သီပေါမြို့နယ် ရုန်းရင်းဆန်ခတ်မှုရှိလာသည့် အတွက် ညမထွက်ရအမိန့်ကို ထုတ်ပြန်ရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းရှိ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားသဖြင့် မာရှယ်လော ထုတ်ပြန်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

သီပေါမြို့နယ်အတွင်း ရပ်ရွာ ငြိမ်းချမ်းရေးကို ထိခိုက်လာမှု၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားသည့်အတွက် ည (၈) နာရီ မှ မနက် (၄) နာရီအထိ ညမထွက်ရ အမိန့်ကို ဇွန် (၈) ရက်နေ့က ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

“ ကျနော်လည်း အသေးစိတ်တော့ မသိရဘူး။ မြို့ထဲမှာ ရုန်းရင်းဆန်ခတ် ပြဿနာတွေရှိတာကြောင့် အခုလို ရုတ်တရက် မာရှယ်လော ထုတ်လိုက်တာဖြစ်တယ်။ သူတို့ထုတ်ပြန်ချက်အတိုင်းဆိုရင်တော့ လူတစ်စုနဲ့သွားလာပြီးတော့ ပြည်သူတွေကို ဒုက္ခပေးနေတာလည်း ရှိတယ်လေ။ အဲ့ကြောင့် မာရှယ်လောထုတ်ပြန်လိုက်တာပါ” ဟု အထက်ပါ အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။

ထုတ်ပြန်ထားသည့် မာရှယ်လော

အလားတူ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း သီပေါမြို့ ဖြူစင်နှလုံးသား အသင်းသား အဖွဲ့တစ်ဦးမှ ညအချိန် လူနာပို့အပြန်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့က ပါးရိုက်သည်ကို ခံခဲ့ရကြောင်းသိရသည်။

“ အဲ့နေ့က သူတို့လူနာသွားပို့လာပြီးအပြန်မှာ ဖြစ်သွားတာတဲ့။ သူတို့ကားရှေ့မှာ ဆိုင်ကယ်အမြန် မောင်းဖြတ်လာတာ။ ပြီးတော့ ကားပေါ်က ဆင်းခိုင်းပြီး သေနတ်ထောက်ပြီးတော့ ခြိမ်းခြောက်သွားသေးတယ်တဲ့။ ကိုယ်ထိလက်ရောက်စော်ကားတာတွေလည်းရှိတယ်” ဟု ဖြူစင်နှလုံးသားအသင်း အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့ မာရှယ်လောထုတ်ပြန်ခဲ့သော်လည်း ညအချိန်တွင်း လူနာများရှိလာပါက ပုံမှန်အတိုင်း လူနာကို ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သီပေါမြို့ရှိ ပရဟိတအဖွဲ့ တစ်ချို့က ပြောသည်။

သို့သော် မာရှယ်လောထုတ်ပြန်ခြင်းကြောင့်လည်း မနက်ခင်း ဈေးသွားရောင်းသည့် ပြည်သူများအတွက်က ရှာဖွေစားသောက်ရာတွင် အခက်ခဲ အနည်းငယ်ရှိလာကြောင်းသိရသည်။

“ ဈေးသွားရောင်းတဲ့သူကတော့ အစောကြီးသွားရတယ်။ ဈေးထဲမှာ မနက်အစောကြီး ပစ္စည်းတွေသွားခင်းပြီး ရောင်းရတာလေ။ ပြီးတော့ ညဆိုရင်လည်း အလုပ်မပြီးတဲ့ ပြည်သူတစ်ချို့ကလည်း အလုပ်မပြီးတာတွေရှိတယ်။ ဒီလိုထုတ်လိုက်တော့ ရှာဖွေစားသောက်ဖို့အတွက် ပြည်သူတစ်ချို့တော့ ခက်ခဲတာပေါ့” ဟု သီပေါမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ညမထွက်ရအမိန့်ကို ဖြေလျော့ပေးခဲ့ပြီးနောက် လက်ရှိ သျှမ်းပြည်အတွင်း သီပေါမြို့သည် ပထမဆုံး ညမထွက်ရအမိန့် မာရှယ်လောကို ပြန်လည်ထုတ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...