Friday, April 19, 2024

မူဆယ်မြို့သေနတ် ပစ်ခတ်သံဆက်တိုက်ကြားရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဇွန် ၂၃ရက် အကူး မနက် ၁နာရီ တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ် သံများကြောင့် ပြည်သူများ အိပ်စက်မရ ထိတ်လန့်တုန်လှုပ်နေကြောင်းသတင်းသိရသည်။

မူဆယ်မြို့

ဇွန် ၂၃ရက် (မနက်) ၁ နာရီအချိန်မှစတင်ကာ မူဆယ်မြို့ ဆုတောင်းတောင်အနီးမှ ကောင်းမူးတုန် ရပ်ကွက် အုပ်စု ဟိုနားနယ်မြေဘက်သို့ ပစ်ခတ်သည့် လက်နက်ကြီး လက်နက်ငယ်အသံများ ထွက်ပေါ်ကြောင်း ဒေသခံများက ပြောသည်။

“စစပစ်တုန်းက သေနတ်အသံတွေကြားရတယ်၊ ၁၀ ချက်လောက်ဆက်တိုက်ကြားရပြီး ၁၀ မိနစ်လောက်ကြာ တော့ လက်နက်ကြီးသံတွေကိုလည်း ကြားရတယ်၊ ဘာကို ပစ်လို့ပစ်မှန်းမသိဘူး၊ ၁ နာရီကျော်ကြာတယ်၊ အသံ တွေ ဆူညံနေတော့ အိပ်လို့လည်း မရ ထိတ်လန့်တုန်လှုပ်နေကြတယ်” ဟု မူဆယ်မြို့နေ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကြီးငယ် ပစ်ခတ်မှုများသည် အချိန် ၁ နာရီကျော်ကြာပြီး ဆုတောင်းတောင်အနီးရှိ စစ်ကောင် စီတပ်ဖွဲ့များနှင့် ဒေသအတွင်းမှ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းပစ်ခတ်ခြင်း ဖြစ်မည်ဟု ယူဆကြောင်း ဒေသခံများ က ပြောသည်။

ထို့အပြင် မကြာခဏပစ်ခတ်သံများကြောင့် ဒေသခံပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အပြင် စိုးရိမ်မှုများလည်း တစ်နေ့တစ်ခြား များပြားလာကြောင်းသိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံနှင့် အဖွဲ့အစည်းပေါင်းစုံလည်း ရှိနေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့တို့ကလည်း အကြောင်းရင်းမရှိ လက်နက်ပစ်ခတ်မှု မကြာခဏလုပ်လေ့ရှိကြောင်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article