Friday, April 26, 2024

တောင်ကြီးမြို့လယ် မီးပွိုင့်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့လယ် မီးပွိုင့်အနီး ယနေ့ ဇွန် ၂၄ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိုအနီးနားတွင် ရှုပ်ယှက်ခတ်မှုဖြစ်သွားပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

တောင်ကြီးမြို့

“ အသံအကျယ်ကြီးကြားရတာ။ လူထိခိုက်မှုတော့ မရှိဘူးတဲ့။ ဗုံးတစ်လုံးပဲ ပေါက်ကွဲတာပါ။ ပေါက်ကွဲပြီးတော့ အဲ့နားမှာ ခနလောက်တော့ ရှုပ်ယှက်ခတ်သွားတာပေါ့။ ဘယ်သူကလာထောင်ထားတဲ့ဗုံးလည်းတော့ မသိရဘူး” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်ထိ ထိုဗုံးပေါက်ကွဲမှုကြောင့် မည်သူလက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

Leave a Comments

- Advertisement -spot_img

Latest article