Wednesday, January 28, 2026

နမ့်စန်မြို့ ညလောင်းကစားပွဲမှ သီချင်းကျယ်လောင်စွာဖွင့်လှစ် ပြည်သူများ ညအိပ်ရန်ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင်ဖွင့်လှစ်ထားသည့် ညလောင်းကစားဝိုင်းများမှ Song Box (အသံချဲ့စက်) သည် အသံကျယ်လောင်စွာ ဖွင့်လှစ်သဖြင့် သက်ကြီးရွယ်အို နှင့် ပြည်သူများ အိပ်စက်ရန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အထိ အသံချဲ့စက်နဲ့ သီချင်းများကို ကျယ်လောင်စွာအော်ဆိုသောကြောင့် ဘေးပတ်ဝန်းကျင်က ပြည်သူများ အိပ်ရန်ခက်ခဲကြောင်း နမ့်စန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားဝိုင်း

“ ညသန်းခေါင်ကြီး သီချင်းနားမခံနိုင်အောင်ဖွင့်နေတာ။ Song Box ( အသံချဲ့) စက်နဲ့ အကြီးကျယ်ဖွင့်နေတာ။ တီးဝိုင်းကော ဖွင့်နေတာ။ မြို့ခံက သက်ကြီးရွယ်အိုတွေ ၊ မကျန်းမာသူတွေက တော်တော်လေးခံနေရတာလေ။ ည ၂ နာရီလောက်ဖွင့်နေကြတာ” ဟု နမ့်စန်မြို့ ဒေသခံအမျိုးသား တစ်ဦးက ‌ပြောသည်။

ထို့အပြင် လောင်းကစားဝိုင်းများကို လက်နက်ကိုင် ပြည်သူ့စစ်များက ဦးဆောင်လုပ်ကိုင်နေကြပြီး တစ်နေရာပြီး တစ်နေရာပြောင်းရွှေ့ ဖွင့်လှစ်နေကြောင်း သိရသည်။

“လုပ်နေတာကတော့ ပြည်သူ့စစ်တွေက ဦးဆောင်ပြီး လုပ်ဆောင်ပေးနေတာလို့တော့ကြားတယ်။ နမ့်စန်က ပြည်သူ့စစ်တပ်ဖွဲ့တွေများတယ်လေ။ မတ်ကျန်းပြည်သူ့စစ်တို့ ၊ SSS ပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်တို့က လုပ်ပေးနေတာ။ ပြီးတော့ သူတို့ နေရာပြောင်းပြီးလုပ်သွားနေကြတာ။ တစ်နေရာပြီး တစ်နေရာပြောင်းနေတာပေါ့” ဟု ၎င်းအမျိုးသားက ပြောသည်။

နမ့်စန်မြို့ လောင်းကစားဝိုင်းများကို ပြည်သူ့စစ်များ ဦးဆောင်လုပ်ဆောင်ပြုလုပ်ခြင်းဖြစ်ပြီး နာမည်ကြီး အဆိုတော်များကိုလည်း ဖိတ်ခေါ်ပြီး လောင်းကစားများကိုလည်း ကျင်းပပေးနေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...