခိုးယူသူမှာ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်နေသူ ဖြစ်ကာ ၎င်းနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၃ ပြားကိုလည်း တွေ့ရှိခဲ့ကြောင်း နှင့် လက်ရှိတွင် ရဲစခန်းသို့ အပ်နှံလိုက်ကြောင်းလည်း သိရသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်း အပါအဝင် နိုင်ငံတဝန်းလုံး၌ ခိုးဆိုးလု နှိုက်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်ပွားလာနေသော်လည်း ဖမ်းဆီးအရေးယူခြင်းမရှိသည့်အတွက် ပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ သူခိုးရန်ကို နှိမ်နှင်းနေရကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...