စည်းကမ်းမဲ့ ယာဥ်မောင်းနှင်မှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များအသက်ဆုံးရှုံး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း ယာဥ်များ စည်းကမ်းမဲ့ မောင်းမှုကြောင့် အသက်မပြည့်သေးသည့် လူငယ်များ အသက်ဆုံးရှုံးနေရကြောင်း စုံစမ်းသိရှိရသည် ။

လားရှိုးမြို့တွင် နှစ်ပတ်အတွင်း ယာဉ်တိုက်မှု ၁၂ ကြိမ်ခန့်ဖြစ်ပွားပြီး အသက်မပြည့်သည့် လူငယ် နှစ်ဦး နှင့် အသက် ၃၀ နှစ်အောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း လားရှိုးပရဟိတ ကိုမြင့်ဇော်မောင်က သျှမ်းသံတော်ဆင့်ကို ပြောပါသည်။

“ယာဉ်တိုက်မှုမှာ အမျိုးသမီးတွေကတော့ရှားတယ်။ အမျိုးသားကတော့ အသက်မပြည့်သေးတဲ့ အသက် ၁၆ နှစ် ၁၇နှစ် နှစ်ဦး၊ ပြီးတော့ အသက် ၃၀ အောက်ကတစ်ဦး ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရတယ်” ဟု လားရှိုးပရဟိတ ကိုမြင့်ဇော်မောင်က ပြောသည်။

ယခုခေတ်လူငယ်များသည် ဆိုင်ကယ်ကို ကြမ်းတမ်းမောင်းနှင်ခြင်း ၊ယာဉ်စည်းကမ်း သိရှိမှု အားနည်းခြင်း မိဘများမှ အသက်မပြည့်သည့် လူငယ်များကို မောင်းနှင်ခွင့် မပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

တန့်ယန်း-ပန်ဆန်းလမ်း ဟုန်ပန်းခြံလမ်းခွဲအနီးမှာ ကားတစ်စီး မတော်တဆဖြစ်ပွားမှု

“မိဘတွေကို မှတ်ချက်ပြုချင်တာက အသက်မပြည့်တဲ့ သားသမီးတွေကို ဆိုင်ကယ်ပေးမမောင်းဖို့အတွက်၊
အသက်မပြည့်သေးတဲ့အတွက် ဒီကလေးတွေရဲ့ စဥ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက် မမှီသေးတဲ့ အတွက် ခနက ပြောသလို ယာဉ်မောင်းခြင်းတွေ မပေးသင့်ဘူး”ဟု ပရဟိတသမား ကိုမြင့်ဇော်မောင်က ဆိုသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်းတွင်လည်း နှစ်ပတ်အတွင်း ၃ ဦးသေဆုံးမှု အပါအဝင် အသက် ၁၈ နှစ် အမျိုးသမီးတစ်ဦးလည်း ယာဉ်တိုက်မှု မတော်တဆဖြစ်ပွားပြီး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည် ။

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နှင့် ပင်လုံမြို့တွင် နှစ်ပတ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ၃ဦး သေဆုံး ခဲ့သည်။ အဆိုပါ သေဆုံးသွားသည့် ၃ ဦးမှာ အမျိုးသား ၂ ဦးနှင့် အသက် ၁၈ နှစ်ရှိအမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“ကျမ တောင်ကြီးကအပြန် ဟိုပုံးအကွေ့ ရေအိုင်နားမှာလည်း မတော်တဆ ယာဉ်တိုက်တာ အမျိုးသားတစ်ဦး ဆုံးသွားတယ်။ ပင်လုံမှာလည်း မတော်တဆယာဉ်တိုက်မှုဖြစ်တော့ အမျိုးသားတစ်ဦး နဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးရတယ်“ ဟု ပင်လုံဒေသခံ နန်းအွမ်က ပြောသည်။

ယာဉ်မောင်းသည့်အခါတွင် စည်းစနစ်မောင်းနှင်ရန် နှင့် လျှင်မြန်စွာ မမောင်းရန်လိုအပ်ကြောင်း၊ ဖြစ်လာပါက မိမိနှင့် မိမိတို့ မိသားစုသာ ခံစားရမည်ဖြစ်ကြောင်း နန်းအွမ်က ပြောသည်။

ထို့အတူ သက်ဆိုင်ရာ ယာဉ်ထိန်း၊ ယာဉ်စည်းကမ်း ကျွမ်းကျင်သူတို့ အားလုံးပူပေါင်းပြီး အသိပညာပေး တို့ကို သက်ဆိုင်ရာ မိဘအုပ်ထိန်းသူ နှင့် လူငယ်များကို အသိပညာပေးပြီးမှသာလျှင် အကောင်းဆုံးလမ်းဟု လားရှိုး ပရဟိတ ဦးကိုနိုင်က ပြောသည် ။

“ဆိုင်ကယ်ဆိုတာ အပေါဆုံး ပစ္စည်းဖြစ်တယ် ။ သက်ဆိုင်ရာ ကျောင်းရယ်၊ မိဘရယ် ၊သက်ဆိုင်ရာ ယာဉ်ထိန်းတို့ ရဲတို့ အဲ့ဒါကို အားလုံးပူးပေါင်းပြီးတော့မှ အသိပညာပေး ဆောင်ရွက်မှ သာတတ်နိုင်မယ်” ဟု ပြောသည်။

အသက်မပြည့်သေးသည့် လူငယ်များကို ယာဉ်စည်းကမ်း ၊လမ်းစည်းကမ်း သိရှိစေရန်အတွက် မိဘထံနှင့် လူငယ်များကို အသိပညာပေးခြင်းများ ပြန်လည်ပြုလုပ်ပေးရန် ၊အသက် ငယ်သေးသည့် လူငယ်များကို ဆိုင်ကယ်စီးခွင့် မပေးရန်အတွက် လူငယ်များလည်း အသက်ဆုံးရှုံးမှု လျော့နည်းသွားမည်ဟု ဒေသခံများက တိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...