ဖားကန့် သျှမ်းနီ စာ/ယဥ် နာယက ပစ်သတ်ခံမှုအပေါ် သျှမ်းနီလူထု စိုးရိမ်ကြောက်လန့်နေ

ကချင်ပြည် ဖားကန့်မြို့နယ် သျှမ်းနီ စာပေနှင့် ယဥ်ကျေးမှု နာယက ဦးသန်းဖေ ပစ်သတ်ခံရမှုကြောင့် သျှမ်းနီပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ဖားကန့် သျှမ်းနီ စာပေ/ယဥ်ကျေးမှု

ပြီးခဲ့သည့် ဇွန် ၂၅ ရက် ည ၆ နာရီဝန်းကျင်တွင် ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာမှ ကျေးရွာအုပ်စုလုံး ဆိုင်ရာ သျှမ်းနီစာ/ယဉ် ကော်မတီနာယက ဦးသန်းဖေသည် နေအိမ်တွင်ရှိနေစဥ် သေနတ်ဖြင့် ပစ်သတ်ခံရမှုသည် လူမျိုးတစုအပေါ် ရည်ရွယ်ချက်ရှိရှိလုပ်ကြံကြောင်း၊ လူမျိုးရေး ပဋိပက္ခဖန်တီးရာ ရောက်ကြောင်း ဖားကန့်ဒေသခံ သျှမ်းနီ လူထုများက ပြောဆိုလိုက်သည်။

“ကျနော်သိရသလောက်ပြောရရင် အမျိုးသားလူငယ် နှစ်ယောက်က ဆိုင်ကယ်နဲ့ ခေါင်းပိုင်းကို သုံးချက်ချိန်ပစ် သွားတယ်၊ အိမ်ဝိုင်းထဲကို လာပစ်သွားတာ၊ ညလည်းဖြစ်နေတော့ ဘယ်သူဘယ်ဝါမှန်းမသိလိုက်ရဘူး” ဟု ဖားကန့် မှ အသက် ၂၅ နှစ်အရွယ်ရှိ သျှမ်းနီလူငယ်အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပစ်သတ်ခံရသူ ဦသန်းဖေသည် အသက် (၆၀) ကျော်ရှိနေပြီး နှစ်ပေါင်းများစွာ သျှမ်းနီအရေးကို ဆောင်ရွက်နေသူ ဖြစ်သည့်အပြင် ပြီးခဲ့တဲ့ (၁၀) စုနှစ်ကျော်ကတည်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ် ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ သျှမ်းနီစာ/ယဥ်နာယက ပစ်သတ်ခံလိုက်ရခြင်းနှင့် ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ခုမှ သျှမ်းနီ ပြည်သူလူထုများကို တရားမဲ့ ဆောင်ရွက်နေကြသော လုပ်ရပ်ဖြစ်ကြောင်း ရှမ်းနီတပ်မတော် (SNA) မှ ပြီးခဲ့ သည့် ဇွန်လ ၂၇ ရက်တွင် ထုတ်ပြန်လာခဲ့သည်။

ထို့အပြင် ယခုလို နိုင်ငံရေး မငြိမ်မသက်ဖြစ်နေချိန် လူမျိုးတစ်မျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေသည်ဟု မြင်မိကြောင်း သျှမ်းနီပါတီမှ တာဝန်ရှိ အမျိုးသမီးတစ်ဦးက သျှမ်းသံတောင်ဆင့် ကိုပြော သည်။

“အခုဖြစ်ပျက်နေတဲ့ လုပ်ရပ်မျိုးက တော်လှန်ရေးကို အကြောင်းပြပြီး လူမျိုးတစ်မျိုးကို နိုင်ငံရေး၊ စစ်ရေး ပစ်မှတ်ထားနေတယ်လို့ ထင်မိတယ်၊ ပြီးရင် တော်တော်ကို အောက်တန်းကျတဲ့ နိုင်ငံရေးလုပ်ကြံမှုမျိုးလို့ ပြောရမှာ၊ ဒီလူမျိုးတစ်မျိုးအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ခံစားမိတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့မှ ဗန်းမောက်တောင်ပိုင်း မံကပ်ကျေးရွာတွင် သျှမ်းနီလူငယ်ကွန်ယက်တာဝန်ခံ ဒု ဥက္ကဌ လူငယ်တစ်ဦးကို KIA လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ PDF တပ်ဖွဲ့တစ်ဖွဲ့မှ ၅ ရက် ကြာ ဖမ်းဆီးရိုက်နက်ခံရပြီးနောက် ပြန်လည်လွတ်ပေးခဲ့သည့် ဖြစ်စဥ်လည်းဖြစ်ပွားခဲ့သည်။

သျှမ်းနီ စာ/ယဥ် ကျေးရွာအုပ်စုနာယက ပစ်သတ်ခံရခြင်းသည်လည်း KIA လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဆက်စပ်ပတ်သက်သည်ဟု ဒေသခံများက ပြောဆိုသော်လည်း သျှမ်းသံတော်ဆင့် မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းကိစ္စ ဖြစ်စဥ်များနှင့် ဆက်စပ်ပတ်သက်ပြီး အသေးစိတ်ဖြစ်စဥ်များကို သိရှိနိုင်ရန်အတွက် KIA ပြောရေးဆို ခွင့်ထံသို့ နှစ်ရက်ဆက်တိုက် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။