Tuesday, January 27, 2026

စည်းကမ်းမဲ့ ယာဥ်မောင်းနှင်မှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များအသက်ဆုံးရှုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း ယာဥ်များ စည်းကမ်းမဲ့ မောင်းမှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များ အသက်ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည် ။

လားရှိုးမြို့တွင် နှစ်ပတ်အတွင်း ယာဉ်တိုက်မှု ၁၂ ကြိမ်ခန့်ဖြစ်ပွားပြီး အသက်မပြည့်သည့် လူငယ် နှစ်ဦး နှင့် အသက် ၃၀ နှစ်အောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုးပရဟိတ ကိုမြင့်ဇော်မောင်က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“ယာဉ်တိုက်မှုမှာ အမျိုးသမီးတွေကတော့ရှားတယ်။ အမျိုးသားကတော့ အသက်မပြည့်သေးတဲ့ အသက် ၁၆ နှစ် ၁၇နှစ် နှစ်ဦး၊ ပြီးတော့ အသက် ၃၀ အောက်ကတစ်ဦး ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်” ဟု လားရှိုးပရဟိတ ကိုမြင့်ဇော်မောင်က ပြောသည်။

ယခုခေတ်လူငယ်များသည် ဆိုင်ကယ်ကို ကြမ်းတမ်းမောင်းနှင်ခြင်း ၊ယာဉ်စည်းကမ်း သိရှိမှု အားနည်းခြင်း မိဘများမှ အသက်မပြည့်သည့် လူငယ်များကို မောင်းနှင်ခွင့် မပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

တန့်ယန်း-ပန်ဆန်းလမ်း ဟုန်ပန်းခြံလမ်းခွဲအနီးမှာ ကားတစ်စီး မတော်တဆဖြစ်ပွားမှု

“မိဘတွေကို မှတ်ချက်ပြုချင်တာက အသက်မပြည့်တဲ့ သားသမီးတွေကို ဆိုင်ကယ်ပေးမမောင်းဖို့အတွက်၊
အသက်မပြည့်သေးတဲ့အတွက် ဒီကလေးတွေရဲ့ စဥ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက် မမှီသေးတဲ့ အတွက် ခနက ပြောသလို ယာဉ်မောင်းခြင်းတွေ မပေးသင့်ဘူး”ဟု ပရဟိတသမား ကိုမြင့်ဇော်မောင်က ဆိုသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်းတွင်လည်း နှစ်ပတ်အတွင်း ၃ ဦးသေဆုံးမှု အပါအဝင် အသက် ၁၈ နှစ် အမျိုးသမီးတစ်ဦးလည်း ယာဉ်တိုက်မှု မတော်တဆဖြစ်ပွားပြီး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည် ။

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နှင့် ပင်လုံမြို့တွင် နှစ်ပတ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ဦး သေဆုံး ခဲ့သည်။ အဆိုပါ သေဆုံးသွားသည့် ၃ ဦးမှာ အမျိုးသား ၂ ဦးနှင့် အသက် ၁၈ နှစ်ရှိအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“ကျမ တောင်ကြီးကအပြန် ဟိုပုံးအကွေ့ ရေအိုင်နားမှာလည်း မတော်တဆ ယာဉ်တိုက်တာ အမျိုးသားတစ်ဦး ဆုံးသွားတယ်။ ပင်လုံမှာလည်း မတော်တဆယာဉ်တိုက်မှုဖြစ်တော့ အမျိုးသားတစ်ဦး နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးရတယ်“ ဟု ပင်လုံဒေသခံ နန်းအွမ်က ပြောသည်။

ယာဉ်မောင်းသည့်အခါတွင် စည်းစနစ်မောင်းနှင်ရန် နှင့် လျှင်မြန်စွာ မမောင်းရန်လိုအပ်ကြောင်း၊ ဖြစ်လာပါက မိမိနှင့် မိမိတို့ မိသားစုသာ ခံစားရမည်ဖြစ်ကြောင်း နန်းအွမ်က ပြောသည်။

ထို့အတူ သက်ဆိုင်ရာ ယာဉ်ထိန်း၊ ယာဉ်စည်းကမ်း ကျွမ်းကျင်သူတို့ အားလုံးပူပေါင်းပြီး အသိပညာပေး တို့ကို သက်ဆိုင်ရာ မိဘအုပ်ထိန်းသူ နှင့် လူငယ်များကို အသိပညာပေးပြီးမှသာလျှင် အကောင်းဆုံးလမ်းဟု လားရှိုး ပရဟိတ ဦးကိုနိုင်က ပြောသည် ။

“ဆိုင်ကယ်ဆိုတာ အပေါဆုံး ပစ္စည်းဖြစ်တယ် ။ သက်ဆိုင်ရာ ကျောင်းရယ်၊ မိဘရယ် ၊သက်ဆိုင်ရာ ယာဉ်ထိန်းတို့ ရဲတို့ အဲ့ဒါကို အားလုံးပူးပေါင်းပြီးတော့မှ အသိပညာပေး ဆောင်ရွက်မှ သာတတ်နိုင်မယ်” ဟု ပြောသည်။

အသက်မပြည့်သေးသည့် လူငယ်များကို ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း သိရှိစေရန်အတွက် မိဘထံနှင့် လူငယ်များကို အသိပညာပေးခြင်းများ ပြန်လည်ပြုလုပ်ပေးရန် ၊အသက် ငယ်သေးသည့် လူငယ်များကို ဆိုင်ကယ်စီးခွင့် မပေးရန်အတွက် လူငယ်များလည်း အသက်ဆုံးရှုံးမှု လျော့နည်းသွားမည်ဟု ဒေသခံများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...