လွိုင်လင်ခရိုင်အတွင်း မြေမြှုပ်မိုင်းကြောင့် တောင်ယာသွားဖို့ ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားနေသည့် ဒေသများတွင် မြေမြှုပ်မိုင်းများရှိနေသည့်အတွက် ပြည်သူများ တောင်ယာသွားရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

မြေမြှုပ်မိုင်း ပေါက်ကွဲမှု ပုံရိပ်

လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ်၊ ပင်လုံမြို့တွင် တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ဖြစ်ကြသည့် မြောက်ပိုင်းမဟာမိတ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ယမန်နှစ် ၂၀၂၁ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် မြေမြှုပ်မိုင်းများရှိလာကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးအထက် ရှိကြောင်း သိရသည်။

အဆိုပါ မြေမြှုပ်မိုင်းကြောင့် ဒေသခံများက ရာသီစာ ဟင်းသီးဟင်းရွက်များကို တောတောင်ထဲသို့ သွားရောက် ရှာဖွေရန် အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း မိုင်းကိုင်မြို့နယ် ဒေသခံများကပြောသည်၊

“တပ်ပေါင်းစု နဲ့ RCSS နဲ့ တိုက်ပွဲဖြစ်ပြီးကတည်းက ကျမတို့ တောတောင်ထဲ မသွားလည်ရဲဘူး။ တောတွေထဲမှာလဲ မြစ်၊ မှို၊ ဟင်းသီးဟင်းရွက် တွေသွားမရှာရတော့ဘူး။ သွားမရှာရဲဘူး။ ဒီအချိန်ကလည်း စားဝတ်နေရေးအတွက် ခက်ခဲနေတဲ့ အချိန်ဖြစ်တယ်လေ။ တောထဲမှာ ဟင်းသီးဟင်းရွက်မရှာနိုင်တော့ ဈေးထဲသွားဝယ်နေရတယ်” ဟု အမည် နှင့် နေရာ မဖော်လိုသည့် ဒေသခံ အမျိုးသမီးက ပြောသည်။

အလားတူ လဲချားမြို့အတွင်းနေထိုင်သည့် အမျိုးသမီးတစ်ဦးက “ကျမအရင်က ရွာပြန်ပြီးတော့ တောထဲမှာ ဟင်းသွားရှာတယ်။ ပြီးတော့ မြို့မှာ ပြန်လာရောင်းတယ်လေ။ အခုက ကျမလည်း ရွာပြန်ရင်လည်း တောထဲ မသွားရဲဘူး။ ဟင်းတွေလည်း ဈေးထဲမှာပဲဝယ်ဖြစ်တော့တယ်” ဟု ပြောသည်။

ထိုအပြင် မြေမြှုပ်မိုင်းများ ရှိထားသောကြောင့် ပြည်သူများက ကျွဲ၊ နွားများကိုလည်း ကိုယ်တိုင် ကျက်စားရန် အတွက် ကွင်းပြင်သို့ မပို့ထားရဲတော့ကြောင်း သိရသည်။

“ ကျွဲ၊နွားတွေ ကျက်စားဖို့လည်း နေရာက ရှားလာပြီး။ အရင်လို လွှတ်ချင်တဲ့နေရာကို လွှတ်လို့မရတော့ဘူး။ သူတို့ကိုလည်း မိုင်းသွားနင်းမိမှာကို စိုးရိမ်တယ်။ ကျွဲ၊ နွားတွေက တစ်နေရာထဲပဲ သွားလာပြီး ရှာစားနေတာ မဟုတ်ဘူး။ သူတို့မြေမြှုပ်မိုင်း နင်းမိလို့ သေသွားရင်လည်း တစ်ကောင်ကို ၄ သိန်းလောက်ရမဲ့အစား ၁ သိန်း လောက်ပဲပြန်ရမယ်” ဟု အထက်ပါ အမည် နှင့် နေရာမဖော်လိုသည့် ဒေသခံက ပြောသည်။

ထိုသို့ မြေမြှုပ်မိုင်းကြောင့် ပြည်သူများ စားဝတ်နေရေးခက်ခဲသောကြောင့် ပြန်လည်ဖြေရှင်းပေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များကို တောင်းဆိုကြသည်။

“ ကျနော်တို့ နယ်မြေတွေမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တွေကို ကျနော်တို့ တောင်းဆိုချင်ပါတယ်။ ဘယ်လက်နက်ကိုင်မဆိုပေါ့။ ဒီမြေမြှုပ်မိုင်းတွေကို ပြန်လာဖြေရှင်းပေးကြပါ။ ကျနော်တို့ ပြည်သူတွေက စားဝတ်နေရေးခက်ခဲနေပြီး သွားလာရတာလည်း ခက်ခဲနေရပါတယ်” ဟု ဒေသခံပြည်သူများက တောင်းဆိုကြသည်။

လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ်၊ လဲချားမြို့နယ် နှင့် ပင်လုံမြို့တို့တွင် လက်ရှိ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုက သွားလာလှုပ်ရှားနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...