သီပေါ အမျိုးသမီးတစ်ဦး ပျောက်ဆုံး

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နားမွန်းကျေးရွာနေ သျှမ်းအမျိုးသမီးငယ်တစ်ဦးသည် တလနီးပါး အဆက်အသွယ်မရ ပျောက်ဆုံးနေသည့်အတွက် မိဘများက စိတ်ပူနေကြောင်း သတင်းသိရသည်။

ဇွန်လ ၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားပြီး ယနေ့အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေသည့် သီပေါမြို့ နားမွန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် နန်းအောင်ခမ်းသည် ရောက်ရာအရပ်မှ ပြန်လာရန် မိဘများက တောင်းဆိုထားသည်။

“အိမ်ကနေသူငယ်ချင်းနဲ့ မြို့ထဲသွားလည်မယ်လို့ ပြောပြီးထွက်သွားတာပါ၊ အဲ့နေ့ ဇွန် ၂ ရက်နေ့ ညနေအထိ အိမ်မရောက်သေးလို့ ကျနော်ဖုန်းဆက်ကြည့်တော့ လားရှိုးရောက်နေပြီ၊ ဒီက စားသောက်ဆိုင်မှာ အလုပ်လုပ်မယ် ဆိုပြီးတော့ပဲ သိရတယ်၊ ကျန်တာကျနော်တို့ကို ဘာမှ မပြောဘူး၊ ဒီနောက်ပိုင်းလည်း ဘာအဆက်အသွယ်မှ ထပ်မရတော့ဘူး” ဟု နန်းအောင်ခမ်း၏ ဖခင်ဖြစ်သူ လုံးအောင်လှ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

နန်းအောင်ခမ်း

နန်းအောင်ခမ်းသည် လုံးအောင်လှ နှင့် ပါခမ်းအိမ်တို့၏ အကြီးဆုံး သမီးဖြစ်ပြီး မွေးချင်းမောင်နှမစုစုပေါင်း ၇ ယောက်ရှိကြောင်းလည်း သတင်းသိရသည်။

လက်ရှိတွင် အဆက်အသွယ်မရပျောက်ဆုံးနေသည့်အတွက် မသမာလူတစ်စုနှင့်တွေ့ပြီး အန္တရာယ်ဖြစ်မှာကို စိုးရိမ်နေကြောင်းနှင့် မသင့်တော်သည့် နေရာရောက်သွားမည်ကို စိုးရိမ်နေကြကြောင်း မိဘများက ပြောဆို ထားသည်။

“မိန်းကလေးမို့ အရာရာကို စိတ်ပူရပါတယ်၊ မကောင်းတဲ့သူနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ၊ အခုက အဆက်အသွယ် လည်း မရတော့ ဘယ်ကနေ ဘယ်လိုလိုက်ရမှန်းမသိဘူး၊ သူ့ကို အိမ်ပြန်လာစေချင်ပါတယ်” ဟု အဖေဖြစ်သူက ဆက်လက်ပြောဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့မှာလည်း ကွတ်ခိုင်မြို့မှ လူငယ်တစ်ဦး အဆက်အသွယ်မရ ပျောက်ဆုံး ပြီးနောက်တစ်နေ့တွင် အမည်မသိလူတစ်စုမှ အဆိုပါ ပျောက်ဆုံးလူငယ်ပြန်လိုချင်ပါက ပိုက်ဆံနှင့် လာရောက် လဲလှယ်ရန် ပြောဆို ခြိမ်းခြောက်မှုများရှိနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ကွတ်ခိုင်မြို့မှာပင် ကလေးငယ်တစ်ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည် ဖြစ်စဥ်များ ဖြစ်ပွားခဲ့ဖူးသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါအဝင် တစ်နိုင်ငံလုံးမှ တရားဥပဒေစိုးမိုးမှုများ ကင်းမဲ့လာပြီး ဥပဒေမဲ့လုပ်ရပ်များလည်း တစ်နေ့တစ်ခြား ပိုမိုများပြားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...