Thursday, April 18, 2024

မင်္ဂလာမူဆယ်အနီး ပါဂျဲရိုးကားဖြင့် လာပြီး ကားခိုးသွား

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မင်္ဂလာမူဆယ်အနီးတွင် ကားစက်နှိုးထားသည့် ကားကို ခိုးယူမောင်းနှင်သွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇွန် (၂၀) ရက် ည (၁၀) နာရီခွဲဝန်းကျင်တွင် ကားသမားတစ်ဦး ကားစက်နှိုးပြီး ပစ္စည်းချနေချိန် ဓားပြတစ်စုက ကားစီးလာပြီး ကားပေါ်ဆင်းကာ ကားစက်နှိုးထားသည့် ကားသမား၏ ကားထဲတွင် အမျိုးသမီးတစ်ဦးရှိထားသော်လည်း ဓားပြက ကားကိုမောင်းပြေးသွားကြောင်း မင်္ဂလာမူဆယ် အိမ်ယာအနီးနေထိုင်သူ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

မင်္ဂလာမူဆယ်အနီး ကားခိုးမှု CCTV မှတ်တမ်း

“ကားပေါ်က ပစ္စည်းချနေချိန် ကားထဲမှာ အမျိုးသမီးတစ်ယောက်ရှိတယ်။ ကားစက်လဲနှိုးထားချိန် ဓားပြတိုက်တဲ့အဖွဲ့က ကားထဲဝင်လာပြီး မောင်းသွားတယ်။ ကားလဲရသွားတယ်။ လမ်းတဝက်ရောက်တော့ ကားထဲက အမျိုးသမီးက ကားပေါ်ခုန်ချတယ်” ဟု အဆိုပါ အမျိုးသား တစ်ဦး က ထပ်လောင်းပြောသည်။

ဓားပြလာတိုက်သည့် အဖွဲ့သည် ပါဂျဲရိုး ကားများစီးလာပြီး ထိုကားမောင်းပြေးသွားသည့် သူသည် အမျိုးသား တစ်ဦးသာ ဖြစ်ကြောင်း CCTV မှတ်တမ်းအရ သိရသည်။

“ဓားပြတိုက်တဲ့သူက တစ်ယောက်တည်းမဟုတ်ဘူး။ အဲ့ဒီနီးနားမှာက လုံခြုံရေးသိပ်မရှိဘူး။ ပြည်သူ့စစ်တွေလည်းများတယ်။ အဲ့မှာက လောင်းကစားတွေလည်း များတယ်။ လုံခြုံရေးယူတဲ့အဖွဲ့တွေလည်း ပြည်သူတွေအတွက် လုံခြုံရေးယူတာမဟုတ်ဘူး သူတို့ လောင်းကစားတွက်ပဲ လုံခြုံရေးယူကြတာ” ဟု မူဆယ်ဒေသခံ တစ်ဦး ကပြောသည်။

အလားတူ ဇွန် (၆) ရက်က မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်တစ်ဦး နေအိမ်မှ ထွက်လာစဥ် လူတစ်စုက ကားဖြင့် ရောက်လာပြီး ပြည်သူ့စစ်ကို ထုရိုက်ကာ ကားကို လုယူထွက်ပြေးသွားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article