Thursday, May 2, 2024

မိုင်းခတ်မြို့ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသူ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ မိုင်းခတ်မြို့မှ ကလေးငယ်တစ်ဦးကို ရောင်းစားရန် ကြိုးစားသည့် တရားခံနှစ်ဦး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရကြောင်း သတင်းသိရသည်။

မိုင်းခတ်မြို့မှ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ရောင်းစားရန် လိမ်လည်ခေါ်ဆောင်သည့် တရားခံနှစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီး ဇွန်လ ၈ ရက်နေ့တွင် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်ကြောင်း ဒေသခံတစ်ဦးထံမှ သတင်းသိရသည်။

“၂၀၂၁ ခုနှစ်ထဲက ဖြစ်သွားတဲ့ အသက် ၇ နှစ် ကလေးကို ရောင်းစားဖို့ ကြိုးစားတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းမိထားတာ လေ၊ မိုင်းခတ်ရဲစခန်းမှာ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မနဲ့ အမိန့်ချလိုက်တာ နှစ် ၂၀ တဲ့” ဟု ဖြစ်စဥ်များကို သိရသည့် အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မိုင်းခတ်မြို့နယ်တရားရုံး

အဆိုပါ တရားခံနှစ်ဦးသည် မိုင်းခတ်မြို့ ပင်းကွေ့ကျေးရွာနေ ရှော်လမွန် နှင့် ဂျဝ (တရုတ်နာမည်) ဟူသည့် တရုတ်စပ် အမျိုးသား နှစ်ဦးဖြစ်ပြီး ကလေးငယ်ကို လိမ်လည်ခေါ်ယူနေစဥ်မှာ လူကြီး နှင့် တာဝန်ရှိသူများ သတိထားမိပြီး ဖမ်းဆီး စစ်ဆေးကာ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်သည် ရောင်းစားခြင်းခံရမှုမှ လွှတ်မြောက်ပြီး တရားခံများလည်း ဖမ်းဆီးရမိသည့်အတွက် မိုင်းခတ် မြို့တွင်း ကလေးငယ် ပျောက်ဆုံးမှုနှင့် အမျိုးသမီး ရောင်းစားခံရမှုထပ်မဖြစ်စေရန် သတိပြုစရာများဖြစ်လာ ကြောင်းလည်းသိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းများ အပါအဝင် နိုင်ငံတစ်ဝှမ်းလုံး၌ တရားဥပဒေသစိုးမိုးမှုကင်းမဲ့လာပြီး တရားမဝင်များ လုပ်ကိုင်သူလည်း ပေါ်ပေါ်တင်တင် များပြားလာကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article